တံတားပြင်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

တံတားပြင်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအဝင်တံတား ပြုပြင်ရန်လာသည့် စစ်ကောင်စီ တပ်နှင့် ပျူစောထီးများကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း Area 71 People Defense Force က ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ တောပုရွာအဝင်တံတားပြုပြင်ရန် အနီးနားကျေးရွာမှဒေသခံများကို ခေါ်ဆောင်လာသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ် အင်အား ၃၀ ခန့်ကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကြေးမုံရွာအတွင်းဝင် ရောက်ချိန်၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “သူတို့ရွာရဲ့ အဓိကထောက်ပို့လမ်းကို ကျနော်တို့ ဖောက်ခွဲဖျက်ဆီးထားတာ ပြင်ဖို့လာတာ၊ အခု အတိုက် ခံရတော့ မပြင်နိုင်ဘဲ ပြန်ဆုတ်ပြေးတယ်”ဟု Area 71 People … Read more

ခလရ ၂၇၅ မှ တပ်မိသားစုဝင်များကို ဗိုလ်မှူးကြီး စောချစ်သူက ငွေကျပ် ၄ သိန်းစီ ပေး၍ နေရပ်ပြန်ခိုင်းခဲ့

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ မှ တပ်မိသားစုဝင်များကို ဗိုလ်မှူးကြီး စောချစ်သူက ငွေကျပ် ၄ သိန်းစီ ပေး၍ နေရပ်ပြန်ခိုင်းခဲ့ပြီး လက်ရှိတွင် ပြန်လာခိုင်းမှုကြောင့် ပြန်လာသူ အချို့ရှိနေဟုဆို ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ်ဖြစ်သည့် စစ်ကောင်စီ၏ ခလရ ၂၇၅ တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အဆိုပါ စခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဧပြီ ၁၁ ရက်နေ့တွင် စခန်းစွန့်ခွာ၍ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၂) တံတားအောင်သို့ တိမ်းရှောင်ခဲ့ကြသည်။ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်အတွင်း ခလရ-၂၇၅ မှ တပ်မိသားစုဝင်များသည် တောင်ပေါ်သို့ ရှောင်တိမ်းခဲ့ကြပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက … Read more

မကွေးတိုင်းအတွင်း လူငယ်များနှင့် အမျိုးသားများကို စစ်ကောင်စီက ပေါ်တာဆွဲ

မကွေးတိုင်းအတွင်း လူငယ်များနှင့် အမျိုးသားများကို စစ်ကောင်စီက ပေါ်တာဆွဲမှု အခြေအနေ ဆိုးလာပြီး အများစု ထွက် ပြေးတိမ်းရှောင်နေရ မကွေးတိုင်းအတွင်းတွင် လူငယ်များနှင့် အမျိုးသားများကို စစ်တပ်က ပေါ်တာဆွဲမှုများ အခြေအနေ ဆိုးလာနေပြီး အများစုမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ ဧပြီလ ၂၇ ရက်နေ့ မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် အမျိုးသားများနှင့် လူငယ်များကို စစ်တပ်က မြို့အဝင်တွင် ဂိတ်ချ ဖမ်း ဆီးလျက်ရှိကြောင်း၊ အဓိကအားဖြင့် စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများ၏ မိဘဆွေမျိုးများက လာရောက်စုံစမ်းသောခါ စိတ်မပူရန် ပြောဆို ပြန်လွှတ်ကြောင်း သိရှိရသည်။ “မြို့သစ်မြို့ အဝင် စစ်ဆေးရေးဂိတ်မှာ မနေ့က ဖြတ်သန်းသွားလာတဲ့ အမျိုး သားနဲ့ လူငယ်မှန်သမျှ အကုန်ဖမ်းပါတယ်။ စုစုပေါင်း လူငယ်နဲ့ အမျိုးသား … Read more

ကားသမားများထံက ငွေတောင်းယူသည့်နေရာတွင် ရေဖြူရဲစခန်းမှ ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ကုန်တင်ကားသမားများထံက ငွေတောင်းယူသည့်နေရာတွင် ရေဖြူရဲစခန်းမှ ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး တနင်္သာရီ တိုင်း၊ရေဖြူမြို့နယ် ရေဖြူရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို ယမန်နေ့ ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ပစ်ခတ်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force- DGRF ထားဝယ်ပကဖ အဖွဲ့ထံကသိရသည်။ ရေဖြူရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်ငြိမ်းချမ်းဦး အသက် (၃၅) နှစ်ခန့်သည် ယမန်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်က ရေဖြူမြို့ အရှေ့ဘက်ကမ်း (ဂ) ရပ်ကွက်ရှိ နေရာသစ်ထမင်း ဆိုင်အနီး ကုန်တင်ကားများနှင့် ပြည်ပသို့ တရားမဝင်သွားရောက်လုပ်ကိုင်မည့် သူများထံမှ ငွေကြေး တောင်းယူနေသည့် နေရာတွင်ရှိနေစဉ် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း DGRF ထံက သိရသည်။ “အဲဒီ ဒုရဲအုပ်က နေပြည်တော်ကနေ … Read more

တရုတ်အင်ဂျင်နီယာများအပါအဝင် ဝန်ထမ်းများစီမံကိန်းကို စွန့်ခွာ

သံတွဲသူဌေး ရေအားလျှပ်စစ်စီမံကိန်းအနီးဖြစ်ပွားနေသည့် တိုက်ပွဲများအထဲမှ လက်နက်ကြီးကျည်များ ကျရောက်လာသဖြင့် တရုတ်အင်ဂျင်နီယာများအပါအဝင် ဝန်ထမ်းများ စီမံကိန်းကိုစွန့်ခွာ ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သဖြင့် စီမံကိန်းတွင် လုပ်ကိုင်နေသည့် တရုတ်အင်ဂျင်နီယာများအပါအဝင် တရုတ် ဝန်ထမ်းများ၊ စီမံကိန်းတွင် လုပ်ကိုင်နေသည့် မြန်မာအင်ဂျင်နီယာများနှင့် ဝန်ထမ်းများသည် ဧပြီ ၂၆ ရက်နေ့က စခန်းကို စွန့်ခွာသွားခဲ့ကြသည်ဟု သတင်းရရှိသည်။ ဒေသခံ တစ်ဦးက “ သူဌေးရေးအားလျှပ်စစ်စီမံကိန်းမှာ လာရောက်လုပ်ကိုင်နေတဲ့ တရုတ် အင်ဂျင်နီယာတွေ အပါအဝင် တရုတ်ဝန်ထမ်း ၃၀ လောက်က မနေ့ကတည်းက စီမံကိန်းကနေ ပြောင်းပြေးကြတယ်။ လက်ရှိသံတွဲက ဟိုတည်တွေမှာ တည်းခိုနေတယ်သိရပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။ လက်ရှိ သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီးတွင် အာရက္ခတပ်တော်(AA)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား … Read more

စစ်မှုထမ်းဟောင်းများ ပင်စင်ပယ်ဖျက်ခံရ၊ အသက် ၇၂ နှစ်အထိ စစ်မှုထမ်းရမည်

စစ်မှုထမ်းဟောင်းများ ပင်စင်ပယ်ဖျက်ခံရ၊ အသက် ၇၂ နှစ်အထိ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီ ထုတ်ပြန် အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံ စစ်မှုထမ်းရမည် ဖြစ်ပြီး ယင်းသို့ စစ်မှုထမ်းနေသည့် ကာလအတွင်း ပင်စင် ပယ်ဖျက်မည်ဟု စစ်ကောင်စီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရေးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။ ဧပြီလ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည့် ‘အရန်တပ်ဖွဲ့ဝင်များ အတွက် စစ်မှုထမ်းစည်းမျဉ်း ထုတ်ပြန်ခြင်း’ ခေါင်းစဉ်ဖြင့် ထုတ်ပြန်စာတွင် အသက် ၆၇ နှစ် အထိ စစ်မှုထမ်းများ အနေဖြင့် သာမန်အားဖြင့် အနည်းဆုံး ၃ နှစ်၊ ထပ်တိုး တစ်နှစ် ၂ ကြိမ်၊ စုစုပေါင်း ၅ နှစ် … Read more

စစ်ကောင်စီ စစ်ဆေးရေးဂိတ်ထဲ လက်နက်ကြီးကျည် ကွက်တိကျ

စစ်ကောင်စီ စစ်ဆေးရေးဂိတ်ထဲ လက်နက်ကြီးကျည် ကွက်တိကျလို့ ပြန်မပစ်နိုင်ဘဲ ၁၅ ယောက်ထက်မနည်း ခြေလက်ပြတ်ရှဒဏ်ရာရပြီး သေဆုံးနိုင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အထွက်က စစ်ကောင်စီရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က ၁၅ ယောက်ထက်မနည်း ခြေလက်ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ(၁) က ထုတ်ပြန်ပါတယ်။ ဧပြီ ၂၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ ချောင်းဦးမြို့အထွက်က အကြမ်းဖက်စစ်ကောင်စီရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ၆၀ မမ (၅) လုံး၊ ၈၀ မမ (၅) လုံး စတဲ့ လက်နက်ကြီးများနဲ့ … Read more

ခမရ ၁၀၆ တပ်ရင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို မိုင်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ၊ ခမရ ၁၀၆ တပ်ရင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို မိုင်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ၊ ခမရ ၁၀၆ တပ်ရင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို မိုင်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ ၁၀၆ အမှတ် ၂ ဂိတ်ရှိ မူးယစ်သောက်စားနေသော စစ်သားမျာကို အနောက်ပိုင်းခရိုင်ပကဖအဖွဲ့ ၊ Yangon Army (YA) ၊ YGA တို့ပူးပေါင်း၍ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့်ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူထားသော စစ်သားများ … Read more

ခမောက်ကြီးမြို့နယ်တွင် မြစိမ်းရောင်ချေးငွေများ ပြည်သူကို မပေးဘဲ ပြန်သယ်ဆောင်လာသည့် နာရေးကားတစ်စီးကို ဖမ်းမိ

ခမောက်ကြီးမြို့နယ်တွင် မြစိမ်းရောင်ချေးငွေများ ပြည်သူကို မပေးဘဲ ပြန်သယ်ဆောင်လာသည့် နာရေးကားတစ်စီးကို ဖမ်းမိ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် မြစိမ်းရောင်ချေးငွေများ ပြည်သူကို မပေးဘဲ ပြန်သယ်လာသည့် နာရေးကားတစ်စီးကို ဖမ်းမိခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။ ဧပြီလ ၂၆ ရက် နံနက် ၉ နာရီခွဲခန့်က ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာကျေးရွာမှ ထွက်လာသော နာရေးကူညီမှုကားကို ဆိပ်ဖူးကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားအရောက် မသင်္ကာသဖြင့် ရှောင်တခင်တားဆီးစစ်ဆေးရာ မြစိမ်းရောင်ချေးငွေလုပ်ငန်းမှ ငွေများကို ကျေးရွာနေပြည်သူများ အား ပေးအပ်ခြင်းမရှိပဲ ပြန်လည် သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ပြန်သယ်လာသည့် ငွေများကို ခမောက်ကြီးမြို့ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ ပို့ ဆောင်ပေးမည်ဖြစ်ကြောင်း … Read more

သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြပြီး နိုင်ငံတကာက အရေးယူပေးရန် တောင်းဆို

မြန်မာစစ်တပ်က အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်း အဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြပြီး နိုင်ငံတကာက အရေးယူပေးရန် တောင်းဆို မြန်မာစစ်တပ်က အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်း အဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြပြောဆိုလိုက်ကြောင်း သိရှိရသည်။ ဧ​ပြီလ ၂၃ ရက်နေ့နှင့် ဧပြီလ ၂၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် လုံခြုံရေးကောင်စီ၏ Preventing conflict-related sexual violence through demilitarization and gender-responsive arms control” တံခါးဖွင့်အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာ စစ်တပ်အနေဖြင့် ဆယ်စုနှစ်များစွာတိုင် … Read more