ထားဝယ်တွင် စစ်တပ်စခန်း ၃ ခုနှင့် စစ်ကူယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အများအပြားသေဆုံးဟုဆို

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်တပ်စခန်း ၃ ခုနှင့် စစ်ကူယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ် သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာလ ၃ ရက်နေ့က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဟားလီးကွေ့အနီး တပ်စွဲထား သောအကြမ်းဖက်စစ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ် ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို ထားဝယ်မြို့မှ စစ်ကူကား ၇ စီးဖြင့် စစ်ကူဆင်းလာရာ ပြည် သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်ဟန့်တားတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီ ခန့် အကြာဖြစ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်စစ်ကူ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်မှု အတွင်း ယာဥ် ၄ စီး ပျက်စီးရပ်တန့်သွားခဲ့ကာ ယာဥ်ပေါ်တွင်လိုက်ပါလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၃ ဦး မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးပစ်ကူပေးနေသော အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၀၄ အမြောက်တပ်၏ စစ်တန်း လျားကိုလည်း TPLF Drone Team မှ ဒရုန်းဖြင့် ၂ ကြိမ် ဗုံးသီး ကျဲချတိုက်ခိုက်ခဲ့သည့်အပြင် ရေဖြူမြို့နယ်အခြေစိုက် ခမရ ၄၀၆ တပ်ရင်းရှိ အရာရှိအိမ်ရာကို လည်း ဒရုန်းဖြင့် ၁ ကြိမ် ဗုံးသီးကျဲ ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲ ၄ ကြိမ်မှာ စုစုပေါင်း ၃၀ ကျော်သေတယ်၊ အများအပြား ဒဏ်ရာအပြင်းအထန်ရတယ်။ တိုက် ပွဲက ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။ ကျနော်တို့ဘက်က ရဲဘော်တွေအားလုံး ဘေးကင်းပါ တယ်။ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးဝေးနေပေးကြဖို့နဲ့ အသွားအလာ သတိရှိကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF ပါဝင်သည့် သာဂရစစ်ကြောင်း ၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်‌တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ က္လားသစ္ဏတ် (ကျားသစ်နက်)၊ ဘီလုံးပျောက်ကြားတပ်ဖွဲ့ နှင့် ဖက်ဒရယ်ဓူဝံတပ်ဖွဲ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *