ကျောက်ဂူဒေသ တိုက်ပွဲများအတွင်း DPLAမှ လက်နက်များသိမ်းဆည်းရမိ

ကျောက်ဂူဒေသ တိုက်ပွဲများအတွင်း DPLAမှ လက်နက်များသိမ်းဆည်းရမိ

စစ်ကောင်စီတပ်ဘက်မှ (၅၀)ကျော်‌ ‌ကျဆုံးပြီး အများအပြားဒဏ်ရာရရှိ

ရက်စွဲ။ ။ဒီဇင်ဘာလ(၉)ရက်၊ ၂၀၂၄ခုနှစ်

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး DPLA သည် စစ်ကောင်စီတပ်ထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့သည်။

နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ၁၀ရက်တာကာလ အတွင်း စစ်ကောင်စီတပ်ဘက်မှ (၅၀)ကျော် ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နေရာဒေသရှိ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးဝေးမှနေထိုင်ကြရန် နှင့် ဘေးကင်းလုံခြုံသည့်နေရာများတွင်သာ စစ်ဘေးရှောင်ကြရန် မေတ္တာရပ်ခံ သတိပေးအပ်ပါသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)သည် ကျောက်ဂူဒေသတွင် စစ်ကောင်စီနယ်မြေခံတပ်များ ဖြစ်သည့် ကျောက်ဂူအမြောက်တပ်( အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂)နှင့် နောင်ချိုမြို့နယ် တောင်ခမ်း သို့ ရပ်စောက်ဘက်မှ စစ်ကူသွားသည့်စစ်ကောင်စီတပ်များနှင့်တိုက်ပွဲဖြစ်ပွားနေသည်။

သတင်းနှင့်ပြန်ကြားရေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)

Leave a Comment