C 3 စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ စစ်တပ်၏ C 3 စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွား ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း ဟားခါးမြို့နှင့်ထန်တလန်မြို့အကြား စစ်တပ်၏ C 3 စစ်စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ အဆိုပါ စစ်ကောင်စီတပ်၏ C3 တောင်ကုန်းစခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ယင်းစခန်းသည် စစ်ရေးအရ အရေးပါကြောင်း၊ ဗျူဟာကျသည့်တပ်စခန်းကုန်းတစ်ခုဖြစ်ပြီး ယင်းစခန်းတွင် စစ်ကောင်စီတပ်၏ အင်အား ၃၀ ဝန်းကျင် တပ်စွဲထားကြောင်း၊ ချင်းပြည်အစိုးရတပ်များက ဝင်ရောက်လာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားကြကြောင်း သိရှိရသည်။ “အော်တိုတောင်ကုန်းဆိုတာ ရှိတယ်။ အဲဒီ စခန်းကုန်းကို C3 တောင်ကုန်းက စစ်ခွေးတွေအကုန်လုံးသွားပေါင်းတယ်။ အင်အား ၃၀ […]
C 3 စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ Read More »