လယ်မြေများ ၂ နှစ် မစိုက်ပါက သိမ်းယူမည်ဟု စစ်ကောင်စီဝန်ကြီးပြော

၂ နှစ်အထက် ပစ်ထားသည့်လယ်မြေကို ပြန်သိမ်းမည်၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိသူများလည်း ၆ လအတွင်း သုံးရမည်ဟု စစ်ကောင်စီက ပြောသည်။ လယ်ယာမြေကို ၂ နှစ်အထက် မစိုက်ပျိုးဘဲထားပါက သိမ်းယူမည်ဟု စစ်ကောင်စီ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနောင်က ပြောသည်။ ဧပြီ ၂၅ ရက်နေ့က ပြုလုပ်သည့် ဗဟိုလယ်ယာစီမံခန့်ခွဲမှုအဖွဲ့၏ ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးလည်းဖြစ်သော ဦးမင်းနောင်က ပြောခြင်းဖြစ်သည်။ “လယ်ယာမြေကို ၂ နှစ်အထက် လှပ်ထားခြင်းကို စိစစ်တွေ့ရှိပါက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူပြီး စိုက်ပျိုးလုပ်ကိုင်နိုင်သူများကို စိစစ်၍ ပြန်လည်ခွဲပေးမယ်” ဟု သူက ပြောကြောင်း ဧပြီ ၂၆ ရက်ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွင် ဖော်ပြထားသည်။ … Read more

ရန်ကုန်နှင့်မန္တလေးမြို့တွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တပ်သားသစ်အဖြစ် လူငယ်တချို့ ဖမ်းဆီးခံရ

ရန်ကုန်နှင့် မန္တလေးမြို့ပေါ်တွင်လည်း စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တပ် သားသစ်အဖြစ် လူငယ်တချို့ ဖမ်းဆီးခံရမှုများရှိ နေကြောင်း ဒေသပြည်သူတချို့ကပြောဆိုသည်။ ဧပြီလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ အချိန် လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)၊ ပေါ်ဆန်းမွှေး ၅ လမ်းတွင် နေထိုင်သူ အသက် ၁၈ နှစ် မောင်သီဟထွန်းသည် လမ်းထိပ်တွင် ထိုင်နေစဉ် စစ်တပ်နှင့်ရဲများ ရောက်ရှိလာပြီး စစ်သားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူတချို့ ကပြောဆိုသည်။ “မီးကလည်းမလာတော့ ကလေးတွေက လမ်းထိပ်မယ် ထွက်ထိုင်နေတာ။ အဲဒါ စစ်တပ်နဲ့ ရဲက ဖမ်းသွားတာပါ။ အသက် ၁၈ နှစ်အရွယ် မောင်သီဟထွန်းကို မနေ့ည ၈ နာရီ ၃၀ မိနစ်မှာ ဘာလုပ်နေတာလဲဆိုပြီး … Read more

ဆင်ဘိုမြို့ရှိ ခလရ(၁၄၁)တပ်ရင်းကို KIA၊PDF သိမ်းယူပြီး နယ်မြေရှင်းလင်း

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှူများ၊ ဟိုပင်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေ ကချင်ပြည်နယ် ဆင်ဘိုမြို့ရှိ ခလရ (၁၄၁) တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်တော် (KIA)နှင့် KPDFပူးပေါင်းတပ်က တိုက်ခိုက် သိမ်းယူပြီးနောက် ဟိုပင်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။ ” ၄‌၀ထဲကနေ ပစ်နေတာ။ မရပ်မနား ပစ်နေတာ။ မြို့ပေါ်ကို ကျော် ကျော်သွားတယ်။ ဆင်ဘိုကို ပစ်နေတာ။ဆင်ဘိုက KIA က ရသွားပြီ” ဟု ဟိုပင်မြို့ခံတစ်ဦးက ပြောသည်။ ဟိုပင်မြို့ရှိ ခလရ(၄၀)တပ်က ဆင်ဘိုမြို့သို့ လက်နက်ကြီးဖြင့် လှမ်းပစ်နေခြင်း ဖြစ်သည်။ ဆင်ဘိုမြို့ခလရ (၁၄၁)တပ်ရင်းကို KIAနှင့် KPDFပူးပေါင်းတပ်က ယမန်နေ့ (ဧပြီ ၂၈ရက်)ညနေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့( ဧပြီ ၂၉ရက်) နံနက် ၈နာရီခန့်တွင် နယ်မြေ … Read more

လှိုင်မြို့နယ်ရှိ စစ်​ကောင်စီသတ္ထုပစ္စည်းစက်ရုံကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်

ရန်ကုန်မြို့ ၊လှိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဗျူဟာမှူးအဆင့် အရာရှိ အထိုင်ချတပ်စွဲထားသော စစ်​ကောင်စီသတ္ထုပစ္စည်းစက်ရုံ ကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကအသိပေးထားသည်။ ဧပြီ ၂၈ ရက် ည ၉ နာရီကျော်တွင် ယင်းစက်ရုံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့နှင့်အတူ လှိုင်မြို့နယ် ပကဖ နှင့် Yangon Victory Force တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ပေါက်ကွဲမှုဖြစ်ချိန်တွင် အသံအကျယ်ကြီးကြားရပြီး အချို့တိုက်ခန်းများ၌ တုန်ခါမှု ခံစားရကြောင်း ဒေသခံများကဆိုသည်။ “ဒန်အိုးစက်နား…ကွဲ…ချက်ကတော့အနီးနားတိုက်တွေကနေမီးခိုးအလုံးလိုက်ပါဝိုက်တက်လာတာကိုမြင်လိုက်ရတယ်….။အနီးနားကတိုက်တွေအိမ်တွေဆိုတာငလျင်လှုပ် လိုက်သလိုတုန်ခါသွားချက်”ဟု ဒေသခံတစ်ဦးကပြောသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် ဘာတာ အုတ်ကျင်းပတ်ဝန်းကျင် ၌စစ်ကောင်စီတပ်ကစစ်ဆေးမှုများပိုမိုပြုလုပ်ခဲ့သည်။ ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ သည် Yangon Army နှင့်အတူ အာဏာရှင်ကိုဆန့်ကျင်တိုက်ခိုက်မှုများပြုလုပ်နေသည်။ (လှိုင်မြို့နယ်ကို Google Earth … Read more

မုဒိမ်းကျင့် သတ် ဖြတ် ခံထားရသည့် သူနာပြု အမျိုးသမီးငယ်အလောင်းတွေ့ရှိ

မြိုင်မြို့နယ်၊ စစ်တပ် တပ်စွဲထားသော စက်မှု ၂ အနီးတွင် မုဒိမ်းကျင့် သတ် ဖြတ် ခံထားရသည့် သူနာပြု အမျိုးသမီးငယ်အလောင်းတွေ့ရှိရ စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် အထောက်အထားများတွေ့ရ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ အနီးတွင် မုဒိမ်းကျင့်သတ်ဖြတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို‌ တွေ့ရှိခဲ့ကြောင်း Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ ဧပြီလ ၂၇ ရက်နေ့ အကြမ်းဖက်စစ်သားများ တပ်စွဲနေထိုင်သည့် မြိုင်မြို့နယ်၊ စက်မှု ၂ အနီး၌ အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း ဒေသနေပြည်သူများ၏ သတင်းပေးပို့ချက်အရ Ghost of Enemies – GOE Revolution Force တပ်ဖွဲ့တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ … Read more

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၈ ဦး သေဆုံးပြီး ၁ ဦး အရှင်မိ

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၈ ဦး သေဆုံးပြီး ၁ ဦး အရှင်မိ၊ ၄ မိုင်ရွာရှိ စစ်စခန်းကိုလည်း ပစ်ခတ် တိုက်ခိုက် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၈ ဦး သေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။ ဧပြီလ ၂၂ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ စာသင်ကျောင်းအတွင်း အထိုင်ချတပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ၂ ဖွဲ့ခွဲ၍ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် … Read more

တပ်မ ၆၆ ကစစ်သားတွေနဲ့ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိ

ပဲခူးတိုင်းအ‌နောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ HERO ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။ အုတ်ဖိုမြို့အရှေ့ဘက် တင်းဝါးချောင်းရွာအနီးမှာရှိနေတဲ့ တပ်မ ၆၆ က စစ်သားအင်အား ၆၀ လောက်ပါ စစ်ကြောင်းနဲ့ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းနဲ့ ၂၇ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ “စစ်ကြောင်း ဆုတ်သွားပြီဆိုလို့ သူတို့နေခဲ့တဲ့အိမ်ထဲကို ဝင်ကြည့်ပြီး ပြန်အဆုတ်မှာ စစ်သားတွေက ကိုက် ၁၀၀ အကွာလောက်ကနေ ဝိုင်းပစ်တယ်။ ကျနော်တို့လည်း ခံပစ်ပစ်ရင်းဆုတ်လာခဲ့ရတာ ပြန်လှန်ပစ်ခတ်တာ ၁၅ မိနစ်လောက်ကြာမယ်” လို့ HERO ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်မိုကြိုးက ပြောပါတယ်။ … Read more

ပုဂံမှာ အပူချိန်မြင့်မားလို့ သေဆုံးသူတွေရှိနေပြီး ၁ ရက်ကို ၄ နာရီခန့်သာ လျှပ်စစ်မီးရရှိ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသဟာ နေ့အပူအချိန် ၄၄ ဒီဂရီစင်တီဂရိတ်ထိရှိနေပြီး ကမ္ဘာ့အပူဆုံးမြို့များစာရင်းမှာလည်း ဆက်လက်ရပ်တည်နေပါတယ်။ အပူချိန်မြင့်မား(Heat stroke)ရာကနေ သတိလစ်မူးလဲတာတွေနဲ့ သေဆုံးမှုတွေထိ သက်ကြီးရွယ်အိုတွေ ဖြစ်နေတယ်လို့ ပုဂံမြို့ခံတွေက ပြောပါတယ်။ “ဒီရက်ထဲမှာ တနေ့တယောက်လောက်ကို ဆုံးနေတာ။ လူကြီးတွေ သေကြတယ်။ အပူချိန်ပြင်းတော့ လူကြီးပိုင်းတွေ ပိုပြီးနေရခက်ကြတယ်။ မနက်လင်းကတည်းက မြေကြီးကိုရေရွှဲအောင်ဖျန်းပေးထားတာ နေရတာ သက်သာသေးတာပေါ့။ စိတ်ကတော့ မလန်းဆန်းဘူးပေါ့။ အလိုလိုဒေါသတွေကြီးနေတာ ညကျမီးမလာ၊ ငရဲပါပဲ။” လို့ ပုဂံမြို့ခံတဦးကပြောပါတယ်။ အပူချိန်မြင့်မားနေပေမယ့်လည်း ပုဂံဒေသကို လျှပ်စစ်မီးတနေ့ကို အများဆုံး ၄ နာရီသာပေးထားပြီး အချိန်မှန်ပေးတာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။ “ပါဝါဘန့်တွေ၊ ဖုန်းတွေလည်း အားသွင်းလို့မနိုင်တော့ဘူး။ ဆီကြိတ်စားတဲ့လူတွေလည်း အလုပ်ကိုင် မဖြစ်လို့ဘာလုပ်စားရမှန်းတောင် မသိတော့ဘူး” လို့ မြို့ခံတဦး ကပြောပါတယ်။ ဒါအပြင် အပူချိန်မြင့်မားတာကို … Read more

ရာနှင့်ချီသည့် စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေးနေ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်း တောဟိန်းတောင် ဗျူဟာကုန်း ကို AA က သိမ်းပိုက်လိုက်ပြီး ရာနှင့်ချီသည့် စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေးနေ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့ အနီးရှိ စစ်ကောင်စီ တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး ဖြစ်ကြောင်း ခိုင်လုံသည့် စစ်ရေး သတင်းရင်းမြစ် အရ သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ စ၍ အဆိုပါ ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး ယနေ့ ဧပြီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက် ရရှိခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “တိုက်ပွဲက … Read more

ကြည့်မြင်တိုင် စစ်တပ် ထောက်တိုင် မောင်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ကြည့်မြင်တိုင်မြို့နယ် ပန်းပင်နီလမ်း လူထုသပိတ်ကို ကားဖြင့် တိုက်၍ ပစ်ခတ်ဖြိုခွင်းမှု၏ အဓိက စစ်တပ် ထောက်တိုင် မောင်ဦး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်နီလမ်းတွင် လူထုသပိတ်ကို ကားဖြင့် တိုက်၍ ပစ်ခတ်ဖြိုခွင်းမှုတွင် အဓိက ပါဝင်သူ အကြမ်းဖက် စစ်တပ် ထောက်တိုင် မောင်ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကြည့်မြင်တိုင်မြို့နယ် သရက်တော ၅ လမ်းတွင် အကြမ်းဖက် စစ်တပ် ထောက်တိုက် မောင်ဦးကို Operation Flame (OF) အဖွဲ့က ပစ်ခတ် … Read more