ရွှေကုက္ကိုမြို့သစ် အဝင်လမ်းအားလုံး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုမြို့သစ်ကို ဝင်တဲ့လမ်းတွေအားလုံးကို ကရင်နယ်ခြားစောင့်တပ် (BGF/KNA) က ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ ရွှေကုက္ကိုမြို့သစ်ဟာ အွန်လိုင်းလောင်းကစားတွေ၊ ဂိမ်းရုံတွေနဲ့ စည်ကားတဲ့မြို့ဖြစ်ပြီး ဧပြီ ၂၅ရက် မနေ့ကစလို့ မြို့အဝင်ကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။ “အခုက မြို့ထဲက ထွက်ချင်ရင်တော့ ထွက်လို့ရမယ်။ အဝင်ကို ပြန်ဝင်ခွင့်မရတော့ဘူး။ လူတွေကာ ကားတွေကော ဂိတ်တွေက ပေးမဝင်တော့ဘူး။ အလုပ်ကို အသွားအပြန်လုပ်ကိုင်နေတဲ့သူတွေ အဆင်မပြေတော့ဘူးပေါ့။ ဂိမ်းရုံက လူတွေဆို အရင် တပတ်တခါ အိမ်ပြန်ခွင့်ရပေမယ့် အခုတော့ ရက်ရှည်ပိတ်လိုက်ရင်တော့ အိမ်ပြန်ခွင့်ရမှာ မဟုတ်တော့ဘူး” လို့ ဂိမ်းရုံမှာ အလုပ်လုပ်နေသူ အမျိုးသမီးက မောင်းကို ပြောပါတယ်။ ကရင်ဒေသအတွင်း ကျားဖြန့် အွန်လိုင်းငွေလုပ်ငန်းတွေထဲမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေက လူတွေ … Read more

စစ်အာဏာရှင်ပြိုလဲနိုင်ခြေအလားအလာရှိနေသည်ဟု နယူးယောက်ခ်တိုင်းမ်သတင်းစာ ရေးသား

မြန်မာစစ်တပ်ရှုံးပွဲထပ်နေအောင် လုပ်နိုင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုသည် စစ်အာဏာရှင် ပြိုလဲမယ့်အန္တရာယ်ဘက်ကိုဦးတည်သည့်အလားအလာဖြစ်ရှိနေတယ်လို့ အမေရိကနိုင်ငံမှာ သြဇာကြီးမားသည့် နယူးယောက်ခ်တိုင်းမ် The New York Times သတင်းစာကရေးပါတယ်။ တိုက်ပွဲပြင်းထန်သည့် ကရင်နီပြည်နယ်က မြေပြင်အခြေအနေကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့ ပြီး နယူးယောက်ခ်တိုင်းမ်သတင်းထောက်က ယခုလိုရေးသားခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းပြီးလပိုင်းတွင်မှာ အခက်ကြုံနေတဲ့မြန်မာပြည်သူတွေကို ကာကွယ်ပေးရန် ကြားဝင် ဆောင်ရွက်ပေးဖို့ မြန်မာပြည်သူတွေက ကမ္ဘာ့ကုလသမဂ္ဂ UN ကိုတောင်းဆိုလှုံ့ဆော်ခဲ့ပေမဲ့ ဘာအကူအညီမှမရခဲ့ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကိုလည်း ဘယ်နိုင်ငံကမှ တရားဝင်အသိအမှတ်ပြုတာမရှိသေးဘူးလို့ဆိုပါတယ်။ နိုင်ငံတကာရဲ့အာရုံစိုက်မှုမရပေမဲ့ အလွှာအသီးသီးကမြန်မာပြည်သူတွေဟာ သူတို့ရဲ့အတတ်ပညာ၊ ကျွမ်းကျင်မှုတွေကို လက်နက်ကိုင်တော်လှန်ရေးအတွက်ပေးဆပ်ကူညီဖို့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းထိန်းချုပ်ရာဒေသတွင်မှာ အသီးသီးရောက်လာကြပါတယ်။ တိုင်းရင်းသားဒေသကိုရောက်လာတဲ့သူတွေမှာ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ရဲအရာရှိတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ လေယာဉ်မှူးတွေစသည့်အလွှာအသီးသီးကပြည်သူတွေပါဝင်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်သည် ယူကရိန်းနှင့် ဂါဇာစစ်ပွဲလို နိုင်ငံတကာရဲ့အာရုံစိုက်မှုမရသည့် အခြေအနေကိုလည်း နယူးယောက်ခ်တိုင်းမ်သတင်းထောက်က … Read more

မန်း PDF တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆၀ ဦးခန့်သေဆုံး

ပြင်ဦးလွင်စစ်တက္ကသိုလ်တိုက်ခိုက်မှုအပါအဝင် ၁၂ ရက်တာ မန်း PDF တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆၀ ဦးခန့်သေဆုံး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်(Mdy PDF)၏ သင်္ကြန်ကာလ ဧပြီ ၁၄ ရက်မှ ဧပြီ ၂၅ ရက်အထိ ၁၂ ရက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၆၀ ဦးခန့် သေဆုံးကြောင်း ယနေ့ ဧပြီ ၂၇ ရက်တွင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန(MoD)က ယနေ့ထုတ်ပြန်သည်။ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်တွင် ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ ရှော့တိုက်ဒုန်း အလုံး(၂၀)ဖြင့် မန်း PDF က တိုက်ခိုက်နိုင်ခဲ့သည်။ ထို့နောက် ဧပြီ ၁၅ ရက် နံနက်အစောပိုင်းတွင် ပြင်ဦးလွင်မြို့နှင့် ဆယ်မိုင်ခန့်အကွာတွင်တည်ရှိသည့် ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး … Read more

တရုတ်က မြန်မာရဲတပ်ဖွဲ့ကို ယွမ် ငါးသန်းထောက်ပံ့

ပြည်ထဲရေးဝန်ကြီးကို လုံခြုံရေးဆိုင်ရာ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့် တရုတ်နိုင်ငံကိုရောက်နေတဲ့ စစ်ကောင်စီပြည်ထဲ‌ရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း တရုတ်က မြန်မာရဲတပ်ဖွဲ့ကို ယွမ် ငါးသန်း အကူအညီပေးအပ်ရေးစာလွှာကို နှစ်နိုင်ငံဝန်ကြီးတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပြည်ထဲ‌ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ချောက်ဟုန်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံဘေဂျင်းကို ခြောက်ရက်ကြာ အလုပ်သဘောခရီးစဉ် ရောက်ရှိနေတာဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ ပေကျင်း ရဲတက္ကသိုလ်ကိုပါ သွားရောက်လေ့လာခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ မြန်မာ - တရုတ် နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးကို ဘေကျင်းမှာ ကျင်းပခဲ့ပြီး နိုင်ငံတကာမျက်နှာစာမှာ နှစ်နိုင်ငံအပြန်အလှန်ရပ်တည်ရေး ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသနေ ပြည်သူများ ဘေးကင်း လုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အမြစ်ပြတ်ပပျောက်ရေး တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ တရားမဝင် … Read more

ပြင်ဦးလွင်ကိုတိုက်တဲ့ မန္တလေး PDF နဲ့အတူ ကာကွယ်ရေးဝန်ကြီးရှိနေ

ပြင်ဦးလွင်မြို့အနီး၊ ရှေ့တန်းစစ်မျက်နှာပြင်က မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့အတူ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှိနေခဲ့တဲ့ ဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က ပြင်ဦးလွင်မြို့ထဲက စစ်တက္ကသိုလ်ကို ဧပြီ ၁၄ ရက်မှာ ရှော့တိုက်ဒုန်းအလုံး ၂၀ ပစ်ခတ်ခဲ့သလို ပြင်ဦးလွင်မြို့နဲ့ ၁၀ မိုင်အကွာက ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ သရက်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဧပြီ ၁၅ ရက်ကစပြီးတိုက်ခိုက်တာကြောင့် ဧပြီ ၂၅ ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။ နောင်ချိုမြို့ သရက်ကုန်းကျေးရွာအတွင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာနဲ့အတူ လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ သရက်ကုန်းကျေးရွာက စစ်ကောင်စီစခန်းကို … Read more

ရွာလုံးကျွတ်နီးပါး တအိမ်တယောက် ဆင့်ခေါ်ခံရ

ဝါးခယ်မမြို့နယ် ကျေးရွာတရွာမှာ စစ်မှုထမ်းဖို့ ရွာလုံးကျွတ်နီးပါး တအိမ်တယောက် ဆင့်ခေါ်ခံရ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် သီလှချောင်းကျေးရွာမှာ အိမ်ခြေ ၄ဝဝ ကျော်သာရှိပြီး စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက ပြဌာန်းသတ်မှတ်ထားတဲ့ အသက် ၁၈ နှစ်ကနေ ၃၅နှစ်အတွင်း အကျုံးဝင်သူတွေ ရှိနေတာကြောင့် ရွာလုံးကျွတ်နီးပါး တအိမ်တယောက်နှုန်းနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံထားရပါတယ်။ စစ်တပ်က ဆင့်ခေါ်ထားလို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့က ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။ “သင်္ကြန်မတိုင်မီ စစ်မှုထမ်းဥပဒေကြောင့် ရွာမှာ မဲဖောက်ပြီး မဲပေါက်တဲ့သူသာ စစ်မှုထမ်းရမယ်လို့ ပြောတယ်။ လူငယ် ၃ယောက်ကို ဝါးခယ်မမြို့နယ်က စစ်ကောင်စီတပ်ကို ပို့ပေးလိုက်တယ်။ ဧပြီ ၂၄ရက်နေ့က စစ်ကောင်စီက ဆင့်ခေါ်လို့ဆိုပြီး တအိမ်တယောက်နှုန်းနဲ့ လူအယောက် ၄ဝဝ ကို သီလှချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့က မြို့ပေါ်က … Read more

ရွှေဘိုမြို့နယ်တွင် စစ်တပ်က တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်က တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Drop For Justice – DFJ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ အထွက် မင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှ ထွက်လာသော အင်အား ၅၀ ခန့်ပါ စစ်ကြောင်းသည် ချီပါမြောက်ရွာ တံတား အနီး နေရာယူ ဖြန့်ကျက်ထားစဉ် ရွှေဘိုခရိုင် (ပကဖ) ဒရုန်းတပ်ဖွဲ့ ဦးဆောင်ပြီး SHAR HTOO WAW နည်းပညာတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း … Read more

ရွှေဗျိုင်းဖြူပိုင်ရှင်ရဲ့ သမီးဖြစ်သူကို နေထိုင်ခွင့် ရုပ်သိမ်းဖို့ ပြင်သစ်ထံ တောင်းဆို

စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်ရဲ့ သမီးဖြစ်သူ မသိမ့်ဝင်းထက်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းဖို့နဲ့ နေထိုင်ခွင့်ဗီဇာ ပြန်လည်ရုပ်သိမ်းဖို့ ပြင်သစ်အစိုးရကို Justice For Myanmar နဲ့ Info Birmanie တို့က ဧပြီ ၂၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ Justice For Myanmar ရဲ့ ဥပဒေအကျိုးဆောင်တွေဖြစ်တဲ့ ရှေ့နေတွေက ပြင်သစ်မှာရှိတဲ့ မသိမ့်ဝင်းထက်ရဲ့ ပိုင်ဆိုင်မှုမှန်သမျှကို သိမ်းဆည်းဖို့နဲ့ နိုင်ငံအတွင်းကနေ နှင်ထုတ်ဖို့ ဧပြီ ၃ ရက်နေ့က ပြင်သစ်အာဏာပိုင်တွေဆီ တင်ပြတောင်းဆိုထားပါတယ်။ မသိမ့်ဝင်းထက်ကိုယ်တိုင်က One Telecom ကုမ္ပဏီမှာ ရှယ်ယာရှင်နဲ့ ဒါရိုက်တာတစ်ဦးဖြစ်သလို ရေနံကုမ္ပဏီ Min Shwe Myine Enterprise Limited … Read more

ဘုတလင်မှာ စစ်အုပ်စု ရိက္ခာပြတ်ပြီး ငတ်နေလို့ စစ်ရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ လိုက်လု

ဘုတလင်မှာ စစ်အုပ်စု ရိက္ခာပြတ်ပြီး ငတ်နေလို့ စစ်ရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ လိုက်လု စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းထဲ စီးနင်းအထိုင်ချ တပ်စွဲနေတဲ့ စစ်အုပ်စု ရိက္ခာပြတ်၊ ငတ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေဆီကနေ စားနပ်ရိက္ခာတွေ လိုက်လံလုယက်နေပြီး ဒီနေ့လည်ပိုင်းမှာပဲ စားနပ်ရိက္ခာတွေ နွားလှည်းလေးစီးတိုက် လုယက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဧပြီ(၂၆)ရက် နေ့လည်(၁)နာရီမှာ ဘုတလင်နယ်၊ ကူတော်ရဲစခန်းနေ စစ်အုပ်စုက စစ်ရှောင် ပြည်သူတွေ နေထိုင်ရာ တောတဲတွေကို စီးနင်းပြီး စားသောက်စရာ ရိက္ခာတွေ လုယူကာ နွားလှည်းလေးစီး ရဲစခန်းအရောက် လိုက်ပို့ခိုင်းတာလို့ ဆိုပါတယ်။ “ကူတော်ခွေးစခန်းက ခွေး(၁၂)ကောင်တည်းနဲ့ စစ်ရှောင်တွေဆီကနေ စားစရာ၊ သောက်စရာတွေ လှည်းလေးစီးတိုက် ယူသွားတာ၊ စစ်ရှောင်နေရတဲ့ လူတွေကပဲ လှည်းတွေနဲ့ လိုက်ပို့ရတာ” လို့ … Read more

စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးတောင်းခံနေမှုများ ၊ ပေါ်တာဆွဲမှုများနှင့် လူငယ်များကို ဖမ်းဆီးမှုများ အလွန်အမင်း များပြားနေ

ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းတို့တွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးတောင်းခံနေမှုများ ၊ ပေါ်တာဆွဲမှုများနှင့် လူငယ်များကို ဖမ်းဆီးမှုများ အလွန်အမင်း များပြားနေ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတို့တွင် စစ်မှုထမ်းဥပဒေအကြောင်း ပြ၍ ငွေကြေးတောင်းခံနေမှုများ ၊ ပေါ်တာဆွဲမှုများနှင့် လူငယ်များကို ဖမ်းဆီးမှုများ အလွန်အမင်း များပြားနေကြောင်း စုံစမ်းသိရှိရသည်။ ပဲခူးတိုင်း ပဲခူးတိုင်း ကျောက်တံတားမြို့နယ် ဖဒိုမြို့တွင်လည်း အကြမ်းဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ကင်းဖိုးဟု ဆိုကာ တစ်အိမ်လျှင် တစ်လ ကျပ် ၁၀၀၀၀ ခန့် ပုံမှန်တောင်းခံနေပြီး ထပ်မံ၍ တပ်သားသစ်စုဆောင်းခဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ထပ်မံတောင်းခံနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ အဆိုပါ ဒေသရှိ ပြည်သူများမှာ လက်လုပ်လက်စားများ ဖြစ်ကြ၍ ထိုသို့ တောင်းခံနေမှုများအတွက် အခက်တွေ့နေရကြောင်း … Read more