ဟားခါးမြို့က Non-CDM သမားများကိုစစ်ကောင်စီလိုသဘောထားမှာဖြစ်ပြီး တွေ့တဲ့နေရာမှာ ပစ်ခတ် တော့မယ်လို့ CDF-Hakha က အမြင့်ဆုံးသတိပေးစာထုတ်ပြန်
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီအလိုကျ CDM မလုပ်ပဲ အကြမ်းဖက်သမားများရဲ့လုပ်ငန်းယန္တရား လည်ပတ်နိုင်အောင်ကူညီပေးနေတဲ့ Non-CDM သမားများကို အကြမ်းဖက်စစ်ကောင်စီလိုသဘောထားသွား မှာ ဖြစ်ပြီးတော့ တွေ့တဲ့နေရာတိုင်းမှာပစ်ခတ်သွားမယ်လို့ Chinland Defense Force – Hakha က စက်တင်ဘာလ ၂၃ ညပိုင်းမှာ အမြင့်ဆုံးသတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
CDF-Hakha ရဲ့ထုတ်ပြန်ချက်ထဲမှာ ၂၀၂၄ ခုနှစ်စက်တင်ဘာလ ၂၃ ရက်မှာ ဟားခါးမြို့ရှိဌာနဆိုင်ရာအားလုံး က ဝန်ထမ်းတွေအကုန်လုံးကို စစ်ကောင်စီကအစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲအတွက် စာရင်းပြုစုနည်း ကိုသင်ကြားပေးတယ်ဆိုတာကျွန်တော်တို့သိထားတယ်။
၂၀၂၂ ခုနှစ်၊ဇွန်လ ၁၆ ရက်မှာ စစ်ကောင်စီနဲ့အလုပ်တွဲလုပ်တဲ့ လူတွေအားလုံးကို စစ်ကောင်စီသဖွယ်သဘော ထားမယ်လို့ကြေညာချက်ထုတ်ပြန်ပြီးဖြစ်တယ်။ဒါပေမယ့် Non-CDM တွေကိုပစ်ခတ်ခြင်းမလုပ်ခဲ့ပါ။
စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် ဒီတစ်ခေါက် သန်ခေါင်စာရင်းကောက်တဲ့ နေရာမှာပါဝင်သူများအားလုံးကို Non-CDM သမားတွေပဲဖြစ်ဖြစ် စစ်ကောင်စီလိုသဘောထားသွားမှာဖြစ်ပြီး တွေ့တဲ့နေရာတိုင်းမှာ ပစ်ခတ်သွားတော့မယ်လို့အသိပေးပါတယ် လို့ CDF-Hakha က ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက လာမယ့် အောက်တိုဘာလ ၁ ရက်ကနေစပြီး ၁၅ ရက်အထိ၊ ၁၅ ရက်ကြာ တစ်နိုင်ငံလုံးအဆင့် သန်းခေါင်စာရင်းကောင်ယူခြင်းပြုလုပ်သွားမယ်လို့ တရားဝင်သတင်းထုတ်ပြန်ထား ပါတယ်။
Leave a Reply