MNDAA က ပြန်ပေးဆွဲ၊ လူသတ်မှုကျူးလွန်သူ ၆ ဦးကို သေဒဏ်စီရင်

ထိန်းချုပ်ဒေသများအတွင်း ပြန်ပေးဆွဲလူသတ်မှုများကျူးလွန်သူ ၆ဦးကို သေဒဏ်စီရင်လိုက် ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ယနေ့(ဒီဇင်ဘာ ၅ရက်) ထုတ်ပြန်သည်။

လူသတ်မှုအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို MNDAA အထူးဒေသ (၁)တရားစီရင် ရေးဌာနတာဝန်ရှိသူများက စီရင်ချက်ချခဲ့ပြီး ၆ ဦးကို သေဒဏ်စီရင်ခြင်းဟု သတင်းရရှိသည်။

သေဒဏ်စီရင်ခံရသည့် ၆ ဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်သည်။ အဆိုပါ အမျိုးသမီးသည် ၎င်း၏ခင်ပွန်းဖြစ်သူအား သတ်ဖြတ်မှုကျူးလွန်ခဲ့သူဖြစ်ကြောင်း MNDAAနှင့် နီးစပ်သူအချို့က ပြောသည်။

MNDAA အထူးဒေသ(၁) တရားစီရင်ရေးဌာနက လောက်ကိုင်မြို့ရှိ လူမြင်ကွင်းတစ်နေရာတွင် ယနေ့ (ဒီဇင်ဘာ ၅ ရက်)နံနက်ပိုင်း၌ တရားစီရင်ခဲ့ခြင်း ဖြစ်သည်။ ကျန် ၁၅ ဦးကို ဆက်လက်ထိန်းသိမ်းထားသည်ဟု ဆိုသည်။

MNDAA သည် ပြီးခဲ့သည့် ဧပြီကလည်း လောက်ကိုင်မြို့အတွင်း လူသတ်မှုနှင့် ပြန်ပေးဆွဲမှုကျူးလွန်သူ သုံးဦးအား သေဒဏ်စီရင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိန်းချုပ်ဒေသများအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ရက်စက်ကြမ်းကြုတ်သည့်နည်းလမ်းဖြင့် သေဆုံးအောင်လုပ်ဆောင်မှုများ ကျူးလွန်ပါက သေဒဏ်၊ ထောင်ဒဏ်တသက်တကျွန်းနှင့် ၁၀နှစ်ထက်မပိုသော ပြစ်ဒဏ်များချမှတ်မည်ဟု ပြီးခဲ့သည့် ပြီးခဲ့သည့် မေလတွင် MNDAA က ထုတ်ပြန်ထားသည်။

(ပြစ်ဒဏ်စီရင်ခံရသူများအား MNDAA က ခေါ်ဆောင်လာစဉ်နှင့် ကြည့်ရှု့နေသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ – MNDAA)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top