လုံခြုံရေးအခြေနေကြောင့် ပြင်ဦးလွင်၊ ပန်းပွဲတော်ကို နေရာဟောင်းမှာ မကျင်းပတော့ဘဲ ပွဲကောက်ရေတံခွန်ဘက် ပြောင်း‌ရွှေ့ဖွင့်လှစ်ခဲ့

ပြင်ဦးလွင် (မေမြို့)မှာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့ထိကျင်းပပြုလုပ်သွားမယ့်ပန်းပွဲတော်ကို အရင်နေရာဟောင်းဖြစ်တဲ့ ကန်တော်ကြီးမှာ မဖွင့်လှစ်တော့ဘဲ ပွဲကောက်ရေတံခွန် ဘက်ပြောင်းရွေ့ပြီး ဖွင့်လှစ်ကျင်းပခဲ့တယ်လို့ ပြင်ဦးလွင်မြို့ခံအမျိုးမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ဗိုလ်လောင်းသင်တန်းဆင်းပြီးတဲ့ သင်တန်းသားနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေကို စစ်ကောင်စီဘက်က ပွဲကောက်ရေတံခွန်ဘက် အလည်ပို့ပေးတာတွေရှိတယ်လို့သူကဆက်ပြောပါတယ်။

“အမအထင်တော့ အဲ့လိုပြောင်းဖွင့်လိုက်တာက သင်တန်းဆင်းပွဲပြီးတာနဲ့သူတို့မိသားစုတွေနဲ့အတူ ပွဲကောက်ရေတံခွန်လာလည်ရင် အပြင်လူတွေသတိမထားမိနိုင်အောင်လုပ်တာဖြစ်မယ်”လို့ သူကဆက်ပြောပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဗိုလ်လောင်သင်တန်းဆင်းပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့ ပြီး စစ်ရေးဂိတ်တွေကိုလည်း တင်းကြပ်နေတာတွေ ရှိတယ်လို့ သိရပါတယ်။

ဂိတ်တွေမှာ”မှတ်ပုံတင်စစ်တာတော့မရှိဘူး။ ဆိုင်ကယ်ဆို tool box စစ်တာမျိုး။ ကားဆိုလဲအဲ့အတိုင်းပဲ။ မနှစ်ကလိုလမ်းလဲမပိတ်တော့ဘူး။ လုံခြုံရေးတော့ရှိတယ်။ လမ်းကြားတိုင်းသူတို့ရှိတယ်။”

ဗိုလ်လောင်းသင်တန်းဆင်းပွဲမစခင် နှစ်ရက်သုံးရက်အလို ကတည်းက လမ်းမှာ စစ်ဆေးတာတွေ၊ ဆိုင်ကယ်၊ကား တားစစ်တာတွေရှိတယ်လို့သိရပါတယ်။

“သင်တန်းဆင်းပွဲကအရင်လိုကြီးကြီးကျယ်ကျယ်မလုပ်ကြတော့ဘူး။တိတ်တိတ်လေးပဲလုပ်ကြတာ။”

ပြင်ဦးလွင်မြိုတွင်းက လမ်းတွေနဲ့ စစ်တက္ကသိုလ် ဘက်ဝင်တဲ့လမ်း အားလုံးကို လုံခြုံရေးတပ်တွေ ချထားတာတွေလည်းရှိတယ်လို့ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *