“ကုသခြင်းထက် တဦးချင်းကာကွယ်ထားနိုင်ဖို့ ပိုအရေးကြီးလာတဲ့ စစ်ကောင်စီ တာဝန်မယူနိုင်တဲ့ ဗီဇပြောင်း Covid-19”
စိုးရိမ်စရာကောင်းတဲ့ COVID-19 တတိယလှိုင်းကြီးက အနီးအနားကို ရောက်လာပြန်ပြီနော်။
ဒီတခါတော့ ဗိုင်းရပ်စ်က ကူးစက်မြန်ပြီး ရောဂါလက္ခဏာတွေပါ ပြောင်းလဲလာတာကြောင့် အားလုံး သတိထားဖို့ လိုအပ်နေပါပြီ။
ဗီဇပြောင်း Covid-19 ကူးစက်ခံရရင် နေ့ရက်အလိုက် ဘယ်လိုလက္ခဏာတွေ ထူးခြားလာနိုင်လဲဆိုတာကို Chulalongkorn ဆေးရုံ (ထိုင်းနိုင်ငံ) ကနေ ထုတ်ပြန်ထားတာလေးတွေကို ကြည့်လိုက်ရအောင်နော်။
အစောပိုင်းရက်များ (၁-၃ ရက်)
ပထမဆုံးရက်တွေမှာတော့ ရိုးရိုးအအေးမိတာ၊ လည်ချောင်းနည်းနည်းနာတာလောက်ပဲ ရှိတတ်ပါတယ်။
ဖျားတာ၊ ပင်ပန်းတာမျိုး မဖြစ်သေးဘဲ ပုံမှန်အတိုင်းပဲ ရှိနေပါသေးတယ်။
အလယ်အလတ်ရက်များ (၄-၅ ရက်)
ဒီရက်တွေမှာ အာသီးရောင်ပြီး လည်ချောင်းနာတာ ပိုဆိုးလာနိုင်တယ်။
ကိုယ်အပူချိန်က ပုံမှန် 36.5°C ကနေ 36.7°C လောက်ကို ရောက်လာနိုင်ပြီး အစာမျိုချရခက်တာ၊ ခေါင်းကိုက်တာ၊ အစာအိမ်လေထပြီး နည်းနည်းမူးဝေတာမျိုးတွေပါ တွေ့ရတတ်ပါတယ်။
ပင်ပန်းနွမ်းနယ်တာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေလည်း စလာတတ်ပါတယ်။
နောက်ပိုင်းရက်များ (၆-၉ ရက်)
၆ ရက်မြောက်နေ့ကနေစပြီး ကိုယ်အပူချိန် 37°C+ အထက်ကို သိသိသာသာ မြင့်တက်လာပြီး ချောင်းခြောက်ဆိုးတာ၊ လည်ချောင်းနာကျင်တာ၊ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်တာတွေ ဖြစ်လာပါလိမ့်မယ်။
37.4°C ကနေ 38°C +++ အထိ ဖျားလာနိုင်ပြီး အသက်ရှူရတာ အခက်အခဲဖြစ်တာ၊ ခြေချောင်းတွေ နာကျင်တာ၊ ဝမ်းလျှော/အော့အန်တာတွေပါ ကြုံလာနိုင်ပါတယ်။
၉ ရက်မြောက်နေ့မှာ ရောဂါအခြေအနေ မထူးခြားဘဲ အပြင်းအထန်ဖျားပြီး အသက်ရှူရခက်ခဲနေပြီဆိုရင်တော့ သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန် ရိုက်ဖို့ လုံးဝလိုအပ်နေပါပြီနော်။
ဒီတော့ ရောဂါမဖြစ်အောင် ဘယ်လိုတွေ အကောင်းဆုံး ကာကွယ်သင့်လဲဆိုတာ ကြည့်လိုက်ရအောင်!
၁။ Mask သေချာတပ်ပါ။
၂။ လက်ကို ဆပ်ပြာနဲ့ စက္ကန့် (၂၀) လောက် သေချာ စင်အောင် ဆေးပါ။
၃။ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာလေး နေပါ။
၄။ တစ်ခုခုကို ထိပြီးတိုင်း ပိုးသတ်ဆေးနဲ့ ဖြန်းတာမျိုး၊ လက်သန့်ဆေးရည်သုံးတာမျိုး လုပ်ပါ။
၅။ လက်ဆွဲနှုတ်ဆက်တာမျိုးကိုတော့ ဒီအချိန်မှာ ရှောင်ကြဉ်တာ အကောင်းဆုံးပါ။
၆။ အပြင်သွားတဲ့အခါ လက်အိတ်လေးတွေ ဝတ်သွားရင်တော့ ပိုပြီး စိတ်ချရတာပေါ့နော်။
ဒီအချက်အလက်တွေက အားလုံး အသိပညာ ဗဟုသုတရအောင် ရည်ရွယ်ပြီး ပြန်လည်မျှဝေပေးတာပါ။
မိမိမှာ ဒီလို ရောဂါလက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုတာနဲ့ ဘာမှမစောင့်ဆိုင်းဘဲ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ ဒါမှမဟုတ် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူဖို့ကိုတော့ လုံးဝမမေ့ပါနဲ့လို့ အထူးမှာချင်ပါတယ်။
အားလုံး ဘေးကင်းလုံခြုံပြီး ကျန်းမာကြပါစေနော်!
Credit: DhaNa