စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ရန်ကုန်တွင် သရုပ်ပြဆန္ဒထုတ်ဖော်

မေ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီလေပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာမတွေ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ သရုပ်ပြဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှု တရပ်ကို ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) က ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

Yangon Revolution Force ရဲ့ တာဝန်ရှိသူတယောက်က ” တော်လှန်ရေးအတွင်း အကြမ်းဖက် စစ်ကောင်စီက ကျောင်းတွေကို ပစ်မှတ်ထားပြီး ကလေးငယ်တွေ အသက်ဆုံးရှုံးရမှုကို အထင်ကရ ဓာတ်ပုံတွေနဲ့တကွ အသိပေးလှုံ့ဆော်တာပဲဖြစ်တယ်။ ဒါဟာ ဖက်ဆစ်စစ်တပ်ရဲ့ စက်ဆုပ်ရွံရှာဖွယ်တွေကို ထင်ဟပ်စေပြီး ပြည်သူတွေအနေနဲ့ နိုးကြားတုံ့ပြန်ဖို့ လိုအပ်ကြောင်း အသိပေးလိုတာပါ”လို့ ပြောပါတယ်။

ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီ၏ လူမဆန်သောသတ်ဖြတ်မှုကို နိုးကြားမှုရှိစေရန် သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံကာ သရုပ်ဖော် ကမ်ပိန်းပြုလုပ်

ရန်ကုန်မြို့လယ်ခေါင်တွင် ယနေ့ မေ ၁၅ ရက်နေ့က ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force – YRF) အဖွဲ့သည် သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံ၍ သရုပ်ဖော် ကမ်ပိန်းပြုလုပ်ခဲ့သည်။

သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံ၍ သရုပ်ဖော်ခြင်းခဲ့သည် စစ်ကောင်စီ၏ လူမဆန်သော လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်နိုင်ရန်နှင့် ကလေးသူငယ်များ၏ စာသင်ကျောင်းအား လေကြောင်းပစ်မှတ်ထားကာ အကြိမ်ကြိမ် တိုက်ခိုက်မှု ပြုလုပ်လျက်ရှိနေခြင်းကို ကမ္ဘာနှင့်အဝန်း သိရှိနိုးကြားစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံထားသည့် အဆိုပါပုံများသည် အကြမ်းဖက် စစ်ကောင်စီက ဓမ္မကိုမျက်ကွယ်ပြုလျက် စက်ဆုပ် ရွံရှာဖွယ်အကောင်းဆုံးလုပ်ရပ်များဖြင့် ပြည်သူကို ဦးတည်ရန်မူခဲ့သည့် ဒီပဲယင်းဖြစ်စဉ်ကို သက်သေထူခြင်းဖြစ်ကြောင်း YRF အဖွဲ့က ဆိုထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်း မြို့နယ်၊ အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေသူ ကလေးငယ် ၂၂ ဦးနှင့် ဆရာမ နှစ် ဦး စုစုပေါင်း ၂၄ ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့သည်။

ယခုလှုပ်ရှားမှုသည် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ကလေးသူငယ်များအားလုံး ၊ အနာဂတ်ခရီးကို ဆုံးအောင်မလျှောက်နိုင်ခဲ့သော ကလေးသူငယ်များ အားလုံး ကို ရည်ရွယ်ခြင်းဖြစ်ကြောင်း YRF က ဆိုသည်။

ဓာတ်ပုံ-YRF

Leave a Comment