မန္တလေးသတိထားဖို့ ကိုယ်တိုင်ကြုံလာခဲ့တာပါ

မနေ့က ညနေတန်းပြီးတော့ ၆ ခွဲ ၇ နာရီလောက်ပဲရှိဦးမယ်

ဘူတာကြီးဘက် မုန့်သွားစားပြီးအပြန် 78 တစ်လျှောက် လူပြတ်လို့ ဆိုင်ကယ်ကိုအမြန်မောင်းလာပြီး 78/26 လမ်းဒေါင့်မီးပွိုင့်မှာ လူလည်းများတယ်

ကိုယ့်ဆိုင်ကယ်ဘေးကနေ ဆိုင်ကယ်နဲ့လူတစ်ဦးက ကိုယ့်ကိုသေချာစိုက်ကြည့်သွားလို့ စိတ်ထဲတမျိုးဖြစ်လာတာနဲ့ လည်ပင်းဆွဲထားတဲ့ဖုန်းကို အင်္ကျီအောက်ထည့် …

ဆိုင်ကယ်ကိုအနောက်ချန်မောင်းပြီးအကဲခတ်ကြည့်တော့

အဲ့လူက ဆိုင်ကယ်ကို ဖြည်းဖြည်းစောင့်မောင်းတယ်

နောက်လမ်း 80/26 မီးပွိုင့်အကွေ့မှာ ဖုန်းပြောရင်းမောင်းနေတာကို သူ့အနောက်ကနေသေချာသတိထားကြည့်နေရင်း မသင်္ကာလို့ ကရဝိတ်နဲ့မျက်နှာချင်းဆိုင်က ကားတစ်စီးအနောက်မှာ ရပ်ပြီးခဏပုန်းစောင့်နေတုန်း

နောက်ထပ် သူဖုန်းဆက်ခေါ်လိုက်ပုံရတဲ့ ဆိုင်ကယ် နှစ်စီး ကိုယ့်ဘေးကဖြတ်သွားရင်း ကိုယ့်ကိုအကဲခတ်သွားတာကိုလည်းသတိထားမိတယ်

စုစုပေါင်းဆိုင်ကယ်သုံးစီး

တစ်စီးက ပထမဆုံးစအကဲခတ်တဲ့လူတစ်ယောက်တည်း

နောက်တစ်စီးက နှစ်ကောင်

နောက်တစ်စီးက လူငယ်အရွယ်သုံးကောင်

စုစုပေါင်း လူက ၆ ယောက်

ဒါနဲ့ မဖြစ်သေးဘူးဆိုပြီး လမ်း 20 ဒေါင့်က ဆိုင်တစ်ဆိုင်မှာ ခဏဝင်ထိုင်ပြီးစောင့်ကြည့်နေလိုက်တာမှာ နှစ်ကောင်က ဆိုင်ရဲ့တဖက်ဒေါင့်ကနေ လာစောင့်တယ်

ဆိုင်ထဲကို လှမ်းကြည့်လိုက် တဖက်ကကောင်တွေကို ဖုန်းဆက်ပြီးအခြေအနေပြောလိုက် ပြန်ထွက်သွားလိုက်နဲ့

နှစ်ကြိမ်မြောက်မှာ ကိုယ်က ဖုန်းဆက်ပြီးတစ်ယောက်ယောက်ကိုလှမ်းခေါ်ချင်ယောင်ဆောင်လိုက်တဲ့အခါမှာ နှစ်ကောင်က 81 ဖက်ကို ပြန်ဆင်းသွားပြီး.ပြန်မလာတော့ဘူး

ကိုယ့်အထင် အောက်လမ်းကပြန်ရင်လိုက်လုဖို့ လူခွဲစောင့်နေပုံ

ဒါနဲ့ အဲ့နှစ်ကောင်ကိုပဲသတိထားကြည့်နေမိချိန်

အမှတ်တမဲ့ ကျုံးဖက်ကိုလှမ်းကြည့်တော့ သုံးယောက်စီးလာတဲ့ဆိုင်ကယ်ကလည်းစောင့်ကြည့်နေတာကို ထပ်တွေ့ရပြန်ရော

အဲ့ဆိုင်ကယ်ကပဲ သွားတော့မယ်ဆိုတဲ့ပုံစံနဲ့ ကိုယ့်ကို နောက်ဆုံးကကောင်က ရွဲ့စောင်းစောင်းနဲ့ရယ်ပြီး လက်ပြသွားသေးတယ်

တကယ်ထွက်သွားတာမဟုတ်ပဲ 19 လမ်းမီးပွိုင့်အကျော်မှာ အဲ့တစ်စီးကရပ်စောင့်နေပြန်တယ်

ဒါနဲ့ ကိုယ်လည်း လမ်း 20/81 ကိုဆင်းရင် စောစောကနှစ်ကောင်နဲ့တွေ့မယ်

လမ်း 80 အတိုင်းမြောက်ပြင်ကိုလာမယ်ဆို အဲ့သုံးကောင်နဲ့တွေ့မယ်

လမ်း 80 အတိုင်း တောင်ဘက်သွားမယ်ဆို ပထမဆုံးတွေ့တဲ့ကောင်နဲ့တွေ့မယ် ပြီးရင် ဖုန်းချိတ်ဆက်ပြီး

ဆိုင်ကယ်နဲ့ဖုန်းကို လုခံရမယ်

မိန်းကလေးတစ်ယောက်ကို ယောကျ်ား ၆ ယောက်က အဲ့လိုစီစဥ်ပြီးစောင့်နေကြတာနော်

ဒါနဲ့ ကိုယ်လည်း လမ်းပြောင်းပြန်မောင်းပြီး 19 လမ်းကနေ အောက် လူစည်တဲ့ထိ ဆိုင်ကယ်ကိုမတရားမောင်းပြီး ပြန်လာလိုက်လို့ လွတ်သွားတယ်

ပြောချင်တာက အပြင်ထွက်ရင် ဆိုင်ကယ် ဘက်မှန်ကို အမြဲကြည့်ပါ

ဘေးဘီကလူတွေကိုလည်းသတိနဲ့ကြည့်သွားပါ

အိတ်တွေ တန်ဖိုးကြီးပစ္စည်းတွေ မပါလေ ကောင်းလေပဲ

ကိုယ်ကတော့ ကံကောင်းနေသေးတယ်

တကယ်ကြောက်စရာကောင်းလို့ သတိထားရအောင် တင်ပေးတာပါ

ပြောပြဦးမယ်

အဲ့လုတဲ့အကောင်တွေကလေ သူခိုးဂျပိုးရုပ်တွေလို့မထင်နဲ့ဗျ

လူငယ်လေးတွေ သန့်သန့်ပြန့်ပြန့်နဲ့ အဆင်တွေလို့တောင်ပြောလို့ရတယ်

ပြောချင်တာက အဆင်လေးက ကိုယ့်ကိုငမ်းတယ်ဆိုပြီး စမာန်သွားမတက်နဲ့

လဟထိုးလှ လို့ မဟုတ်ဘူး

လရေးတစ်ချောင်းငင် လုဖို့ ဆိုတာသိထားဦး😁😁

ကိုယ်တွေ့နော် ကိုယ်တွေ့

🤣🤣🤣🤣အမလေးးး ငါနော်

Princess Hsu

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top