နဂါးခေါင်းကိုမဖြတ်နိုင်ရင်နေ မြွေအမြီးလိုမနေပါနဲ့ TNLA …
တရုတ်ကနေတဆင့်စစ်ကောင်စီတောင်းဆိုထားတဲ့ TNLAသိမ်းထားတဲ့ မြို့၅မြို့ကို စစ်ကောင်စီကအပိုင်တွက်ပြီး တောင်းလို့
ရတာနဲ့ မြို့အုပ်ချုပ်ရေးကိုချက်ချင်းအသက်သွင်းဖို့ Non CDMတွေကို အသင့်ပြင်ထား
ခိုင်းတယ်…တိုက်လို့မနိုင်တော့ ပထွေးအားကိုးနဲ့ ကျိန်းသေရမယ်လို့ထင်နေတယ်…
မေလ၄ရက်နေ့ TNLA သတင်းစာရှင်းလင်း
ပွဲမှာ ဗိုလ်မှူးကြီးတာပန်းလက တရုတ်ဖိအား
ရှိနေပေမယ့် မြို့ကိုပြန်လွှဲပြောင်းပေးဖို့အစီ
အစဥ်မရှိကြောင်းပြောဆိုသွားတာတွေ့လိုက်
တယ်… ဒါကလည်း အပြောပဲရှိသေးတယ်။
ဩဂုတ်လမှာ ထပ်တွေ့မယ့်ဆွေးနွေးပွဲမှာ
ဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထား…
ကိုးကန့်-MNDAA တရုတ်ဖိအားနဲ့အတွေ့
မှာ လစ်ပြေးတာမှုန်လို့… လားရှိုးကို ပြန်ပေး
အပြီး ပန်ဆိုင်းမှာ SSPP/SSAနဲ့ နယ်မြေ
သတ်မှတ်ခွဲရေးညှိတာ တင်းမာနေတယ်…
တရုတ်ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ်လို
သပ်လျိုသွေးခွဲနေရတာနဲ့ ရှုပ်နေတယ်…
တရုတ် DNAဖြစ်လို့လည်း ဖုန်းတာရွှင့်က
မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့ CCP အမိန့်
နဲ့ ဂူအောင်းနေရပြန်ပြီးထင်တယ်…
တအာင်းတပ်ဖွဲ့က ၁၀၂၇စစ်ဆင်ရေးမှာ
တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေရဲ့အကူ
အညီနဲ့အတူ မြို့ပေါင်း၁၂မြို့ကို ရရှိခဲ့ပြီး
တောင်ခမ်းရဲ့ အမြောက်တပ်ဌာနချုပ်-၉၀၂နဲ့
အမြှောက်တပ်ရင်း ၂၀၆နဲ့ ၄၀၆တို့ကိုရလု
နီးပါးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ တရုတ်ရဲ့ကြား
ဝင်မှု စစ်ကောင်စီရဲ့အင်နဲ့အားနဲ့တ်ုက်ခိုက်မှု
လေကြောင်းရန်တွေကြောင့် ပြန်ဆုတ်ပေး
လိုက်ရတယ်… TNLAနဲ့အတူ ဓနုတပ်- DPLA, MDY-PDF လည်း ပူးပေါင်း
တိုက်ခိုက်ကြပြီး DSAကျောင်းရှိရာ ပြင်ဦး
လွင်မြို့နဲ့ လက်တကမ်းအကွာထိရောက်ခဲ့
တယ်… ပြင်ဥိးလွင်ကိုသာ မဟာမိတ်တပ်
