စကစပိုင်းလော့တွေက သူတို့ကြဲချလိုက်တဲ့သူတွေက PDF တွေမဟုတ်ဘဲ ကလေးတွေဖြစ်နေတာ သိရင် နောင်တရမှာလား … အိပ်ပျော်ရဲ့လား မေးကြည့်ရင် … သူတို့နောင်တမရပါဘူး။ အိပ်ပျော်ပါတယ်။ သူတို့မှားတယ်လို့ကို မထင်တာပါ”
တလောက ဟိုးအစောထဲက CDM လုပ်ထားတဲ့ ဗိုလ်ကြီးတယောက်နဲ့ စကားပြောဖြစ်တော့ သူကဘာပြောလဲဆို ….
“အမ အဲ့ပိုင်းလော့ကောင်တွေက တကယ်တော်တာနော်၊ စာတော်တာကိုပြောတာ။ ဒီကောင်တွေ မျက်စိပိတ်နားပိတ်နေခဲ့ရတာလဲမဟုတ်ဘူး။ နိုင်ငံခြားဆိုတာတွေကို ခနခန ပညာသင်လွှတ်ခံရပြီး သွားလာနေတဲ့ကောင်တွေ။ ဘယ်နိုင်ငံမှာ လူတွေဘယ်လိုနေထိုင်ကြတယ် ဆိုတာသိပြီးသား။ အဲ့တာကို ခုလိုကြဲနေကြတာ။ သူတို့စိတ်ထဲမှာ ပြည်သူတွေကို ကြဲနေတယ်ဆိုတာလဲသိတယ်။ ပြည်သူတွေ ပစ်မှတ်ဆိုတာလဲသိတယ်။ ဒါပေမယ့် သူတို့က ဘာတုံ့ဆိုင်းမှုမှ မရှိဘဲကို စိတ်ပါလက်ပါကို လုပ်ကြတာအမ” …. တဲ့။
မနေ့က ပြောနေကြသလို စကစပိုင်းလော့တွေက သူတို့ကြဲချလိုက်တဲ့သူတွေက PDF တွေမဟုတ်ဘဲ ကလေးတွေဖြစ်နေတာ သိရင် နောင်တရမှာလား … အိပ်ပျော်ရဲ့လား မေးကြည့်ရင် … သူတို့နောင်တမရပါဘူး။ အိပ်ပျော်ပါတယ်။ သူတို့မှားတယ်လို့ကို မထင်တာပါ။
CDM ဗက ဆက်ပြောပြသေးတယ်။ သူတို့ကိုယ် သူတို့ “သူပုန်တွေကို နှိမ်နင်းတယ်။ ကျူပင်ခုတ် ကူငုတ်မကျန်ဘူး။ သူပုန်ကလေးတွေကြီးလာရင် သူပုန်တွေပဲ ဖြစ်လာမှာ” လို့ပြောပြီးမှကို သိသိရက်နဲ့လုပ်ကြတာ အမ …. တဲ့။
သူတို့အကုန်သိပါတယ်။ အမိန့်ပေးတဲ့သူရော အမိန့်နာခံတဲ့သူတွေရော သိသိရက်နဲ့ ကျူးလွန်ကြသူတွေ။ ပြီးရင်တော့ သတင်းတုတွေဆိုပြီး ဗြောင်လိမ်တယ်။ ယုံပစ်တာပဲ။ သူတို့ဆီမှာ လူနဲ့တူတဲ့စိတ်ဆိုတာမရှိတော့တာ ကြာပါပြီ။ ရည်ရွယ်ချက်ရှိရှိနဲ့ကို လူစိတ်မရှိတော့တာပါ။
ဒီခရီးဟာ အင်မတန်မှ ကြမ်းတမ်းလွန်းပါတယ်။ လူစိတ်မရှိတဲ့ လူတွေနဲ့ယှဉ်ပြိုင်ထိုးသ-တ်ရတဲ့အခါ လူစိတ်ရှိတဲ့ ကိုယ့်လူတွေက ပြောရက်စရာမရှိလောက်အောင်ကို အထိနာရပါတယ်။
ဒါပေမယ့်လည်း ဒီတိုက်ပွဲအောင်မှ … အာဏာရှင် လက်အောက်ကလွတ်မှ … ဒီဒုက္ခတွေက ချုပ်ငြိမ်းနိုင်မှာပါ။
ကျဆုံးပျက်စီးရသူတွေရဲ့ ဆုံးရှုံးမှုတွေ အလဟဿ မဖြစ်ရအောင် ကျန်ရစ်ခဲ့တဲ့သူတွေက ကြိုးစားရမှာပါ။ ။
အဆုံးထိ ကြိုးစားကြရမှာပါ။ ။