ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)မှလက်နက်တပ်ဆင်ခြင်းခဲ့ကြောင်း ညောင်းဦး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
အဆိုပါ လက်နက်တပ်ဆင်ခြင်းအခမ်းအနားနှင့်အတူ သင်တန်းဆင်းပွဲ အခမ်းအနားကိုပါ လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့က MOD က ချပေးတာရယ်၊ရန်သူဆီက သိမ်းထားတဲ့ လက်နက်ရယ်ဆို လက်ရှိလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း လောက်ပဲ တပ်ဆင် နိုင်ပါသေးတယ်”ဟု ညောင်ဦးမြို့ နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ညောင်ဦးမြို့နယ်(ပကဖ)နှင့် ပူးပေါင်းအဖွဲ့များသည် စက်တင်ဘာလ ၂၀ ရက်နေ့က ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်းမှ ကင်းပတ်ပြန်လာသော စစ်သားနှင့်ရဲများလိုက်ပါလာသည့် ကားလေးစီးနှင့် ဆိုင်ကယ်သုံးစီးပါ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သုံးဦးနေရာတင်ပွဲချင်းပြီး သေဆုံး၍ ကိုးဦးမှာ ပြင်း ထန်ဒဏ်ရာများရရှိကာ ညောင်ဦးခရိုင် ဆေး ရုံသို့ ပို့ဆောင်လိုက်ရကြောင်း ညောင်ဦးမြို့ နယ်-ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားထားသည်။
ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သားများထံမှ M22 အမျိုးအစားသေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
(ညောင်ဦးပကဖကိုNUGကာကွယ်ရေးဝန်ကြီးဌာနကလက်နက်တပ်ဆင်ခြင်းနှင့် သင်တန်းဆင်းသောအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-ညောင်ဦးပကဖ)
Leave a Reply