သူ့ပိုက်ဆံနဲ့သူ လှူချင်တဲ့နေရာလှူမှာပေါ့ အကုသိုလ်ယူနေတာလားတဲ့

သူ့ပိုက်ဆံနဲ့သူ လှူချင်တဲ့နေရာလှူမှာပေါ့ အကုသိုလ်ယူနေတာလားတဲ့

ဗုဒ္ဓဘာသာအမည်ခံစောင်ပိန်းတွေပြောနေကျစကား။

နိုင်ငံတစ်ခုမှာ ငွေကြေးလည်ပတ်မှုနဲ့လုပ်အားအသုံးချမှုညံ့ရင် ဆင်းရဲတယ်။

ရဟန်းက ဝိနည်းအရအလုပ်မလုပ်ရပေမဲ့ အလှူရှင်တွေဖိစီးမှုမရှိအောင်လောဘမောဟလျော့နည်းစွာ ခြိုးခြံချွေတာစွာကျင့်သုံးရတယ်။

ရဟန်းက လူထက်ပိုတဲ့ကားတွေ တိုက်တွေ ဇိမ်ခံအသုံးအဆောင်တွေနဲ့ဖြစ်နေတော့ အလုပ်မလုပ်ဘဲ အိမ်ဦးခန်းထိုင်သုံးစွဲစားသောက်နေတဲ့ လူပေါ်ကြော့တွေများရင် အဲ့ဒီအိမ်ဆင်းရဲသလို မြန်မာပြည်လည်းဆင်းရဲစေတယ်။

US လိုချမ်းသာတဲ့နိုင်ငံတောင် အလုပ်နည်းနည်းလုပ်ပြီး လစာယူနေတဲ့ဝန်ထမ်းတွေရဲ့ဝန်ကို အစိုးရကထမ်းမထားချင်လို့ သမ္မတထရမ့်က မညှာမတာဖြုတ်ပစ်တယ်။

အလုပ်မလုပ်ဘဲ အကိုးအကွယ်ခံအခွင့်ထူးခံနေတဲ့ရဟန်းတွေအတွက် ဆင်းရဲသားလူထု ဘယ်လောက်ဝန်ပိနေမလဲ။

အဲ့ဒီရဟန်းတွေကိုမီခိုကပ်ရပ်စားနေတဲ့ဆွေမျိုး အစေအပါး တူ တူမဆိုတာတွေထည့်တွက်ရင် ကြောက်စရာကောင်းတဲ့လူ့အရင်းအမြစ်ဆုံးရှုံးမှု ဝန်ပိမှုပဲ။

အလှူခံရထားတဲ့ငွေအများစုဟာ စာရင်းစစ်ခွင့်မရှိဘဲ အခွန်ကင်းရှင်းခွင့်ရထားတယ်

န်ိုင်ငံ့ဘဏ္ဍာငွေလည်ပတ်မှုရဲ့​အပြင်ဘက်မှာညblack money အဖြစ်ရှိနေတယ်

မူးယစ်ဆေးဝါးနဲ့ တခြားငွေမည်းလမ်းကြောင်းများလိုပဲ နိုင်ငံကိုဆွဲချနေတယ်။

၂၀၀၇သံဃာ့အရေးအခင်းအပြီးမှာ 6အုပ်စုက ရဟန်းတွေလိုချင်သမျှပေးပြီးစည်းရုံးခဲ့တယ်။

ဘာလိုချင်လဲ ကျောင်းပေါ်ကဆင်းစရာမလိုဘူး ဖုန်းတစ်ချက်ဆက်ရုံပဲ

6ဘိုချုပ်တွေအိတ်ထဲကစိုက်ပေးရတာမဟုတ်ဘူး

လူထုအတွက်သုံးစွဲရမယ့်ဘဏ္ဍာငွေထဲကထုတ်ပေးတာ

လူထုစားရမယ့်ထမင်းဆုပ်ထဲကဖဲ့ပေးတာ

မာတုဂါမနဲ့ရှုပ်မလား အရက်သောက်မလား ဘောပွဲလောင်းမလား

လုပ်ချင်တာလုပ် နိုင်ငံရေးမလုပ်ရင်ရပြီ။

အန်လ်ဒီလက်ထက်မှာတော့ ရဟန်းတွေတောင်းသမျှမပေးနိုင်ဘူး

ရွေးကောက်ခံအစိုးရဖြစ်တာကြောင့် လွှတ်တော်တင်ရတယ်

အဲ့ဒီမှာပဲ လိုတိုင်းတရခဲ့တဲ့ 6အုပ်စုရဲ့ သာသနာဖျက်မှုကြောင့်ပျက်စီးနေတဲ့ရဟန်းယုတ်တွေဟာ 6အုပ်စုနဲ့ပေါင်းပြီး အကောက်ကြံကြတာပဲ။

ဘုန်းကြီးတွေ တစ်တော့ဆော့တာညငရဲကြီးလားဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့မေးခွန်းကိုတောင် လူမိုက်ဆန်ဆန်တုန့်ပြန်တဲ့ရဟန်းယုတ်

ဟိုတယ်ကို အောက်စျေးနဲ့နှိုက်ပြီး အထဲကပစ္စည်းတွေကိုမလိမ့်တပတ်အပိုင်ကြံတဲ့အင်မတန်အောက်တန်းကျအရှက်မဲ့တဲ့ရဟန်းယုတ်

ရေခဲချောင်းသည်ကိုတုပြီး Sရှက်မရှိfor show လုပ် ဗီဒီယိုရိုက်တင်တဲ့ရဟန်းယုတ်

ဗုဒ္ဓဘာသာမဟုတ်သူကို thetရင်ငရဲမကြီးဘူးဆိုတဲ့ရဟန်းယုတ်တွေကို လက်အုပ်တချီချီနဲ့ ကိုးကွယ်စရာလို့ထင်နေကြတုန်းလား။

KO Nay

Leave a Comment