MBT မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (Photos New)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အခြေစိုက် Myingyan Black Tiger – MBT မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၅ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ သင်တန်းသား ၄၀ ဦးပါတဲ့ အဆိုပါစစ်သင်တန်းကို နိုဝင်ဘာ ၂ ရက်ကစတင်ကာ ၁ လကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကိုလည်း တပ်ဖွဲ့အခြေစိုက်ရာဒေသအတွင်းမှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ သင်တန်းအတွင်း အခြေခံစစ်ပညာနဲ့ ပြည်သူအပေါ်ဆက်ဆံပေါင်းသင်းရေးတွေကို အဓိကသင်ကြားပေးခဲ့တယ်လို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ပြောပါတယ်။ MBT မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၄ သင်တန်း ဆင်းပွဲကိုလည်း အောက်တိုဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ … Read more

အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး စစ်မှုထမ်းအဓမ္မလူစုပေးနေတဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့မှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ပေါင်းပြီး စစ်မှုထမ်းအတွက်အဓမ္မ လူသစ်စုဆောင်းတဲ့ ရာအိမ်မှူး အမျိုးသား ၁ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ Dragon Brother(GBK PDF)က သတင်းထုတ်ပြန်ထားပါတယ်။ အသတ်ခံရသူမှာ ကြို့ပင်ကောက်မြို့နယ်၊ တောင်ရွာမရပ်ကွက်ရဲ့ ရာအိမ်မှူး အသက် ၄၅ နှစ်ဝန်းကျင် ကိုအောင်ထွန်း ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် မနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ရုံးလမ်းထောင့် ဆိုင်ကယ်ကယ်ရီဂိတ်အနီးမှာ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ “ အုပ်ကြီးရယ် အခြားသူတွေရယ် ၄ ယောက်စုပြီးစကားပြောနေတုန်းမှာ သူ့ကိုရွေးပြီးပစ်ခဲ့တာ။ ဒီကောင်က အုပ်ကြီးကို ကြိုးကိုင်နေတာ။ ခေါင်းကို ၂ ချက်ပစ်ခဲ့တယ်။ သူ့ဆီက လက်ကိုင်ဖုန်း ၁ လုံးတော့ သိမ်းခဲ့တယ်“ လို့ Dragon Brother(GBK PDF)က ယာယီစစ်ကြောင်းမှူးက … Read more

မတ္တရာအရှေ့ခြမ်းတိုက်ပွဲ စစ်သား ၇ဦးခန့်သေဆုံး၊ စစ်သုံ့ပန်းနှင့် ခဲယမ်းအချို့သိမ်းရဟု မန္တလေး PDF ပြော

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ထိန်းချုပ်နယ်မြေသို့ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးခန့်သေဆုံးကာ စစ်သုံ့ပန်းနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက အသိပေးထုတ်ပြန်သည်။ ဒီဇင်ဘာ ၂ ရက် ညပိုင်းက မန္တလေး PDF ထိန်းချုပ်စိုးမိုးထားသော မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၃ ရက်တွင် စစ်ကောင်စီ စစ်ကြောင်းနှင့် မန္တလေး PDFတို့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း မန္တလေး PDFက ယနေ့(ဒီဇင်ဘာ ၄ ရက်)တွင် သတင်းထုတ်ပြန်သည်။ တိုက်ပွဲအတွင်း စစ်သုံ့ပန်း တစ်ဦး နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သားအလောင်း(၇)လောင်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး … Read more

စစ်အုပ်စု လုံခြုံရေး ယူခိုင်းပြီး ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်း အားလုံးနီးပါး ပြန်လည်ပတ်

စစ်အုပ်စု လုံခြုံရေး ယူခိုင်းပြီး ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်း အားလုံးနီးပါး ပြန်လည်ပတ် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းတွေ အားလုံးနီးပါး ပြန် လည်ပတ်နေသလို စက်ရုံထွက် ကြေးနီတွေကိုလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီက တစ်လတစ် ကြိမ်နှုန်းနဲ့ စစ်အုပ်စု လုံခြုံရေးကို အသုံးချပြီး ကုန်းကြောင်း၊ ရေကြောင်းကနေ သယ်ယူနေတယ်လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီ ခေါင်းဆောင် ကိုလွမ်းသူက ပြောပါတယ်။ “အခုကတော့ ကြေးနီတွေ သယ်နေတာက လစဉ် ပုံမှန်လိုလို သယ်ထုတ်နေတာပေါ့။ တစ်လကို တစ်ကြိမ်နှုန်းနဲ့ ကြေးနီတွေ သယ်ယူနေတာ။ ကြေးနီတွေ သယ်တာကတော့ ဒီနှစ် ဇူလိုင်လ လောက်ကမှ စသယ်နေတာပေါ့။ အဲဒီ အချိန်တုန်းက ကျနော်တို့လည်း စစ်ဘေး ရှောင်လိုက်ရသေးတယ်။ … Read more

ဗန်းမော်နှင့်မံစီမြို့ရှိ စစ်တပ် စခန်းများအားလုံးကို ဝိုင်းဝန်း ပိတ်ဆို့၍ ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင်

ဗန်းမော်ရှိ ခလရ ၄၇ တပ်ရင်းဌာနချုပ်၏ ကာကင်းစခန်း ၂ ခုကို KIA နှင့် PDF မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗန်းမော်နှင့်မံစီမြို့ရှိ စစ်တပ် စခန်းများအားလုံးကို ဝိုင်းဝန်း ပိတ်ဆို့၍ ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၄၇ တပ်ရင်းဌာန ချုပ်၏ ကာကင်းစခန်း ၂ ခုကို KIA နှင့် PDF မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗန်းမော်နှင့်မံစီမြိုရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီအချိန် ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ် စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA နှင့်မဟာမိတ်တပ်များက ပြင်းပြင်းထန်ထန် … Read more

အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန် မုဒိမ်းကျင့်ခဲ့သော မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီး ထွက်ပြေး

ပြင်ဦးလွင်တွင် စစ်ဘေးရှောင်များ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန် မုဒိမ်းကျင့်ခဲ့သော မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီး ထွက်ပြေး တိမ်းရှောင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် စစ်ဘေးရှောင်များ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကား ကျူးလွန်ခဲ့သော မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးကို စစ်ကောင်စီဘက်မှ တာဝန်ရှိသူတချို့ သွားရောက် စစ်ဆေးခဲ့သော်လည်း ထွက်ပြေး တိမ်း ရှောင်နေကြောင်း ဘုန်းကြီးနှင့် အနီးကပ်နေထိုင်သူ တချို့က ပြောဆိုသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ ပြင်ဦးလွင်မြို့နယ်၊ အင်းကြီးစံပြရွာ၊ အနီးစခန်း စည်သာဆည်အနီးရှိ မြကျောက်အပ္ပမာဒမဟိဒ္ဓိကျောင်းကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ တာဝန်ရှိသူတချို့ ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့သို့ ဝင်ရောက်စစ်ဆေးချိန်တွင် ဘုန်းကြီးကျောင်းရှိ … Read more

မင်းတပ်နဲ့ ဖလမ်းမြို့တွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းညီနောင်တပ်ဖွဲ့ ပြော

မင်းတပ်နဲ့ ဖလမ်းမြို့တွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းညီနောင်တပ်ဖွဲ့ ပြော ချင်းပြည်နယ် တောင်ပိုင်းမှာ တည်ရှိတဲ့ မင်းတပ်နဲ့ ချင်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ ဖလမ်းမြို့တွေက စစ်အုပ်စု စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့တွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းညီနောင်တပ်ဖွဲ့ – Chin Brotherhood (CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီဇင်ဘာလ ၃ ရက်မှာ ပြောပါတယ်။ “ကျနော်တို့ ဒီချင်းညီနောင်စစ်ဆင်ရေး မင်းတပ်၊ဖလမ်းကို ကျနော်ဒီ နိုဝင်ဘာ ၉ ရက်နေ့ ကနေ စတင်ခဲ့တာ ဖြစ်တယ်။ အဲ့ဒီ စတင်ခဲ့တဲ့ နောက်ပိုင်းမှာ မြို့တွင်းကို ကျနော်တို့ ထိန်းချုပ်ထားနိုင်တဲ့‌ အခြေအနေမှာ ရှိပါတယ်။ အခုမှာ ကျနော်တို့ အောင်ပွဲတွေ ရရှိတဲ့ အခြေအနေမှာ ရှိပါတယ်” လို့ ချင်းညီနောင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ … Read more

TNLA ကဲ့သို့ပင် MNDAA ကလည်း တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေး ၊နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းမည်ဟု ထုတ်ပြန်

တအာင်း TNLA ကဲ့သို့ပင် ကိုးကန့် MNDAA တပ်ဖွဲ့ကလည်း တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရေး နိုင်ငံ ရေး နည်းလမ်းဖြင့် ဖြေရှင်းမည်ဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ကြေညာသည်။ ကိုးကန့်တပ် MNDAA က အာဏာသိမ်း စစ်ကောင်စီနှင့် စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ၊ စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် အပြစ်မဲ့ပြည်သူလူထု၏ အကျိုးအကို ငဲ့ညှာထောက်ထားခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းလိုခြင်းနှင့် ပြည်တွင်းစစ်ရေးပဋိ ပက္ခများကို လက်တွေ့ကျကျဖော်ဆောင်နိုင်ရေးအတွက်ဖြစ်ကြောင်း၊ မြန်မာပြည်ထဲမှ ခွဲထွက်ပြီး နိုင်ငံတော်သစ်ထူထောင်ခြင်းကို ပြုလုပ်မည်မဟုတ်ဘဲ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း MNDAA က ထုတ်ပြန်သည်။ MNDAA အနေဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ် … Read more

တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို လွှတ်တော်က ပယ်ဖျက်လိုက်ပြီး စစ်တပ် ပြန်လည် ဆုတ်ခွာ

သမ္မတ၏ မိခင်ပါတီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှု မှားယွင်းဟု ထုတ်ပြန်ပြီး စစ်အုပ်ချုပ်ရေး ပယ်ဖျက်ရန် အတိုက်အခံများနှင့်ပူးပေါင်း တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား ပါလီမန်က အရေးပေါ် အစည်းဝေးခေါ်ယူပြီး ပယ်ဖျက်ကြောင်း ကြေညာလိုက်ရာ စစ်အုပ်ချုပ်ရေးအမိန့် ပျက်ပြယ်သွားကာ တောင်ကိုရီးယားစစ်တပ်က ပါလီမန် အဆောက်အအုံမှ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်သည်။ ယနေ့ညပိုင်းတွင် တောင်ကိုရီးယားသမ္မတက ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယား ပါလီမန်က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ပယ်ဖျက်ကြောင်း လွှတ်တော်မတ် ၁၉၀ က မဲပေး၍ ပယ်ဖျက်ခဲ့ကြောင်း၊ လွှတ်တော်တွင် အမတ်နေရာပေါင်း ၃၀၀ ရှိသည့်အနက်မှ လွှတ် တော် မတ် ၁၉၀ က သမ္မတ၏ … Read more

အမ်းရှိ ကာကင်းစခန်း ၃ ခုနှင့် ယာယီတပ်ဆေးရုံတို့ကို AA သိမ်းပိုက်ပြီး လေကြောင်းမှပို့သည့် စစ်ကြောင်းကိုပါဖမ်းဆီး

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပတ်ချာလည်ရှိ စခန်းများအသိမ်းခံလိုက်ရသည့်အပြင် ခံစစ်ပြင် ကာရံထားသည့် စစ်ကောင်စီ၏ ကာကင်းစခန်းသုံးခုကိုပါ အာရက္ခတပ်တော် (AA)ကသိမ်းပိုက်လိုက်ကြောင်း သိရသည်။ အမ်းမြို့တွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး ကာကင်းစခန်းပြုလုပ်တပ်စွဲထားသည့် မြို့သစ် ဓာတ်ပေါင်းစုစစ်ဘေးရှောင်စခန်း၊ ဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်း၊ လေယာဉ်ကွင်း (မြို့ဟောင်း) စခန်းတို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ရက်နေ့တွင် AA က သိမ်းယူခဲ့ကြောင်း သိရသည်။ ထို့အပြင် ခုတင် ၃၀၀ ဆံ့စစ်ဆေးရုံ အသိမ်းခံရပြီးနောက် အထက ၂ ကျောင်းဝန်းအတွင်း ယာယီတပ်ဆေးရုံပြုလုပ်၍ ခံစစ်အထပ်ထပ်ပြင်ဆင်ထားသည့် အထက ၂ ကျောင်းရှိ စစ်ကောင်စီ၏ ယာယီတပ်ဆေးရုံကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ရက်နေ့တွင် AA က သိမ်းယူခဲ့ကြောင်း သိရသည်။ “ယာယီတပ်ဆေးရုံက ဒရုန်းတွေနဲ့ရော အင်အား ၁၀၀ကျော်ပါချထားပြီး ခံစစ်ပြင်ထားတာ။ စစ် ဆရာဝန်တွေဖမ်းမိတယ်ကြားတယ်။ … Read more