အဘ ကမ္ဘာ့အဆင့်ကို တက်ပြီ..

😁 အဘ ကမ္ဘာ့အဆင့်ကို တက်ပြီ..

တပည့်ဖြစ်သူတွေက ချက်လက်စ ဝက်သားတွေကို ပစ်ထားပြီး မဆုတ်တမ်းခံစစ် စခန်းက ခွေးပြေးဝက်ပြေး အလုအယက် ထွက်ပြေးနေချိန် သူတို့ရဲ့ အဘကတော့ “အမေရိကန်က အခွန်တိုးမကောက်သင့်ဘူး”လို့ ကမ္ဘာ့သိ ပြောကြားလိုက်ပါသတဲ့။

အဲ့ဒီလို ပြောတာဟာ မြန်မာနိုင်ငံတခုတည်းအတွက် မဟုတ်ပဲ ကမ္ဘာကြီးတခုလုံး အတွက် ရည်ရွယ်ပြီး ပြောဆိုရတာဖြစ်တယ်ဆိုပဲ။ မြန်မာနဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေးက ဒေါ်လာ သန် ၉၀၀ လေးပဲ ရှိလို့ပါတဲ့။

ရခိုင် ချင်း ရှမ်းမြောက် ကချင် ကယား စကိုင်းအထက်ပိုင်းနဲ့ ကရင်ကိုပါ ရာနူန်းပြည့်နီးပါး လက်လွတ်ထားရတဲ့သူ၊ ငလျင်အလူုတွေကို ဘုံးပြီး ဘယ်အဆောက်အဦးတခုကိုမှ ပြန်မဆောက်နိုင်တဲ့သူ၊ နိုင်ငံတကာဆန်ရှင်ထိလို့ မျက်ဖြူဆိုက်ရတဲ့အထဲ နယ်စပ်ကုန်သွယ်ရေးစခန်း ၈၀% လက်လွတ် လိုက်ရတဲ့သူ၊ ကျားဖျန့်ဂွင် ပျက်ပြီး မူးယစ်ဆေး လုပ်ငန်းသာ ကျန်ရှိတဲ့သူက စောက်ကြီးစောက်ကျယ်တွေ ထ ပြောတဲ့လုပ်ရပ်ဟာ “ဟာကနဲ ဟင်ကနဲ” ဖြစ်သွားစေပါတယ်။

“လီးသုံး မကျတဲ့ ငါလိုးမသား ကာချုပ််” လို့ လိုက်လွှင့်ဆဲခဲ့တဲ့ ဇော်ဘုန်းဟိန်း၊ “ဘာစောက်အရည်အချင်းမှ မရှိဘူး”လို့ ပြောခဲ့တဲ့မပုတု၊ “လာခဲ့ အဝှါနဲ့ ၂ခါပွတ်လွတ်မယ်”ပြောခဲ့တဲ့ ကျောက်ဆည်က ထမင်းသည် သဇင်ရူး၊ “စောက်သုံးမကျတဲ့ တပ်ချုပ်ကြောင့် တမြို့ပြီး တမြို့ Sold Out Sold out” လို့ အော်ခဲ့တဲ့ ကျော်စိုးရူး ၊ “ရှင်းရှင်းပြောရင် ဦးမင်းအောင်လှိုင်ကိုရော နစကတဖွဲ့လုံးကိုပါ ကျတော် မကြည်ညိုဘူး”လို့ အရူးကွက်နင်း ပြောခဲ့တဲ့ ကြောင်မျိုးမင်း၊ “ဒီလောက်စောက်သုံး မကျတဲ့ကောင်ကို တခါမှ မမြင်ဖူးဘူး”ဆိုတဲ့ ဘူးလက်၊ “ဘာ အရည်အချင်းမှ မရှိပဲ သမ္မတရူး ရူးလို့ တိုင်းပြည်ပျက်ရတာ” လို့ဆိုခဲ့တဲ့ ဖင်လန်က ပြောင်ကြီး စတဲ့ ဘေ-ာမတွေဟာ အခုတော့အသံပြိုင်တူ ထွက်လာကြပါတယ်။

“ငါ့ရို့အဘ ကမ္ဘာ့အဆင့်အထိ ထိုးဖေါက် လာနေပြီကွ” တဲ့။

“ဟေ ဟုတ်လား ကွ” လို့ ICCက ခေါင်းထောင် ထပြီး ပြုံးပြုံးကြီး ကြည့်တယ်။ ပြည်သူတွေကလဲ ဝိုင်းပြီး သြဘာ ပေးကြတယ် “တောက် ဒီမအေလိုး ရူးချက်က…ကွာ.”

ချစ်ကိုကြီး

၁၈.၅.၂၅

Leave a Comment