KLFB အမည်ရှိ Online Game Application က ငွေသိန်းသောင်းချီလိမ်လည်မှု ဖြစ်ပွား ၊ ဂိမ်းကစားသူ လူပေါင်း ၅ သိန်းခန့် ငွေလိမ်ခံရ

KLFB အမည်ရှိ Online Game Application က ငွေသိန်းသောင်းချီလိမ်လည်မှု ဖြစ်ပွား ၊ ဂိမ်းကစားသူ လူပေါင်း ၅ သိန်းခန့် ငွေလိမ်ခံရ

မြန်မာနိုင်ငံတွင် KLFB အမည်ရှိ Online Game Application တစ်ခုက ဂိမ်းကစားသူ လူပေါင်း ၅ သိန်းဝန်းကျင်ထံမှ ငွေ သိန်းသောင်းချီ လိမ်လည်မှုဖြစ်ပွားနေကြောင်း ကိုယ်တိုင် ငွေလိမ်ခံရသူများထံမှ သိရှိရသည်။

အောက်တိုဘာ ၁၃ ရက်နေ့မှ စ၍ KLFB Online Game Application အတွင်း ထည့်သွင်းထားသော Accounts များရှိ အပ်ငွေ၊ သွင်းငွေနှင့် ကစားသည့် ငွေကြေးများ အားလုံးကို ထုတ်ယူ၍ မရတော့ခြင်းဖြစ်ကြောင်း ငွေထုတ်ယူ၍ မရတော့သူများကပြောကြားသည်။

“တစ်သိန်းရင်းနှီးမြှုပ်နှံမယ်ဆို တစ်နေ့ကို ၃ ဒသမ ၈ ရာခိုင်နှုန်းပေးတယ်။ အရင်ကတော့ ပိုက်ဆံထုတ်လို့ရတယ်။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က စပြီးတော့ ပိုက်ဆံထုတ်လို့မရဖြစ်နေတာ။ Game နဲ့ ဘောလုံးလောင်းခိုင်းတယ်။ Telegram မှာ Group လုပ်ထားတယ်။ သူတို့ပြောတဲ့ နံပါတ်ကို လောင်းပေးရတယ်။ အရှုံးမရှိဘူး။ အခု ဘာပြောလဲဆိုတော့ ကိုယ့်အကောင့်ထဲမှာ ပိုက်ဆံ ၁၀ သိန်းရှိရင် ၁၀ ရဲ့ ၅ ရာခိုင်နှုန်း ပြန်ထည့်ပေးမှ ကိုယ့်အကောင့်က ပိုက်ဆံထုတ်လို့ရမယ်။ အချိန် ၄၈ နာရီပေးထားတယ်။ ၄၈ နာရီအတွင်းမှ မထည့်ရင် အကောင့်ပိတ်လိုက်မယ်လို့ ပြောတယ်” ဟု KLFB App တွင် ငွေသွင်းထားသူတစ်ဦးမှပြောကြားသည်။

အဆိုပါ KLFB Application တွင် အသုံးပြုသူများသည် KBZ အကောင့်များကိုသာ အသုံးပြု၍ ငွေသွင်း ငွေထုတ်ပြုလုပ်ရပြီး အဆိုပါ KBZ အကောင့်များမှာ အကောင့်အမျိုးမျိုးပြောင်းလဲနေကြောင်း သိရှိရသည်။

“တချို့လူတွေက ပြောကြတယ်။ KBZ ဘဏ်က ဒီ ဂိမ်းနဲ့ ဆက်စပ်နေတာ။ ပိုက်ဆံက KBZ Pay နဲ့ KBZ Special Account နဲ့ပဲ ထည့်ခိုင်းတယ်။ တခြားဘဏ်နဲ့ ထည့်လို့လည်း မရဘူး။ ထုတ်လို့လည်း မရဘူး” ဟု KLFB Application တွင် ငွေလိမ်ခံရသူတစ်ဦးမှပြောကြားသည်။

KLFB Application တွင် KBZ အကောင့်အမျိုးမျိုးအသုံးပြု၍ ငွေကြေးလိမ်လည်သူများ၏ အကောင့်များကို KLFB App အသုံးပြုသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပေးပို့ထားပြီး အဆိုပါ KBZ အကောင့်များမှာ –

  1. 1. 09789965868 La Min
  2. 2. 09989241634 Maung myat ko ko myint
  3. 3. 09759642889 AUNG SU MAY
  4. 4. 09790778479 May Ei Soe
  5. 5. 09784116382 Khin Myo Tint
  6. 6. 09788750637 Daw Myint Yi
  7. 7. 09755591457 Khaing mar win
  8. 8. 09795682610 Khin Maung Aye
  9. 9. 09754551448 Hla Htay Myint
  10. 10. 09796276382 Ma Khin.saw maw
  11. 11.09792767794 Ma Thant Thant Aung
  12. 12. 09770578699 Ei Ei Hlaing
  13. 13.09784140219 San Dar Moe
  14. 14. 09766197901 Nay Myo Zaw
  15. 15.09757344973 U Tun Win
  16. 16. 09772950218 Ma Khaing
  17. 17. 09757089227 Win Nu War
  18. 18. 09782803051 Aye Kyi Ma
  19. 19.09668276258 Ja Tawng Nue
  20. 20. 09768498054 Daw Phyu Phyu Win
  21. 21. 09775991554 Daw Nyo Khaing
  22. 22.09674884553 U Than Htwe Oo
  23. 23. 09758142480 May Thu zaw
  24. 24. 09784872596 Mg kan win
  25. 25. 09754002767 Ma Shwe Ya Hmong Thaw
  26. 26. 09784851667 Thwe Thwe Soe
  27. 27.09771699627 Tin Maung Oo
  28. 28.09784866882 Ma San Maw
  29. 29.09784892642 Khin Than Htay
  30. 30.09267090688 U Yaw Na Than kbz bank Ac – 00851100802751901
  31. 31.00830100802751901 ,Phone Myint Kyaw 02151102106983201
  32. 32. 02130102106983201 ,Hla Theingi Win 00951100902040401
  33. 33. 00930100902040401, Daw Khin Aye Chan

စသည့်အကောင့်များ ဖြစ်ကြပြီး အဆိုပါ အကောင့်များအပြင် အခြားအကောင့်များလည်း ရှိသေးကြောင်း သိရှိရသည်။

KLFB Application ကို ထိန်းချုပ်ထားသူများမှာ မည်သူများဖြစ်သည်ကို အဆိုပါ Application သုံးစွဲသူများ မသိရှိကြဘဲ လောက်ကိုင်မြို့တွင် အခြေစိုက်ထားသည်ဟုသာ ကြားသိရပြီး လတ်တလောတွင် ထိုင်းနိုင်ငံ နယ်စပ်သို့ ထွက်ပြေးသွားသည်ဟူ၍လည်း ကြားသိရကြောင်း KLFB Applicatiom သုံးစွဲသူများက ပြောကြားသည်။

KLFB သုံးစွဲသူများအနေနှင့် ငွေကြေးလိမ်လည်သွားသူများ၏ KBZ အကောင့်နှင့် KPay များကို ၎င်းတို့ ငွေထုတ်၍ မပြေးမီ အမြန်ဆုံး ပိတ်ပေးစေလိုကြောင်း၊ KBZ ဘဏ်၏ တရားဝင်ဘဏ်စာမျက်နှာသို့ KLFB နှင့် ပတ်သက်၍ စာပို့မေးမြန်းသော်လည်း ၎င်းတို့နှင့် မသက်ဆိုင်ဘဲ သတိထားရန်သာ ပြန်လည်ဖြေကြားကြောင်း သိရှိရသည်။

“ဒီနေ့ နောက်ဆုံးနေ့ ဒီနေ့ ပိုက်ဆံ မထည့်ရင် အကောင့် ပိတ်လိုက်မယ်လို့ ပြောတယ်” ဟု KLFB အသုံးပြုသူတစ်ဦးက ပြောကြားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *