“အိုးထိန်းကွင်းရွာဖြစ်စဥ် စစ်တပ်လက်ချက်ဖြစ်ကြောင်း တပ်မတော်ထောက်ခံသူတွေပြော”

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က မေလ ၁၂ ရက် မနက်ပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၂၀ နဲ့ ဆရာမ ၂ ဦး၊ စုစုပေါင်းလူ ၂၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော်ရှိကြောင်း ဒေသခံများထံက သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သတ်ပြီး အာဏာသိမ်းစစ်ကောင်စီက ၄င်းတို့လက်ချက်မဟုတ်ကြောင်း မေလ ၁၂ ရက်နေ့ ညပိုင်းမှာ MRTV အပါအ၀င် ၀ါဒဖြန့်မီဒီယာတွေကနေ သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က ငြင်းဆိုပေမယ့် စစ်တပ်‌ထောက်ခံသူတွေဖြစ်တဲ့ ကျော်စိုးဦးနဲ့ သဇင်ဦးတို့ကတော့ အိုးထိန်းကွင်းရွာစာသင်ကျာင်းကို စစ်တပ်ဗုံးကြဲခဲ့တာဖြစ်ကြောင်း လူမှုကွန်ရက်မှာ ရုပ်သံဖိုင်နဲ့တကွ ပြောဆိုခဲ့ပါတယ်။

Leave a Comment