ဗန်းမော်မှာ KIA ထိုးစစ် ပြန်စနေပြီး ခမရ ၄၃၇ ကို တိုက်ခိုက်

ကချင်ပြည်၊ ဗန်းမော်ဒေသမှာ KIA ရဲ့ ထိုးစစ် ၁ လဝန်းကျင်ခန့် ရပ်တန့်ခဲ့ပြီးတဲ့နောက် ဇူလိုင် ၂၅ ရက်မှာ ထိုး စစ် ပြန်လည် စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်နဲ့ မိုးမောက်မြို့ ကြား မှာရှိတဲ့ ခမရ ၄၃၇ ကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ မတ်လ ၇ ရက် မှစကာ ကချင်ပြည်အတွင်း ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်ခဲ့ရာ စကစ စစ်စခန်းကြီး၊ငယ် ရာကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော် နဲ့ မြစ်ကြီးနားကြား ဧရာဝတီမြစ်အရှေ့ခြမ်း ဒေသတခုလုံးကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *