ဘုတလင်မျက်ရည်
ဒီခြံစည်းရိုးမှာ အမေ့သားကြီး
ဦး6ခါc်းကို ချိတ်ဆွဲသွားခဲ့တာပေါ့။
သူ့ခန္ဓာကတော့ ဘယ်ဆီမှန်းမသိ။
လူတယောက်ပါ အရပ်ကတို့ရယ်။
ရှင်တို့ ကျုပ်တို့လိုပဲ
ရယ်တတ် ငိုတတ် ကြောက်တတ်တဲ့
လူသားစစ်စစ်ကြီးတယောက်ပါ။
ဘာလို့များ သူ့ကို ဒီလိုရ၊_က်စ၊_က်သွားရသလဲ?
အမယ်အို ကိုလုပ်ကျွေးခဲ့တယ်။
ရပ်ရွာကို ကာကွယ်ခဲ့တယ်။
ဘာသာတရားကို လေးစားရိုကျိုးခဲ့တယ်။
ကိုယ့်မြေမှာ ကိုယ်နေပြီး
မိစ္ဆာတွေကို လက်မခံခြင်းတခုကပဲ
သူ့မှာ အပြစ်ကြီးဖြစ်လေရော့သလား?
အမေ့သားကို ဘာလို့
ဒီလို လုပ်သွားရတာလဲဟင်။
ဒီခြံစည်းရိုးတိုင်လေးတွေကို မေးမိတယ်
အမေ့သားကြီး ဘယ်လောက်တောင်
နာကြင်ခဲ့ရှာမလဲ?
အမေ့သားရဲ့ နောက်ဆုံးထွm်သm်ကလေးဟာ
ဒီတိုင်လေးတွေမှာ တွယ်ငြိနေမလား?
အဖြစ်ဆိုးလှချေရဲ့လို့ ညည်းတွားရမှာထက်
မယုံနိုင်အောင်ကို ဖြစ်မိခဲ့တာ။
လောကမှာ ဒီလောက်ဆိုးရွားတဲ့
wုတ်မာသူတွေဆိုတာ ရှိနေတယ်တဲ့လား?
လူသားတယောက်ကို
လူသားလို ဆက်ဆံသင့်တယ်။
လူနဲ့လူချင်း လူလို ဆက်ဆံသင့်တယ်။
သူတို့ မိခင်တွေက
ဒါကို မသင်ကြားခဲ့ဘူးလားကွယ်။
သားရေ
ဒီအဖြစ်တွေဟာ မကြာခင်
လူတွေ မေ့ဖျောက်သွားကြမယ့်
ဖြစ်ရပ်တွေထဲက တခုပါပဲ
ဒါပေမဲ့ အမေ့အတွက်တော့
ဘယ်တော့မှ မဖျောက်နိုင်တော့မယ့်
ဒါဏ်ရာ အိပ်မက်ဆိုးကြီးပေါ့။
`အမေ´ လို့ခေါ်သံ မကြားရတော့မယ့်
နောက်ထပ် နေ့ရက်တွေ။
လောကကြီးမှာ ဆက်နေဖို့
ဘယ်လို စိတ်အားမျိုးနဲ့ တင်းရပါ့မလဲ
လူ့အသားဆိုတာ နှီးစလေးရှရင်တောင်
နာတတ်တဲ့ အမျိုးပါ။
ဒီထန်းလက်စည်းရိုးကြားက အမေ့သားရဲ့ မျက်နှာ။
ကောင်းရာသုဂတိ လားပါစေ
အမေ့သားကြီးရေ။
တုန်ရီရီ ချိနဲ့နဲ့ အမေအိုဟာ
ထန်းလက်စည်းရိုးတိုင်လေးကို တယုတယ
အဓိပ္ပါယ်မဲ့ ပွတ်သပ်နေမိတယ်။
`အဓိပ္ပါယ်´ ဆိုတာ လောကမှာရှိသေးရဲ့လား
သူ မသိ။
ထန်းလက်စည်းရိုးလေးကို
ငြင်ငြင်သာသာပွတ်သပ်နေမိခြင်းကိုက
သူ့ရင်မှာ နာလိုက်ဘိခြင်းကွယ်။
Thorn Nay Soe
Oct 27, 9:45 A.M
Leave a Reply