တွေနဲ့အတူ ဝိုင်းဝန်းလုပ်ကြံနိုင်ခဲ့ရင် စစ်တပ်
ဦးကျိုးသွားမှာဖြစ်ပြီး မြန်မာပြည်အထက်မြို့
တော်မန္တလေးက တော်လှန်ရေးအဖွဲ့တွေထိန်း
ချုပ်လာနိုင်တဲ့အနေအထားရှိခဲ့တယ်…
ဒါကြောင့် ဂန္ဓလရာဇ်တွေ အတင်းအကျပ်ဖိ
အားပေး ဖြတ်၅ဖြတ်လုပ် စစ်ကောင်စီက
Airstrike လုပ်ပြီးဗုံးကြဲ နှစ်ဖက်ညှပ်ပြီးပြင်းပြင်းထန်ထန်ဖိအားပေးခဲ့တယ်… စစ်လက်နင်ခဲယမ်းရိက္ခာတွေ၊ ဒရုန်းတွေက တရုတ်ဖက်ကတင်သွင်းနေရတာ၊ FPNCC
ကနေ UWSAက တောင်းဆိုတာတွေ
ကြောင့် အပစ်အခတ်ကိုရပ်ပေးလိုက်တယ်…
၁၀၂၇-စစ်ဆင်ရေးကြောင့် အသက်ရှုပေါက်
ပိတ်နေတဲ့ အကြမ်းဖက်စစ်တပ်-SACက
အချိန်ရပြီး တပ်အင်အားတွေအချိန်မှီပြင်
ဆင်လို့ရပြီး လေကြောင်းကနေ လက်နက် ကြီးတွေကနေ အားသွန်ပစ်အားနဲ့ တော်လှန်
ရေးတပ်တွေအရှိန်ကိုတန့်ခဲ့တယ်…
လားရှိုးကို ခွက်ခေါက်ပြီးပြန်ရလိုက်တဲ့ SACက တရုတ်ကို အောက်ကျို့ခံရုံနဲ့
တရုတ်ဩဇာသက်ရောက်နေတဲ့EAOs
လက်ထဲကနေ မြို့တွေကိုပြန်ရတဲ့အတွက်
ဂုန်းဆင်း- freeကြိတ်နေရလို့ လက်နက်မဲ့
ရဟန်းသံဃာတော်နဲ့ ပြည်သူလူထုကိုလက်
နက်နဲ့ပစ်သတ်ပြီး ညှိကွပ်ဖြစ်လာတဲ့ စစ်ခွေးသန်း ဗိုလ်ချုပ်ကြီးကျော်စွာလင်းက လက်လွတ်ရတဲ့မြို့တွေကို တမြို့မကျန်သိမ်းယူမယ်လို့ ကြုံးဝါးနေတယ်…
ဒင်းက ခွက်ခေါက်တဲ့အရသာကို သူ့ဆရာ
MALနဲ့အတူ မာတင်္ဂမှော်အောင်နေပြီးလေ… အကြမ်ဖက်စစ်အုပ်စုနောက်မှာ
လက်မဲကြီး Xi Jingping ကြောင့် တော်
လှန်ရေးအုပ်စုတွေ ရှေ့မတိုး-နောက်မဆုတ်
သာနဲ့ တော်လှန်ရေးနေ့ရက်တွေက ကြာမြင့်
လာခဲ့တယ်… မဟာဗျူဟာမြောက်ထိုးစစ်
ကြီးစဖို့ တော်လှန်ရေးအုပ်စုတွေကြားမှာ ညီညွတ်ရေးဆိုတဲ့ Unity power
ပျောက်ဆုံးနေတယ်…
အာဏာရလာတာကြာလာတာနဲ့အမျှ တရုတ်
ပဒေသရာဇ်ရဲ့ရိုးတွင်းချဥ်ဆီထဲစွဲကပ်နေတဲ့ Middle Kingdom Emperor
mindsetက Xi ဆီမှာ ကိန်းအောင်နေ
ခဲ့တယ်… နိုင်ငံငယ်တွေကိုချနင်းပြီး စီးပွား
ရေးကိုလိုနီပြုရင်း တရုတ်ကချမ်းသာလာ
တယ်… WTO မှာ မျိုးစုံကြိုးခုန်ပြီး စီးပွား
ရေးဖွံ့ဖြိုးစနိုင်ငံတွေရဲ့ အခွင့်အရေးကို အကုန်ယူပြီး ပို့ကုန်&တင်သွင်းကုန်တွေကို
စိတ်ကြိုက်တင်ပို့တယ်…
စီးပွားရေးအားကောင်းလာတော့ စစ်ရေးအင်အားတိုးချဲ့လာပြီး USလိုနိုင်ငံနဲ့ရင်ဘောင်တန်းချင်ရုံသာမက ကမ္ဘာကြီးကို
လွှမ်းမိုးချုပ်ကိုင်ချင်လာတယ်…မေလ၇ရက်
ရုရှားရဲ့နှစ် ၈၀ပြည့်ရင်ပြင်နီအောင်ပွဲအခမ်း
အနားကိုတက်ရောက်ဖို့ မော်စကိုရောက်လာ
ချိန်မှာ ကမ္ဘာကြီးမှာ တစ်ဖက်သတ်ခြယ်လှယ်
မှုတွေနဲ့ လက်ဝါးကြီးအုပ်ဗိုလ်ကျစိုးမိုးမှုကို
တွန်းလှန်ရာမှာ တရုတ်ဟာ ရုရှားနဲ့အတူရင်
ဘောင်တန်းရပ်တည်ရင်း ကမ္ဘာစူပါပါဝါ
နိုင်ငံကြီးတစ်ခုအနေနဲ့ ယူသင့်တဲ့တာဝန်တွေ
ယူသွားမယ်လို့ Xi ကဆိုတယ်…
ရှေ့တစ်မျိုး နောက်တစ်မျိုးလုပ်တတ်တဲ့အာ
ဏာရှင်တွေရဲ့လုပ်ရပ်က အပြောပဲရှိပြီး နိုင်ငံ
ငယ်တွေရဲ့ပြည်တွင်းရေးကို လိုသလိုထိန်းညှိ
ဖို့ ဇောက်ထိုးလှန်နေကြတယ်…အိမ်နီးချင်း
မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်မစွက်
ဖက်ပါဘူးဆိုပြီး အာဏာလုထားတဲ့ စစ်ကောင်စီကို ထောက်ပံ့ပေးတယ်…ကြားဝင်
ဖြန်ဖြေပေးတယ်ဆိုပြီး တိုက်ယူလို့ရထားတဲ့
EAOတွေအပေါ် အနိုင်ကျင့်ပြီး ပြန်ပေး
ခိုင်းတယ်…မြန်မာနိုင်ငံကို ခေတ်သစ်ကိုလိုနီနည်းနဲ့ သိမ်းယူထားတယ်…
တကယ်တမ်းနိုင်ငံတကာစင်မြင့်ရှေ့မှာတော့
အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖုတ်လေတဲ့
ငါးပိ ရှိတယ်လို့တောင် မထင်ဘူး…ရင်ပြင်နီအောင်ပွဲအခမ်းအနားမှာ Xi Jingping နဲ့
Putinထိုင်တဲ့ခုံ နောက်တန်းက နိုင်ငံခေါင်း
ဆောင်တွေနဲ့ တစ်တန်းထဲထိုင်ဖို့မပြောနဲ့ နောက်တန်း ချောင်ကထိုင်ခုံမှာ ထိုင်ခိုင်ထားတယ်…အသုံးချခံ Pawn အဆင့်သာသာ
ပဲ သဘောထားတယ်…
TNLAအနေနဲ့ လူရိုသေ ရှင်ရိုသေအဖွဲ့ဖြစ်
ချင်ရင် ပြည်သူလူထုရဲ့လိုလားမှုကိုဖော်
ဆောင်ပါ… တောင်ခမ်းကနေစပြီး ပြင်ဦးလွင် မန္တလေးအထိ စုန်ဆင်းနိုင်မယ့် ရှမ်း-မန်း
စစ်ဆင်ရေးကို ဖော်ဆောင်ပါလို့ တိုက်တွန်း
ချင်တယ်…စစ်ရေးအတူဖော်ဆောင်ခဲ့တဲ့
MDY-PDF လည်း ရှိနေတာပဲ…
ပြည်သူလူထုနဲ့အတူ ဆုံးရှုံးဝမ်းနည်းအားငယ်
ချိန်မှာ အားပေးနွေးထွေးမှုမပြုနိုင်ရင် အောင်
မြင်တဲ့အချိန်မှာ ဝေမျှခံစားဖို့ မစဥ်းစားပါနဲ့
လို့ ယောင်ချာချာဖြစ်နေတဲ့ EAOတွေကို
ပြောချင်ပါတယ်…
တော်လှန်ရေးမှာ အပြောအဆိုအခံရဆုံး အဖွဲ့
ကွဲတွေအများဆုံးဖြစ်တဲ့ KNU/KNLAက
NUG-PDFတွေ ခုနောက်ပိုင်း ထိုးစစ်ကြီး
တွေ ဆင်နွဲလာပြီး မေလ၉ရက်နေ့မှာ ထိုင်း-
မြန်မာနယ်စပ် ထီးခီးစခန်းကို သိမ်းပိုက်နိုင်
ခဲ့တယ်…KNU ရဲ့ ဌာနချုပ်ဟောင်းဖြစ်တဲ့
မာနယ်ပလောဒေသကို ထိန်းချုပ်ပြီးနောက်
ပိုင်းမှာ လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့မှာရှိတဲ့
တပ်စခန်းတွေကို တိုက်ခိုက်လာတယ်…
မူဆယ် ၁၀၅မိုင်နဲ့ မြဝတီကုန်သွယ်ရေးဇုံရပ်
ဆိုင်းနေချိန်မှာ ထီးခီးကုန်သွယ်ရေးစခန်းက
စစ်ကောင်စီအတွက် နယ်စပ်ကုန်သွယ်ရေး
မှာ အသက်ရှုပေါက်ရစရာဖြစ်ခဲ့တယ်…
ကြာကြာထိန်းနိုင်လေ စစ်ကောင်စီနှာနုကို
ဖြတ်ရိုက်နိုင်လေလေပဲ…
KNU/KNLA တပ်မဟာထဲမှာ တပ်မဟာ
၅က ကရင့်တော်လှန်ရေးနဲ့ နွေဦးကိုပေါင်း
စပ်လုပ်ကိုင်နေတဲ့ အမာခံတပ်ဖွဲ့ဖြစ်တယ်…
တပ်မဟာ၃လည်း တပ်မဟာ၅အတိုင်းပဲ…
မဟာမိတ်NUG-PDFတွေကို နွေးထွေးစွာ
လက်ခံ စစ်ပညာသင်ပေးပြီး တိုက်ပွဲအတူ
ဝင်နေတယ်… အသေးအမွှားပြဿနာတွေ
ရှိပေမယ့် အတူလက်တွဲတိုက်ပွဲဝင်တယ်…
အခုဆိုရင် PDF-only တွေ ပဲခူးတိုင်း
ရွှေကျင်မြို့နယ်မှာအခြေစိုက်ထားတဲ့ ခမရ-၅၉၈ကို တ်ုက်ခိုက်သိမ်းပိုက်ထားတယ်။
PDFတွေအရွယ်ရောက်လာပြီး…
KNU တပ်မဟာ၆နယ်မြေက ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကများသလို
စစ်ကောင်စီနဲ့ပေါင်းပြီး ငွေရှာနေတဲ့ BGF- KNA, DKBA, KNU/KNLA-PC
အဖွဲ့တွေကြောင့် မိခင်KNUလည်းနာမည်
ပျက်ပြီး ဆရာမနိုင် နှစ်ဆောင်ပြိုင်ဖြစ်ခဲ့
တယ်…စစ်ကောင်စီသွေးခွဲမှုက တောင်ပိုင်း
မှာအလုပ်ဖြစ်ခဲ့သလို KNU/KNLA ထိပ်
ပိုင်းခေါင်းဆောင်တွေထဲမှာ BGFပေးစာ
ကမ်းစာစားပြီး ဂယောင်ဖတ်နေသူတွေ၊ရှေး
ရိုးစွဲတွေနဲ့ သပွတ်အူလှိုက်နေခဲ့တယ်…
ကရင်အချင်းချင်းမတိုက်ဘူးဆိုတဲ့ တော်
လှန်ရေးသွေးလေမမှန်တဲ့ ဂျိုကုပ်အဖိုးကြီး
တွေကြောင့် အောက်ခြေ KNLAတပ်သား
တွေ၊ PDFတွေ စတေးခံရသူတွေ၊ ထွက်ပြေးသူတွေနဲ့ တော်လှန်ရေးကို စိတ်ပျက်ထွက်သွားသူတွေ များခဲ့တယ်…
ဒါကြောင့် တပ်မဟာ၆ဘက်မှာ KNLA
အဖွဲ့တွေ PDFစစ်ကြောင်းတွေ အခြေအနေ
လိုက်ပြီး မီးစင်ကြည့်ကနေရတယ်… နောက်
ပိုင်း အခွင့်အရေးပိုရလာကြပြီး ပွဲကလာ
နိုင်တယ်… ကော့ကရိတ်မြို့ကြေသွားတာ
မြဝတီကို ရပြီးမှ BGFတွေလက်ထဲက
တဆင့်အကြမ်းဖက်စစ်တပ်ကိုပြန်ပေး
လိုက်ရတဲ့ဖြစ်ရပ်မျိုး သင်ခန်းစာယူနိုင်ကြဖို့
လိုတယ်…တောင်ပိုင်းရဲ့အနေအထားက
စုစည်းအားကောင်းခဲ့ရင် ညီညွတ်ခဲ့ရင် စီးပွားရေးမြို့တော်ရန်ကုန်နဲ့ နေပြည်တော် (ကြပ်ပြေး)ကို မဟာဗျူဟာမြောက်ထိုးစစ်ဆင်နိုင်မယ့်အားသာချက်တွေရှိတယ်…
တအာင်း-TNLAနဲ့ တောင်ပိုင်းအင်အားကြီး
KNU/KNLAအနေနဲ့ မိမိတို့ရဲ့တော်လှန်
ရေးဂုဏ်သိက္ခာ၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးစနစ်
အတွက် Chellengeခေါ်ရမယ့်အချိန်
ရောက်ပြီးလို့ထင်တယ်… ရေလိုက်ငါးလိုက်
သွားခဲ့ရင်၊ အကြမ်းဖက်စစ်တပ်ကိုအချိန်
ပေးမိလို့ကတော့ တချိန်ကျ နင်းချေဖျက်ဆီး
ခံရပြီး မိမိတို့အဖွဲ့၊ ကိုယ့်လူမျိုးနဲ့ နိုင်ငံတော်
အတွက် တရားခံဖြစ်သွားလိမ့်မယ်…
KIO/KIA, ULA/ AA လို EAOsမျိုး
ဖြစ်အောင် လုပ်ကြစမ်းပါ… ဒီလိုအခွင့်အရေးမျိုး နောက်တစ်ကြိမ်ပြန်ဖြစ်ဖို့ဆိုတာ
မလွယ်ကူတော့မယ့်အချိန် တစ်ချီ တစ်မောင်းပြည်သူလူထုနဲ့အတူ ထရုန်းလိုက်ရင်
ဖြင့် ကျရှုံးလုဆဲဆဲဖြစ်နေတဲ့ နိုင်ငံတော်ကြီး
ကို ဝိုင်းဝန်းထိန်းသိမ်းတည်ဆောက်နိုင်မယ်။
Written by: A.M.H (Irony)