စစ်ကြောင်းထိုးရန် မြေပြင် ထောက်လှမ်းရေး လုပ်ဆောင်ခဲ့သော ရာအိမ်မှူး စိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး

ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းထိုးရန် မြေပြင် ထောက်လှမ်းရေး လုပ်ဆောင်ခဲ့သော ရာအိမ်မှူး စိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးရန် မြေပြင် ထောက်လှမ်းရေး လုပ်ဆောင်ခဲ့သော ရာအိမ်မှူး စိုးနိုင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် ၊ ဥယျဉ်ကြီးအုပ်စု ၊ အေးရွာလေးရွာ ရာအိမ်မှူးစိုးနိုင်ကို ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ မှ တော်လှန်ရေး ရဲဘော်များကက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရာအိမ်မှူး စိုးနိုင်သည် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးရန် မြေပြင် ထောက်လှမ်းရေး လုပ်ဆောင်ပေးခြင်း၊ PDF ရဲဘော်များ၏ လှုပ်ရှားမှုများကို ကွင်းချောင်းရွာ အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင်နှင့် စစ်ကောင်စီ အထိုင်ချ စခန်းကို အမြဲ သတင်းပေးပို့နေသူ ဖြစ်သောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီကောင်ရဲ့ လှုပ်ရှားပုံက ရာအိမ်မှူးက နှုတ်ထွက်ပြီဆိုပြီး မထွက်ဘဲ တော်လှန်ရေး အဖွဲ့တွေကိုလည်း ချည်းကပ် ပေါင်းသင်းခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာ တိုက်ပွဲတွေ အပြင်းအထန်းဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေ ဆုတ်ပေးလိုက်ရတဲ့အချိန်ကစပြီး သူ့ရဲ့လျှို့ဝှက် သတင်းပေးတာတွေ ပေါ်လာတယ်။ အေးရွာလေးရွာ၊ ဥယာဥ်ကြီးရွာ၊ ရုံးချောင်းရွာတွေ ဖျက်ဆီးခံရတဲ့ အထဲမှာ သူသတင်းပေးတာတွေပါတယ်။ ရာအိမ်မှူးစိုးနိုင်က သူ့မိသားစုတောင် အားမနာဘူး။ စိုးနိုင်ရဲ့ မိသားစု တချို့တဝက်က နိုင်ကျဉ်းတွေ CDM လုပ်ထားတဲ့သူတွေ ဒါတွေကိုအားမနာဘဲ ရာအိမ်မှူး သတင်းပေး လုပ်နေတဲ့အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *