ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်

ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း လျှပ်စီးမုန်းတိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်းရွာ၌ အထိုင်ချ တပ်စွဲထားသော ရိက္ခာ ထွက်ရှာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ရဲဘော်များက ကင်းပုန်းဝပ်၍ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးနဲ့ ပျူခွေးတွေ သူတို့ခြံမှာ ရိက္ခာပြတ်ပြီး ငတ်နေတော့ ခြံအပြင်ဘက်ကို ရိက္ခာထွက်ရှာတာ တော်လှန်ရေး အဖွဲ့တွေက ကင်းပုန်းဝပ်ပြီး ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေဘက်က ၃ ကောင်သေတယ်။ ၁ ကောင်ကတော့ အပြင်းအထန် ဒဏ်ရာရတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု လျှပ်စီးမုန်းတိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြိုနယ် လျှပ်စီးမုန်းတိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) နှင့် ရန်ကြီးအောင် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *