ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်မှာ တန်ဆောင်မုန်းလရောက်တိုင်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လမ်းမတော်ပွဲစျေးကို ရန်ကုန်တိုင်း စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုစျေးရောင်းပွဲတော်အဖြစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပနေပါတယ်။
လမ်းမတော်ပွဲစျေးကို လေးနှစ်ကျော်ကြာ ရပ်နားခဲ့ပြီးနောက် အခု တစ်ကျော့ပြန် ကျင်းပတာလည်းဖြစ်ပါတယ်။
ပုစွန်တောင်မြို့နယ်က ရေကျော်ပွဲစျေးကိုလည်း ရန်ကုန်တိုင်း စစ်ကောင်စီက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်လည်ကျင်းပခဲ့ပါတယ်။
Photo: ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်ရှိ လမ်းမတော်ပွဲစျေးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်
Leave a Reply