မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိနှင့်စစ်သားများ သေဆုံးပြီး လေယာဉ် ၂ စီးပျက်စီးဟုဆို

မှော်ဘီလေတပ်တိုက်ခိုက်ခံရပြီး အရာရှိစစ်သည် ၁၅ ဦးသေ၊ လေယာဉ် ၂ စင်း ပျက်စီး

ရန်ကုန်၊ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခဲ့ပြီး လေတပ်အရာရှိနဲ့ စစ်သည် ၁၅ ယောက် သေဆုံးပြီး ထောက်ပို့လေယာဉ် ၁ စင်းနဲ့ တိုက်ခိုက်ရေးလေယာဉ် ၁ စင်း ပျက်စီးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီဇင်ဘာ ၇ ရက် ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

မှော်ဘီလေတပ်စခန်းက လေယာဉ်ရုံတွေကိုပစ်မှတ်ထားပြီး ဒီဇင်ဘာ ၆ ရက်၊ ည ၁၀ နာရီလောက်က ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးကို အောင်အောင်မြင်မြင် ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ ၃ ယောက်နဲ့ စစ်သည် ၁၂ ယောက်သေဆုံးပြီး Y 8 လေယာဉ် ၁ စင်းနဲ့ Y 12 လေယာဉ် ၁ စင်း ပျက်စီးခဲ့သလို လေတပ်စီမံခန့်ခွဲရေး လေအုပ်မှူးကြီး အပါအဝင် အရာရှိ ၂ ယောက်နဲ့ တခြား အဆင့်စစ်သည် ၅ ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့တာကို ကနဦး စုံစမ်း သိရှိရတယ်လို့လည်း ဆိုပါတယ်။

ဂိုဒေါင်၊ ပြေးလမ်းနဲ့ စီမံခန့်ခွဲရုံးတို့လည်း မီးလောင်ပျက်စီးခဲ့ပြီး နောက်ထပ် ထိခိုက်တဲ့ အခြေအနေတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှော်ဘီမြို့ခံတွေကတော့ ညဘက်က ပေါက်ကွဲသံ အကျယ်ကြီး ၄ ကြိမ်ကြားခဲ့ရတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့နဲ့ မဟာမိတ် Shadow SAF အဖွဲ့တို့ ပူးပေါင်းပြီး BWM ရဲ့ Mission 25 အနေနဲ့ရော Shadow SAF အဖွဲ့ရဲ့ Urban Special Operation -U.S.O အနေနဲ့ရော လုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မှော်ဘီလေတပ်ဟာ ကရင်နီ၊ ကရင်၊ မွန်နဲ့ တနင်္သာရီကမ်းရိုးတန်းကို အဓိက လေကြောင်း တိုက်ခိုက်နေတဲ့ လေတပ်စခန်းဌာနချုပ်ဖြစ်သလို နိုင်ငံတကာက စစ်နဲ့ အရေးကြီး ပစ္စည်းတွေကို လက်ခံဖြန့်ဖြူးတဲ့ အဓိကကျတဲ့ လေတပ်စခန်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တရုတ်ကလာတဲ့စစ်လက်နက်ပစ္စည်းတွေကိုထားတဲ့ အထိုင်စခန်းလည်း ဖြစ်တာကြောင့် အခုလိုတိုက်ခိုက်တာဖြစ်ပြီး လေတပ်ပြိုမစ်ရှင်တွေကိုလည်း BWM က မဟာမိတ်အဖွဲ့တွေနဲ့အတူ တစိုက်မတ်မတ်ဆက်လက်ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မှော်ဘီလေတပ်စခန်းကို တော်လှန်ရေးတပ်တွေက မကြာခဏဆိုသလို တိုက်ခိုက်လေ့ရှိပြီး အောက်တိုဘာနဲ့ နိုဝင်ဘာလတုန်းကလည်း ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး ထောက်ပို့လေယာဉ် ၂ စီးပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ဒီဇင်ဘာလ ၆ ရက် ည ၉ နာရီ ၄၃ မိနစ်အချိန်က ရန်ကုန်မြို့၊ မှော်ဘီလေတပ်စခန်းအတွင်းရှိ Y -12 တိုက်ခိုက်ရေးစစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံ (Hangar) သို့ ပစ်မှတ်ထား၍ ၁၀၇ မမ ရှော့ တိုက်ဒုံး ၅ လုံး ဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း Y-8 ထောက်ပို့စစ်လေယာဥ်တစ်စင်း နှင့် Y-12 တိုက်ခိုက်ရေး စစ်လေယာဥ် တစ်စင်းထိခိုက်ပျက်စီးခဲ့သည့် အပြင် ဂိုဒေါင်၊ပြေးလမ်း နှင့် စီမံခန့်ခွဲသော ရုံးတို့လည်း မီးလောင်ပျက် စီးသွားကြောင်း၊ လေတပ်အရာရှိ ၃ ဦးနှင့် စစ်သည် ၁၂ ဦး စုစုပေါင်း ၁၅ ဦး‌ သေဆုံးပြီး လေတပ် စီမံ ခန့်ခွဲရေး လေအုပ်မှူးကြီး အပါအဝင် အရာရှိ ၂ ဦး နှင့် အခြား အဆင့်စစ်သည် ၅ ဦးပြင်းထန်စွာဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

ယခုထုတ်ပြန်မှုသည် ကနဦးစုံစမ်းသိရှိရခြင်းဖြစ်ပြီး နောက်ထပ်စစ်ရှုံးကောင်စီဘက် မှ ထိခိုက်ပျက် စီးမှု အခြေအနေများကိုလည်း ဆက် လက် စုံစမ်းနေဆဲဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ က အသိပေးထားသည်။

“ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ မြေပြင်မဟာမိတ်ရဲဘော်များကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ပြီးတော့ အခုလိုတိုက်ခိုက်မှုတွေဖြစ်ပြီးရင် စစ်ကောင်စီက ရှုံးမဲမဲပြီး ရမ်းကားဖမ်းဆီးတတ်တာမို့ အဲ့နားဝန်းကျင်တွေကို ပြည်သူတွေရှောင်ရှားကြဖို့ အထူးအသိပေးလိုပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့နှင့် မဟာမိတ် Shadow SAF အဖွဲ့တို့ပူးပေါင်း၍ BWM ၏ Mission 25 အနေဖြင့်လည်းကောင်း၊ Shadow SAF အဖွဲ့၏ Urban Special Operation -U.S.O အနေဖြင့်လည်းကောင်း ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မှော်ဘီလေတပ်သည် ကရင်နီ၊ ကရင်၊ မွန် နှင့် တနင်္သာရီ ကမ်းရိုးတန်း ကို အဓိက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သည့် လေတပ်စခန်း ဌာနချုပ်ဖြစ်ပြီး နိုင်ငံတကာမှ စစ်နှင့် အရေးကြီး ပစ္စည်း များကို လက်ခံဖြန့်ဖြူးသောအဓိကကျသည့် လေတပ် စခန်းလည်းဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် တရုတ်မှလာသောစစ်လက်နက်ပစ္စည်းအားလုံး ထားရာ အထိုင် စခန်း လည်း ဖြစ်သည့်အတွက် BWM နှင့် မဟာမိတ် အဖွဲ့များက ယခုကဲ့သို့ပူးပေါင်းတိုက်ခိုက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနှံ့ ပြည်သူလူထု၏အသက်အိုးအိမ်ကို နေ့စဥ်နှင့်အမျှခြိမ်းခြောက်ဖျက်ဆီးနေသော စစ် ရှုံး ကောင်စီ၏ လေတပ်စခန်းများကို အားနည်းချိနဲ့ပြိုလဲစေရေးအတွက် လေတပ်ပြို မစ်ရှင်များကို လည်း BWM က မဟာမိတ်အဖွဲ့များနှင့်အတူ တစိုက် မတ်မတ်ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ကြေညာထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *