တော်လှန်ရေးတပ်များ ပိတ်ဆို့ထားသည့် သပိတ်ကျင်းတန်းမြင့်ကျောင်းအနီး တိုက်ပွဲ ပြန်ဖြစ်နေ
တော်လှန်ရေးတပ်များ ပိတ်ဆို့ထားသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃)အနီးတွင် စစ်ကောင်စီတပ်ကပြန်လည်တိုက်ခိုက်လာသဖြင့် တိုက်ပွဲများဖြစ်နေကြောင်း သိရသည်။ ဩဂုတ် ၁၇ရက်တွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တပ်စခန်းကို TNLA နှင့် PLA ပူးပေါင်းတပ်များ က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်ရှိနေသေးသည့် တတက ၁၃ တပ်၏ ဘက်နှစ်ဘက်အား ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီး ယခုရက်ပိုင်း၌ ယင်းတပ်ရှိ စစ်သားများက ပြန်လည်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA ) ထံက သိရသည်။ “တတက ၁၃က ဧရိယာအကျယ်ကြီးဆိုတော့ လေးဘက်လေးလံလုံး ပြည့်အောင် မဝိုင်းနိုင်ဘူး။ တွင်းငယ်ဘက်ခြမ်းက နှစ်ဘက်လောက်ပဲ သေချာဝိုင်းနိုင်တယ်။ ထိုးစစ်မဟုတ်ဘဲ ဝိုင်းရုံဝိုင်းထား တာ ဆိုတော့ သူတို့က အခွင့်ကောင်းယူပြီး ပြန်ထိုးဖို့ကြံနေတာနဲ့ တိုက်ပွဲတွေပြန်ဖြစ်တာပါ ” … Read more