စစ်သားအချင်းချင်း စိတ်ဝမ်းကွဲစေရန်၊ စည်းလုံးမှု ပြိုကွဲစေရန်နှင့် စစ်တပ်ကို ဖြိုခွဲရန် မီဒီယာများက တိုက်ခိုက်နေ၍ နားမယောင်ကြရန် အကြမ်းဖက် မင်းအောင်လှိုင် ထပ်ပြောပြန်

စစ်သားအချင်းချင်း စိတ်ဝမ်းကွဲစေရန်၊ စည်းလုံးမှု ပြိုကွဲစေရန်နှင့် စစ်တပ်ကို ဖြိုခွဲရန် မီဒီယာများက တိုက်ခိုက်နေ၍ နားမယောင်ကြရန် အကြမ်းဖက် မင်းအောင်လှိုင် ထပ်ပြောပြန်

စစ်သားအချင်းချင်း စိတ်ဝမ်းကွဲစေရန်၊ ပြည်သူနှင့်စစ်တပ် စည်းလုံးမှု ပြိုကွဲစေရန်နှင့် စစ်တပ်ကို ဖြိုခွဲရန် မီဒီယာများက တိုက်ခိုက်နေသဖြင့် နားမယောင်ကြရန် လိုအပ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံ ပြောဆိုပြန်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ပြင်ဦးလွင် စစ်တက္ကသိုလ်အပတ်စဉ် ၆၆ သင် တန်းဆင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ထပ်မံ ပြောဆိုလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် သတင်းအတု သတင်းအမှားများကြောင့် တည်ငြိမ်အေးချမ်းရေး ပျက်စီးနေသည်ဟု မင်းအောင်လှိုင်က အကြိမ်ကြိမ် ပြောဆိုနေခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ကာလတွင် ဆိုရှယ်မီဒီယာကို လက် နက်သဖွယ် အသုံးပြု၍ အစိုးရနှင့်ပြည်သူ၊ စစ်တပ်နှင့် ပြည်သူ သွေးကွဲစေရန်၊ စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် ထိုးနှက် တိုက်ခိုက်လျက်ရှိကြောင်း၊ အထူး သဖြင့် စစ်သားအချင်းချင်း စိတ်ဝမ်းကွဲစေရန် လည်း သတင်းအတု သတင်းအမှားများဖြင့် ထိုးနှက် တိုက်ခိုက်နေကြောင်း ပြောဆိုသည်။

ထို့ကြောင့် စစ်တပ်ဖြိုခွဲရေး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသော သတင်းအတု သတင်းအမှားကို နားမယောင်စေရန် သတင်းအတု၊ သတင်းအမှားများကြောင့် ယုံကြည်ချက်၊ ခံယူချက် မယိမ်းယိုင်သွားစေရန် တပ်တွင်း စည်းလုံးညီညွတ် ခိုင်မာအားကောင်းစေရန် စည်းရုံးလုပ်ဆောင်ကြရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

စစ်တပ်ကို ဆန့်ကျင်သော လူပုဂ္ဂိုလ်များနှင့် မီဒီယာများက ပူးပေါင်း၍ စစ်တပ်ပုံရိပ်ကျဆင်းစေရန် ပြောဆိုရေးသားနေကြကြောင်း၊ အဆိုပါလုပ် ဆောင်ချက်များကြောင့် တပ်မတော်အပေါ်တွင်သာမက တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုအပေါ် ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း၊ ဆန့်ကျင်ဘက်အဖွဲ့များနှင့် မီဒီယာများ ၏ လုပ်ရပ်အပေါ် တပ်ပြင် စည်းရုံးရေးလုပ်ငန်းများကို အလေးထား လုပ် ဆောင်သွားရမည်ဖြစ်ကြောင်း မင်းအောင် လှိုင်က ဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် လုံခြုံရေး အလွန်စိုးရိမ်ရသည့်အတွက် ပြင်ဦးလွင်သို့ ခိုးကြောင်ခိုးဝှက် သွားရောက်ခဲ့ရပြီး စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ တက်ရောက်နေချိန်တွင်လည်း ပြင်ဦးလွင်တစ်မြို့လုံးကို အထူးလုံခြုံရေး တင်း ကျပ်ထားခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *