ရာထူးတိုးရင် မုန့်ဟင်းခါးဘဲ ကွန်ဖန်း

မအူပင်မြို့မှ ရာထူးတိုးပေးကာ စစ်ကိုင်းတိုင်းသို့ ပြောင်းရွှေ့ခံခဲ့ရသည့် ဒုရဲအုပ် အောင်မျိုးဦး တိုက်ပွဲအတွင်း သေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့မရဲစခန်းမှနေ၍ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်သို့ ရာထူးတိုးကာ ပြောင်းရွှေခံခဲ့ရသည့် ဒုရဲအုပ်အောင်မျိုးဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က အင်းတော်ဒေသရှိ တိုက်ပွဲတစ်ခုတွင် သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ဒုရဲအုပ်အောင်မျိုးဦးသည် မအူပင်မြို့ လယ်ကိုင်း ကာကင်း ရဲစခန်း၏ ရဲကင်းမှုးအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်က ဆက်ဆံရေးကောင်းမွန်ပြေပြစ်ပြီး ရပ်ရွာအကျိုးပြု လုပ်ငန်းများဆောင်ရွက်ခဲ့သဖြင့် လူသိများသူတစ်ယောက် ဖြစ်ကြောင်း သိရသည်။

“သူ(ဒုရဲအုပ်အောင်မျိုးဦး) က မပြောင်းချင်ပဲ ပြောင်းသွားရတာ။ ဒုရဲအုပ်ကနေ ရဲအုပ်ရာထူးတိုးပေးပြီး စစ်ကိုင်းတိုင်းဘက် ပြောင်းရွှေ့ခံခဲ့ရတာ။ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း အင်တော်မြို့နယ်က ရှေ့တန်းတစ်နေရာက တိုက်ပွဲထဲမှာ ကျတာ ” ဟု ရဲအုပ်အောင်မျိုးဦး မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီတိုင်း အတွင်းရှိ ရဲတပ်ဖွဲဝင်အများစုသည် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်များသို့ ပို့ဆောင်ခံနေရသည်။

ထို့သို့ ပြောင်းရွှေ့ခံနေရသဖြင့် အချို့ရဲတပ်ဖွဲဝင်များသည် ပြောင်းရွှေခံရစဥ် လမ်းခရီးတွင်ပင် ထွက်ပြေးသွားသူများရှိပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေသူများလည်း ရှိကြောင်း CDM ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များထံက သိရသည်။

“သူက အိမ်ထောင်မရှိဘူး။ မအူပင်မြို့မှာတာဝန်ကျတာ မကြာသေးပေမယ့် မြို့ပေါ်မှာ သိပ်ကြာကြာ မနေရဘူး။ မအူပင်မြို့စရောက်ကတည်းက မအူပင်မြို့ အနီးတဝိုက်က ရဲကင်းစခန်းတွေကိုပဲ အပို့ခံထားရတာ။

နောက်ဆုံးတာဝန်ကျခဲ့တဲ့ လယ်ကိုင်းရဲစခန်းကနေ အင်းတော်မြို့နယ်ရဲစခန်းအပြောင်းရွှေခံလိုက်ရပြီး တိုက်ပွဲထဲမှာ သေတာပဲ” ဟု သေဆုံးသူ ရဲအုပ် အောင်မျိုးဦးနှင့် နီးစပ်သူက ဆိုသည်။

ပုံစာ- သေဆုံးသူ ဒုရဲအုပ် အောင်မျိုးဦး


Comments

Leave a Reply

Your email address will not be published. Required fields are marked *