အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအခြေ အနေကြောင့် မြန်မာနိုင်ငံတစ်ချို့နေရာမှာ မိုးကြီး၊ မြေပြိုမှုဖြစ် ပေါ်နိုင်တယ်လို့ မိုးလေ၀သနှင့်ဇလဗဒညွှန်ကြားရေးဦးစီးဌာနက ဒီကနေ့ ဧပြီ ၈ ရက် ည ၇ နာရီမှာ ထုတ်ပြန်ပါတယ်။
အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ကနဦးမှာ မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး အဲဒီကနေတစ်ဆင့် မြောက်- အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ ဧပြီလ ၁၀ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်း ဖြည်း အားလျော့သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် ဒီကနေ့ ဧပြီ ၈ ရက်နေ့ကနေလာမယ့် ၁၀ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝ တီတိုင်း၊တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ က ယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အ တွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေး တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်း ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ် တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများအနေနဲ့ ရေကြီး၊ ရေလျှံမှုအန္တရာယ်များကို ကြိုတင်သတိပြုရှောင်ရှားကြဖို့ အကြံပြုထားပါတယ်။
ဓာတ်ပုံ – မိုး/ဇလ ဦးစီးဌာန