မိုးကုတ်မြို့ကို စစ်ကူသွားသည့် မန္တလေးတိုင်း ဒုတိုင်းမှူးနှင့်အဖွဲ့ TNLA က မြို့သိမ်းလိုက်၍ လှည့်ပြန်ခဲ့ရ

မိုးကုတ်မြို့ကို စစ်ကူသွားတဲ့ မန္တလေးတိုင်းဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်လွင်နဲ့အဖွဲ့ဟာ TNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက မြို့ကို အပြီးတိုင်သိမ်းဆည်းလိုက်တာကြောင့် အရာရှိ၊ စစ်သည်တွေနဲ့အတူ နောက်တန်းကို ပြန်လာခဲ့ရတယ်လို့ လပခနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်နဲ့နည်းဗျူဟာအဖွဲ့ဟာ ဒီကနေ့မှာ မိုးကုတ်မြို့ကို စစ်ရေးအရ ဦးစီးဖို့ တိုင်းစစ်ဌာနချုပ်မှ ထွက်ခွာခဲ့ပြီး နယ်မြေခံတပ်တွေဆီအရောက်မှာ မိုးကုတ်မြို့ကို TNLA အဖွဲ့က ထိန်းချုပ်လိုက်ပြီဆိုတာ သိရတာလို့ လပခနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“မိုးကုတ်ကို TNLA နဲ့ PDF က အလုံးစုံသိမ်းလိုက်ပြီဆိုတော့ သူ့ကိုလည်း နေပြည်တော်က ထမင်းစားခေါ်တော့မယ်၊ မိုးကုတ်အခြေအနေကို တပ်ရင်းတပ်ဖွဲ့တွေက တင်ပြပေမဲ့ ဆိုက်ဝါးထည့်တယ်ဆိုပြီးပြောနေတာ၊ ဒီနေ့မြေပြင်ဆင်းမှသူသိတာ။”

ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်လွင်နဲ့အတူ မိုးကုတ်နယ်မြေအတွင်းမှာရှိတဲ့ တပ်ရင်းတွေအတူ ဆုတ်ခွာလာတာလို့ စစ်ရေးသတင်းအမြစ်က ပြောပါတယ်။

“တိုင်းမှူးအသစ်က စဥ့်ကူးကိစ္စရှင်းနေတာ မပြီးသေးဘူး သူက မိုးကုတ်ကိစွ ရှင်းရမှာ။ သပိတ်ကျင်းက တပ်ကတွေလည်း သေတဲ့သူကသေ၊ ပြေးတဲ့သူကပြေးဖြစ်နေပြီ။”

TNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဒီကနေ့မှာတော့ မိုးကုတ်မြို့ကို အပြီးတိုင်းသိမ်းလိုက်နိုင်ပြီဆိုတာကို ဓာတ်ပုံတွေနဲ့ ဖော်ပြလာတာဖြစ်ပါတယ်။

တကျော့ပြန် ၁၀၂၇ ရှမ်း-မန်း စစ်ဆင်ရေးမှာ သပိတ်ကျင်းခရိုင်ထဲမှာ ပါဝင်တဲ့ သပိတ်ကျင်း၊ စဥ့်ကူး၊ မိုးကုတ်မြို့တို့ကို TNLA နဲ့PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စဥ့်ကူးမြို့နဲ့ မိုးကုတ်မြို့ကို ရရှိခဲ့တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *