သွင်းကုန်နိုင်ငံအဖြစ်မှ ပို့ကုန်နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်နေသည်ဟု စစ်ခေါင်းဆောင်ပြောပြန်

ခြောက်နှစ်ကြာမတိုးသေးသည့် အနည်းဆုံးလစာတိုးပေးရေး ထည့်မပြော စစ်ကောင်စီကြောင့် လုပ်သားထု ပြည်ပနိုင်ငံများသို့ ထွက်ခွာနေ၍ လုပ်သားရှားပါးနေချိန် ပြည်ပမှ ကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းသည့် နိုင်ငံအဖြစ်မှ ပြည်ပသို့ ပို့ကုန်တင်ပို့သည့်နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်နေသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပြန်သည်။ ယနေ့ မေလ ၁ ရက်နေ့တွင်ကျရောက်သည့် ၁၃၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်က အကောင်အထည်ဖော်ပြနိုင်ခြင်းမရှိသည့် ‘သဘာဝ’ ကို အခွင့်အလမ်းဟုဆိုပြီး ထိုအခွင့်အလမ်းကို အကျိုးရှိရှိအသုံးချသင့်သည်ဟု ဆိုသည်။ ထိုသဘာဝဖြင့် ပြည်တွင်းစီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးအပြင် ပြည်ပမှ ကုန်ပစ္စည်းများ ဝယ်ယူ တင်သွင်းသည့်နိုင်ငံအဖြစ်မှ ပြည်ပသို့ ပို့ကုန်တင်ပို့သည့်နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု စစ်ခေါင်းဆောင်က ပြောသည်။ စိတ်ထဲရှိရာပြောတတ်သည့် အာဏာသိမ်းစစ်ခေါင်းဆောင်က အလုပ်သမားများကို ‘အဓိကကုန်ထုတ်စွမ်းအားစု’ ဟု … Read more

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြို့ပေါင်း ၅၄ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကစပြီး ငါးလအတွင်း မြန်မာနိုင်ငံတစ်ဝန်းက မြို့ပေါင်း ၅၄ မြို့ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်ပြီလို့ ဧပြီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ BNI-Myanmar Peace Monitor ရဲ့ သုတေသနအစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအစီအရင်ခံထဲမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ငါးလအတွင်း နိုင်ငံတစ်ဝန်းက စစ်ရေးအခြေအနေတွေကို ဖော်ပြထားတာပါ။ ငါးလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင် ပြည်နယ်က မြို့အများစုကိုသိမ်းယူနိုင်ခဲ့သလို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကယား ပြည်နယ်မှာလည်း မြို့တချို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း … Read more

မုပ္ပလင်လမ်းဆုံအနီး စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွား

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံအနီး စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ ဖြစ်ပွားသဖြင့် လမ်းများပိတ်ပြီး ယာဉ်အသွားအလာများ ၁ နာရီ နီးပါး ရပ်ဆိုင်းသွား မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံအနီးတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားသဖြင့် လမ်းများပိတ်ပြီး ယာဉ်အသွားအလာများ ၁ နာရီ နီးပါးခန့် ရပ်ဆိုင်းသွားကြောင်း ခရီးသွားပြည်သူများကပြောဆိုကြသည်။ မေလ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်မှစတင်ပြီး နံနက် ၈ နာရီ ၄၀ မိနစ်အချိန်အထိ မုပ္ပလင်လမ်းဆုံအနီးတွင် တိုက်ပွဲများ ဖြစ်ပွားဖြင့် လမ်းများပိတ်ပြီး ယာဉ်အသွားအလာများ ၁ နာရီနီးပါး ရပ်ဆိုင်းသွားကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်သံများမကြားရတော့ဘဲ လမ်းများ ပြန်လည် ပွင့်သွားကြောင်း … Read more

မုံရွာ၊ ဘုတလင်နဲ့ ရေဦး 💥 အက်ရှင် မိမိုက်

မုံရွာနှင့် ဘုတလင်မြို့နယ် အစပ် တန်ပိုဂိတ်အနီး ကင်းပတ်နေသော စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်အစပ်၊ တန်ပိုဂိတ်အနီးတွင် ကင်းပတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။ ယမန်နေ့ ဧပြီလ ၃၀ ရက် နေ့ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်စပ်ကြား တန်ပိုဂိတ်အနီး၌ ခြေ လျင် ကင်းပတ်နေသော အကြမ်းဖက်စစ်သားများကို ၈၀ မမ လက်နက်ကြီး ၇ လုံး၊ ၄၀ မမ ဗုံးသီး ၁၀ လုံးတို့ ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိကြောင်း၊ အော်ဟစ်ဆဲဆိုသံများလည်းကြားခဲ့ရကြောင်း သိရသည်။ “စစ်ခွေး ၂ ကောင် … Read more

ကွယ်လွန်ချိန်အထိ အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ခဲ့သည့် ABSDF ရဲဘော်ကြီး

ရှစ်​လေးလုံးလူထု အရေး​တော်ပုံမှစ၍ ​နွေဦး​တော်လှန်​ရေးအထိ စစ်အာဏာရှင်အား လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ABSDF(ကျောင်းသားတပ်မတော်)မှ အသက် ၆၆ နှစ် အရွယ် ရဲဘော်စိုးမြင့်သည် ဦးနှောက်‌အမြှေးပါးရောင်သည့် လက္ခဏာဖြင့် ကွယ်လွန်သွားခဲ့သည်။ မြန်မာနိင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး- ABSDF (မြောက်ပိုင်းဗဟိုဌာနချုပ်)တွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်စိုးမြင့်သည် ဧပြီလ ၂၉ရက်ညတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ “ထိုင်ရာကနေ ရုတ်တရက်လဲကျသွားတာ။ ဆေးရုံကို အချိန်မီပို့ခဲ့ပေမယ့် ဦးနှောက်‌ အမြှေးရောင်တာဆိုတော့။ ဆုံးပါးသွားတာဖြစ်တယ်” ဟု ABSDF( မြောက်ပိုင်းဗဟိုဌာနချုပ်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရဲဘော်စိုးမြင့်သည် ၁၉၈၈ မှ သည် ယနေ့ နွေဦးတော်လှန်ရေးကာလအထိ တော်လှန်ရေးတိုက်ပွဲကာလတလျှောက်လုံး ပါဝင်ခဲ့သူဖြစ်ပြီးရှေ့တန်းတိုက်ပွဲတိုင်းတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်ကြောင်း ABSDF က သတင်းထုတ်ပြန်ထားသည်။ တိုက်ပွဲကာလများအတွင်း ဒဏ်ရာများစွာရရှိခဲ့သော်လည်း ဆေးကုသမှုခံယူပြီး သက်သာလာသည့်အခါ တာဝန်ပြန်လည်ထမ်းဆောင်ရင်း တော်လှန်ရေးကာလတလျှောက် ဖြတ်သန်းခဲ့ရာ တိုက်ရည်ခိုက်ရည်နှင့် … Read more

သွေးခွဲ၊ သပ်လျှိုမှုများ များသထက် များလာနေ၍ သတိထားရန် NUG ဝန်ကြီးချုပ် သတိပေး

စစ်အာဏာရှင် ချေမှုန်းရေး တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲ၊ သပ်လျှိုမှုများ များသထက် များလာနေ၍ သတိထားရန် NUG ဝန်ကြီးချုပ် သတိပေး စစ်အာဏာရှင် ချေမှုန်းရေး တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲ၊ သပ်လျှိုမှုများ များသထက် များလာနေ၍ သတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုသည်။ ယမန်နေ့ ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် ၁၅/၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ခေတ်စနစ်ပြောင်း တော်လှန်ရေး အစအချိန်တွင်လည်း အခက်အခဲနှင့် အကျပ်အတည်းများ ရှိခဲ့သကဲ့သို့ အောင်မြင်မှုဆီသို့ ရောက်ရှိခါနီးအချိန်တွင်လည်း တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲ၊ သပ်လျှိုမှုများ များသထက် များပြားလာကြောင်း ၎င်းက​ ပြောဆိုသည်။ “ခေတ်စနစ်တစ်ခုကနေ တစ်ခုကို ပြောင်းဖို့ ကြိုးစားဆောင်ရွက်ရတဲ့အခါ … Read more

စစ်ကောင်စီခန့်ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ကော့ကရိတ်အပြန်ယာဉ်တန်း တိုက်ခိုက်ခံရ

ဘားအံမှကော့ကရိတ်သို့ထွက်ခွာလာသည့်စစ်ကောင်စီခန့်ကရင်ပြည်နယ်ဝန်ကြီးချုပ်စောမြင့်ဦးအဖွဲ့လိုက်ပါသည့်ယာဉ်တန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်ခဲ့တယ်လို့စစ်ဘက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့ထံမှသိရှိရပါတယ်။ “ယာဉ်တန်းက ကော့ကရိတ်ကနေလာပြီးအပြန်မှာ မြပတိုင်နဲ့ နောင်ထပ္ပံအနီးမှာ တိုက်ခိုက်ခံရတယ်။ ညနေ ၃ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့တယ်” လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုတွင်မိုင်း၂လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အပြင် အာပီဂျေ၊ ဖိုတီးအပါအဝင် လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးကြောင်းအဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။ မြဝတီမြို့ကို လုံခြုံရေးအပြည့်အဝနဲ့ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက အာရှလမ်းတွင် စစ်ကူစစ်ကြောင်းများ ပို့ဆောင်လျှက်ရှိပါတယ်။ တက်လာသည့်စစ်ကြောင်းများ မြဝတီမြို့အထိမတိုးနိုင်အောင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်လျှက်ရှိပါတယ်။ ပုံ – အာရှလမ်းတွင်တက်လာသည့် စစ်ကောင်စီတပ်သားများ

ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေချိန် တရုတ်လူမျိုး ၅၀၀ ခန့် ကျောက်ဖြူသို့ရောက်ရှိလာ

ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေချိန်တွင် တရုတ်လူမျိုး ၅၀၀ ခန့်သည် ကျောက်ဖြူမြို့သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။ ဧပြီလ ၂၈ ရက်မှာ တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းသို့ တရုတ်ပြည်မှ သင်္ဘောဖြင့် တိုက်ရိုက်ရောက်ရှိလာခြင်း ဖြစ်ကြောင်းဖြစ်ပြီး ကျောက်ဖြူတွင် အကောင်အထည် ဖော်နေသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် လာရောက်ခြင်းဟု သိရကြောင်း တရုတ်စီမံကိန်း တစ်ခုတွင် ဝင်ရောက် လုပ်ကိုင်နေသည့်အမည်မဖော်လိုသူတစ်ဦးကပြောသည်။ “တရုတ်ပြည်ကနေ မဒေးကျွန်းကို သင်္ဘောတစ်စီး တိုက်ရိုက်ဝင်လာတယ်။ ဆောက်လုပ်ရေးသုံး စက်ယန္တရား ၂၀ လောက်လည်း ပါတယ်။ အဲ့ဒီ ဘတ်ဟိုးတွေ၊ စက်တွေကိုလည်း ဆိပ်ကမ်းကနေ သူတို့ စီမံကိန်းဇုန်ထဲကို အားလုံးသွင်းယူသွားကြပါပြီ။ သင်္ဘောကတော့ အခုပြန်ထွက်သွားပါပြီ။ တရုတ်တွေကတော့ မဒေးကျွန်းနဲ့ ကျောက်ဖြူကို အသွားအပြန်နေနေကြပါတယ်”ဟု ပြောသည်။ အဆိုပါ တရုတ်များသည် လက်ရှိမှာ ကျောက်ဖြူမြို့ရှိ … Read more

ပေါ်တာဆွဲခံရသော လူငယ်တချို့ အမြဲတမ်း စစ်သားအဖြစ် ရောင်းစားခံရမှုများရှိ

ပေါ်တာဆွဲခံရသော လူငယ်တချို့ အမြဲတမ်း စစ်သားအဖြစ် ရောင်းစားခံရမှုများရှိပြီး စစ်သားတစ်ဦးလျှင် အခြေခံပေါက်စျေး ငွေကျပ် ၁၅ သိန်းရှိကာ ၁၀ တန်းအောင်ဆိုလျှင် ၂၅ သိန်းစျေးပေါက် ရန်ကုန်အပါအဝင်မြို့ကြီးများတွင် လူငယ်တချို့ကို စစ်တပ်က အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးပေါ်တာဆွဲမှုများရှိနေပြီး ယင်းဖမ်းဆီးခံရသော လူငယ်များအနက်မှ တချို့မှာ အမြဲတမ်း စစ်သားအဖြစ် ရောင်းစားခံရမှုများရှိနေကြောင်း ရောင်းစားခံရသည့် မိသားစုဝင်တချို့ကပြောဆိုသည်။ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာမှ လူငယ်တချို့သည် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုမထမ်းလိုသဖြင့် ရန်ကုန်မြို့ထဲဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ ယင်းသို့ တိမ်းရှောင်ရာမှ လူငယ်တစ်ဦးမှာ ဒလဘက်တွင် ဧည့်စာရင်း မတိုင်သဖြင့် စစ်တပ်၏ဖမ်းဆီးမှု ခံခဲ့ရကြောင်း၊ ယင်းသို့ ဖမ်းဆီးခံရပြီးနောက် သန်လျင်စစ်သားစုဆောင်းရေးတပ်အတွင်းသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ လူငယ်ကို စစ်တပ်က အမြဲတမ်းစစ်သား အဖြစ် လုပ်ကိုင်မည်ဆိုပါက ငွေကျပ် … Read more

ဦးပိုင်ကုမ္ပဏီထုတ် Keen Beer မသောက်ကြဖို့ JFM တိုက်တွန်း

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က အသစ်ထုတ်လိုက်တဲ့ Keen Beer ကို မသောက်သုံးဘဲ သပိတ်မှောက်ဖို့ Justic for Myanmar (JFM) က ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ အခုအသစ်ထုတ်လုပ်လိုက်တဲ့ Keen Beer ဟာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ Super Six International Company Limited တို့ အကျိုးတူပူးပေါင်းပြီး ထုတ်လုပ်နေတာလို့ ဆိုပါတယ်။ မြန်မာဘီယာကို အဓိက ထုပ်လုပ်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) က လုပ်ငန်းခွဲအသစ်အနေနဲ့ Keen Beer ကို စျေးကွက်ထဲ မိတ်ဆက် ဖြန့်ချိလာတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က အကြမ်းဖက်လုပ်ငန်းတွေကို ကျူးလွန်နေတဲ့အတွက် စစ်တပ်ပိုင် ကုန်ပစ္စည်းတွေဖြစ်တဲ့ မြန်မာဘီယာ၊ … Read more