တောင်ပိုင်းစစ်ဒေသအတွင်း၌ တပတ်အတွင်း တိုက်ပွဲပေါင်း ၄၂ ကြိမ်ရှိပြီး စစ်သား ၆၁ ဦး သေဆုံး

တောင်ပိုင်းစစ်ဒေသနယ်မြေဖြစ်တဲ့ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် တွေအတွင်းမှာ တပတ်အတွင်း တိုက်ပွဲပေါင်း ၄၂ ကြိမ်ဖြစ်ကာ စစ်သား ၆၁ ဦးသေဆုံးခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့အထိ တပတ်တာအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်စခန်းနဲ့ စစ် ကြောင်းတွေကို လက်ဦးမှုရယူပြီး သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုပေါင်း ၄၂ ကြိမ်ရှိခဲ့ပြီးတော့ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား ၆၁ ဦး သေဆုံးခဲ့တယ်လို့ အတည်ပြုရရှိခဲ့ပါဆိုပြီး ထုတ်ပြန်ထားတာပါဖြစ်ပါတယ်။

ဒါ့အပြင် ဖာပွန်- ကမမောင်းလမ်းပေါ်ရှိ ဗျူဟာအရအရေးတဲ့ လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ် ထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် တောင်သုံးလုံးစခန်းနဲ့ ဆင်စွယ်စခန်းတို့ကိုလည်း ဒီဇင်ဘာ ၃ ရက်နဲ့ ဒီဇင်ဘာ ၄ ရက်‌နေ့တွေမှာ PDF၊ KNLA ၊ မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းသိမ်းရာမှာ လက်နက်၊ ခဲယမ်း သိမ်းဆည်းရရှိခဲ့တာရှိပြီး ထွက်ပြေးလွတ်မြောက်သွား တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကိုလည်း လက်ရှိအချိန်ထိ လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။

ဒီတစ်ပတ်ထဲတိုက်ပွဲတွေအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက် ရဲဘော် ၂ ဦး ဖက်ဒရယ် တိုင်းပြည်နဲ့ ဒီမိုကရေစီစနစ်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ တောင်းပိုင်းစစ်ဒေသက ထုတ်ပြန် ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *