CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့သော မန္တလာစိုးမြင့် က မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် စစ်တပ်ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်နေ

CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့သော မန္တလာစိုးမြင့် က မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် စစ်တပ်ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်နေ

CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့သော မန္တလာစိုးမြင့် က မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် စစ်တပ်ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်နေကြောင်း စီးပွားရေးနှင့် တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် အကြမ်းဖက် စစ်တပ်မှ အရာရှိများ၏ ရှယ်ယာ ပါဝင်ထားသော ပုဂ္ဂလိက ဆေးရုံများ ပိုင်ဆိုင်ထားသည့် မန္တလာစိုးမြင့် က CDM ဆရာဝန်များကို ဖိနှိပ်ပြီး ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်ရန် လုပ်ဆောင်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

မန္တလာစိုးမြင့်သည် မန္တလာဆေးရုံ၊ မန္တလာ health care group ဆေးကုမ္ပဏီ၊ ပြင်ဦးလွင် ချယ်ရီလန်းဆေးရုံ၊ တောင်ကြီးမြတ်တော်ဝင်ဆေးရုံ၊ အောင်မိုးဟိန်း ဆောက်လုပ်ရေး ကုမ္ပဏီ၊ ၇၇၇ ဘိလပ်မြေ အိမ်ဆောက်ပစ္စည်းနှင့် သွပ်ပြားစက်ရုံ၊ စိုး လမ်းတံတားလေလံ၊ ရွှေတော်ဝင် ဆောက်လုပ်ရေး ၊ မန္တလာ သွင်းကုန်ထုပ်ကုန်လုပ်ငန်းများကို ပိုင်ဆိုင်သူဖြစ်ပြီး ပုဂ္ဂလိက ဆေးရုံလုပ်ငန်းများအသင်း ဥက္ကဋ္ဌ ဖြစ်ကြောင်း သိရသည်။

၎င်းပိုင်ဆိုင်သော ပုဂ္ဂလိက ဆေးရုံများတွင် အကြမ်းဖက် စစ်တပ်မှ စစ်ဆေး ဆရာဝန်များကို ခန့်အပ်ပြီး CDM ဆရာဝန်များကို စစ်တပ်ထံသို့ သတင်းပေးခြင်း၊ ထောက်လှမ်းခြင်းများ၊ CDM ဝန်ထမ်းများကို လစာမဲ့ ဖြုတ်ခြင်း၊ အကြမ်းဖက် စစ်တပ်မှ အရာရှိ မိသားစုဝင်များကို အခမဲ့ကုသပေးခြင်းနှင့် ပြိုင်ဘက်ဆေးရုံများကို တိုက်ခိုက်ခြင်းများ အကြီးအကျယ် ပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။

” CDM ဝန်ထမ်းဆို စစ်ကောင်စီထက် ပိုမုန်းပြီး သူက လိုက်ဒုက္ခပေးနေတာ။ စစ်ဆရာဝန်တွေပဲ သူ့ဆေးရုံမှာ ခန့်ထားတယ်။ သူ့လုပ်ငန်းတွေကနေ ငွေမည်းကနေ ငွေဖြူ အကြီးအကျယ်လျှော်တယ်။ နိုင်ငံခြားသားတွေရဲ့ ငွေမည်းကအစ သူ့လုပ်ငန်း တချို့က ရှယ်ယာတွေကို ကာလ တနိဖိုးထက် ၃ ဆလောက် ပိုရောင်းပြီး ရန်ကုန်နဲ့ မန္တလေးမှာ ဆေးရုံလုပ်ငန်းတွေ ထပ်ချဲ့ဖိုလုပ်နေတာပါ။ ရှယ်ယာငွေတွေကို အလွဲသုံးစား လုပ်နေလို့ လုပ်ငန်းလည်း တအားလုပ်မပြနိုင်လို့ တချိုရှယ်ယာရှင်တွေက ငွေပြန်အန်းခိုင်းတာကိုလည်း စကစ နဲ့ဖမ်းခိုင်းမယ်။ အကြပ်ကိုငိလို့ ဘယ်သူမှ သူ့ကိုပြန်မပြောရဲတော့ဘူး။စစ်တပ်အာဏာသိမ်းကာလမှာ ပိုပြီး ချမ်းသာ ဇောင်းထလာတာ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မန္တလာ စိုးမြင့်ပိုင်ဆိုင်သော ပုဂ္ဂလိက ဆေးရုံများတွင် ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ ညီမ စုစုဒွေးနှင့် အကြမ်းဖက် စစ်တပ် အရာရှိများ၊ ပင်စင်စား တချို့၏ ရှယ်ယာများ ပါဝင်ကာ ရှယ်ယာများကို ပုံမှန်စျေးထက် ၃ ဆ တင်ရောင်းပြီး ဆေးရုံများမှာ အပိတ်မခံရစေရေး စစ်တပ်နှင်ပူးပေါင်းထားကြောင်း၊ အခြားပုဂ္ဂလိက ဆေးရုံများ ပိတ်သွားစေရန် CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ခန့်ထားသည်ဟုဆိုကာ စစ်တပ်ထံ သတင်းပေးပြီး ပိတ်ခိုင်းကြောင်း၊ ထို့ကြောင့် ၎င်း၏ ဆေးရုံလုပ်ငန်းများ အောင်မြင်လာပြီး လုပ်ငန်းမှ ရရှိသော ဝင်ငွေဖြင့် ရန်ကုန်နှင့် မန္တလေးတို့တွင် ပုဂ္ဂလိက ဆေးရုံများ ထပ်မံ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် အရာရှိများနှင့် ပူးပေါင်းပြီး လမ်းတံတားများ လေလံဆွဲခြင်း အပါအဝင် အစိုးရပိုင် အဆောက်အဦးများကို ငှားရမ်း အသုံးပြု ခြင်း၊ ပြင်ဦးလွင်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အကြမ်းဖက် စစ်တပ်မှ အရာရှိများနှင့် အရပ်ဘက် အရာရှိများကို ရှယ်ယာထည့်ခိုင်း၍ လယ်မြေများကို သိမ်းယူကာ ဆေးရုံများ ဆောက်လုပ်လျှက်ရှိကြောင်း သိရှိရသည်။

“စစ်ကောင်စီက အရာရှိတွေနဲ့ ပူးပေါင်းပြီး လမ်းတံတား လေလံဆွဲတာ အစိုးရပိုင်အဆောက်အဦးများကို သုံးဆွဲတာတွေ အစ သူပဲလုပ်နေတာ ပြင်ဦးလွင်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ စစ်ဘက်နဲ့ အရပ်ဘက်က အရာရှိတွေကို ရှယ်ယာထည့်ခိုင်းပြီး လယ်ယာမြေတွေကို သိမ်းတယ် ဆေးရုံတွေ ဆောက်နေတယ်။ စစ်တပ် အရာရှိတွေရဲ့ မိသားစုဝင်များကို အခမဲ့ကုသပေးနေတယ်။ အခု သူများဆေးရုံတွေ ပိတ်ရပြီး သူရဲ့ ဆေးရုံများမပိတ်ရတာကြောင့် စစ်ကောင်စီ ကိုဆန့်ကျင်တွေ သတိထားမိမှာစိုးလို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ လက်ဝါးရိုက်ပြီး ဇတိ ပိတ်ဖို့ ကြံရွယ်နေတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်ကပြောဆိုသည်။

မန္တလာစိုးမြင့်တွင် ပြင်ဦးလွင်မြို့မှ ချယ်ရီလမ်းဆေးရုံ မန်နေဂျာ ညီညီဇော်နှင့် မန္တလေးမှ မန္တလာဆေးရုံမန်နေဂျာ ဥက္ကာကျော် ဆိုသော လူယုံ ၂ ဦးရှိပြီး ၎င်းတို့ ၂ ဦးသည်လည်း အကြမ်းဖက် စစ်တပ်ထံ သတင်းပေးခြင်းနှင့် အကြမ်းဖက် စစ်တပ် အရာရှိများ၏ ကျန်းမာရေး စောင့်ရှောက်မှုများကို လိုက်ပါလုပ်ဆောင်ပေးကာ စိုးမြင့်ထံ လုပ်ငန်းဆိုင်ရာ ကိစ္စများကို တိုက်ရိုက်သတင်းပေးပို့နေသူများဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *