ရခိုင်တိုက်ပွဲသို့ အပို့ခံရသည့် ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင် ၃၀ ကျော် အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေ
ရခိုင်တိုက်ပွဲသို့ အပို့ခံရသည့် ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင် ၃၀ ကျော် အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေ၍ နောက်တန်းအရာရှိအချို့ စစ်ဆေးခံနေရ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခြင်းခံရသည့် ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင် ၃၀ ကျော်မှာ စစ်ကောင်စီတပ်နှင့် အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေကြောင်း တပ်သတင်း ရင်းမြစ်ထံက သိရသည်။ ဧရာဝတီတိုင်း၊ မအူပင်အခြေစိုက် ခလရ ၂၇ မှ အရာရှိနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သည် ပြီးခဲ့သည့် စက်တင်ဘာ လက ရခိုင်ပြည်နယ် ရှေ့တန်း စစ်မျက်နှာပြင်သို့ ပို့ဆောင်ခံရပြီးနောက် လက်ရှိအချိန်ထိ တပ်ရင်းနှင့်အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။ “ရခိုင်တိုက်ပွဲတွေရှိတဲ့နေရာကို အပို့ခံရတဲ့ မအူပင် ခလရ ၂၇ တပ်က အရာရှိနဲ့စစ်သည် ၃၀ ကျော် ရောက်သွားပြီး လပိုင်းအကြာမှာပဲ အဆက်အသွယ်မရတော့တာ”ဟု … Read more