ရန်ကုန်တိုင်းထဲက မြို့နယ် ၄ ခုရဲ့ ညမထွက်ရအမိန့်ကို အချိန်ပြောင်းလဲ

ရန်ကုန်တိုင်းထဲက မြို့နယ် ၄ ခုရဲ့ ညမထွက်ရအမိန့်ကို အချိန်ပြောင်းလဲ ရန်ကုန်မှာရှိတဲ့ မြို့နယ် ၄ ခုရဲ့ ညမထွက်ရ(မာရှယ်လော)အမိန့်ကို အာဏာသိမ်းစစ်တပ်က အချိန်ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်တစ်ဖက်ကမ်းမြို့နယ်တွေဖြစ်တဲ့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ ဒလမြို့နယ်တွေရဲ့ ညမထွက်ရအမိန့်တွေကို အချိန်ပြောင်းလဲသတ်မှတ်လိုက်တာကို အာဏာသိမ်းစစ်တပ်ကကြေညာလိုက်ပြီးနောက် သေနတ်တွေပစ်ဖောက်သွားကြတယ်လို့ ဒလမြို့နယ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။ “အရင်က ဒလမှာ ညမထွက်ရအမိန့်က မနက် ၁ နာရီကနေ မနက် ၃ နာရီအထိ။ အခုကြေညာသွားတာက ည၁၀ နာရီကနေ မနက် ၅နာရီအထိလို့ကြေညာသွားတယ်။ ငြိမ်ဝပ်ပိပြားရေးအတွက် အချိန်ပြောင်းတယ်၊ မလိုက်နာရင်ပစ်မယ်ဆိုပြီးကြေညာတယ်။ ပြီးတော့ သေနတ် ၄၊ ၅ ချက်လောက်ဖောက်သွားတယ်”လို့ ဒလမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ အဲဒီလို ကြေညာတာဟာ ဧပြီလ ၂၄ … Read more

စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ပစ်ခတ်ခံရပြီး သေနတ် ကျည် ၃ ချက် ထိမှန်

ကျိုက်ထိုမြို့တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ပစ်ခတ်ခံရပြီး သေနတ် ကျည် ၃ ချက် ထိမှန်ကာ ပြင်းထန် ဒဏ်ရာရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ပစ်ခတ်ခံရပြီး သေနတ် ကျည် ၃ ချက် ထိမှန်ကာ ပြင်းထန် ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ဧပြီလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ် ခန့်တွင် ကျိုက်ထိုမြို့၊ ကျိုက်ပိကျေးရွာတွင်‌ နေထိုင်သော အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း … Read more

စစ်ခေါင်းဆောင်တည်ထားသည့် မာရဝိဇယဘုရားတွင် အလှူငွေထည့်ရန် ဂေါပကအဖွဲ့တိုက်တွန်း

စစ်ခေါင်းဆောင်တည်ထားသည့် မာရဝိဇယဘုရားတွင် အလှူငွေထည့်ရန် ဂေါပကအဖွဲ့တိုက်တွန်း ‘သူကြီးဘုရား ရွာသူကောင်းမှု’ ဆိုသကဲ့သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တည်ထားသည့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်က မာရဝိဇယရုပ်ပွားတော်ဘုရားတွင် အလှူငွေထည့်သွင်းရန် စစ်ကောင်စီဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ဘုရားဂေါပကအဖွဲ့က တိုက်တွန်းနေသည်။ လက်နက်အားကိုးဖြင့် ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်က မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းလင်းတောက်ပနေသည်ကို ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဗဟိုချက်ဖြစ်ရန်၊ နိုင်ငံသာယာဝပြောရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာစေရန် စသည့်ရည်ရွယ်ချက် ၄ ချက်ဖြင့် တည်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ ဧပြီ ၂၄ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်စာ မြန်မာ့အလင်းတွင် ဖော်ပြထားသည်။ အဆိုပါအလှူငွေထည့်ရန် တိုက်တွန်းချက်နှင့် ထည့်ဝင်ထားသူများ ပါဝင်သည့် ထုတ်ပြန်ချက်ကို မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၉ အပြည့်နီးပါး အသုံးပြုထားသည်ကို တွေ့ရသည်။ ယင်းသတင်းစာပါ လှူဒါန်းသူများစာရင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိကြီးများနှင့် … Read more

ရခိုင်တိုက်ပွဲအတွက် တာဝန်ပေးခံရတဲ့ ခလရ ၃၆ တပ်ရင်းမှာ တပ်ပျက်နေ

ရခိုင်တိုက်ပွဲအတွက် တာဝန်ပေးခံရတဲ့ ခလရ ၃၆ တပ်ရင်းမှာ တပ်ပျက်နေ နောက်တန်းမှာ ကျန်ခဲ့ရတဲ့ နောက်တန်းမှူး ဗိုလ်မှူးကိုယ်တိုင် ထွက်ပြေး ဧရာဝတီတိုင်း ကျုံပျော်မြို့ အခြေစိုက် စစ်ကောင်စီ အမှတ် ၃၆ ခြေလျင်တပ်ရင်းက နောက်တန်းမှူး ဗိုလ်မှူး စိုးထက်အောင်ဟာ ဧပြီလ ၂၅ရက် မနေ့ည ၇နာရီကျော်မှာ တပ်ကနေ ထွက်ပြေးသွားလို့ စစ်ကောင်စီတပ်တွေ မြို့တွင်းမြို့ပြင် ပိတ်ဆို့ရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ခလရ ၃၆ တပ်ရင်းဟာ ရခိုင်ပြည်နယ်ကို စစ်ဆင်ရေး တာဝန်ပေးခံထားရတာဖြစ်ပြီး နောက်တန်းအင်အားအဖြစ် ကျန်နေခဲ့ရသူတွေထဲက နောက်တန်းမှူး ဗိုလ်မှူးကိုယ်တိုင် ထွက်ပြေးသွားတာကြောင့် မြို့အဝင်အထွက်တွေအပြင် အနီးနားက ကျေးရွာတွေအထိပါ စစ်တပ်က အပူတပြင်း လိုက်ရှာနေတာပါ။ “ညအစောပိုင်းက တပ်က ထွက်ပြေးသွားတာ.. မိသားစုတွေ ပါမပါတော့ မသိဘူး။ … Read more

ဖာပွန်ရှိ ခမရ ၄၃၄ တပ်ရင်း၊ရဲစခန်း၊ ကင်းစခန်းများ၊ ခလရ ၁၉ တို့ကို တိုက် ခိုက် သိမ်းပိုက်

ဖာပွန်ရှိ ခမရ ၄၃၄ တပ်ရင်း၊ရဲစခန်း၊ ကင်းစခန်းများ၊ ခလရ ၁၉ တို့ကို တိုက် ခိုက် သိမ်းပိုက်ပြီး ဖာပွန်မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ခမရ ၄၃၄ တပ်ရင်း၊ရဲစခန်း၊ ကင်းစခန်းများ၊ ခလရ ၁၉ တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ဖာပွန်မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ကြေ ညာသည်။ ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဖာပွန်စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က စတင်ခဲ့ပြီး မတ်လ (၂၄) … Read more

စစ်မှုထမ်းကိစ္စကို အသုံးချပြီး အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတစ်အုပ်စုကို သိန်း ၁၀၀ ပေးဖို့ပြော

စစ်မှုထမ်းကိစ္စကို အသုံးချပြီး အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတစ်အုပ်စုကို သိန်း ၁၀၀ ပေးဖို့ပြော ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အနောက်ခြမ်းမှ ကျေးရွာများတွင် စစ်မှုထမ်းအပတ်စဉ် (၂) အဖြစ် စတင် ခေါ်ဆောင်နေပြီး စစ်မှုထမ်းမလိုက်လိုပါက လစဉ် နှစ်သောင်းကျပ်မှ စ၍ သိန်းတစ်ရာ ထိ ပေးဆောင်ရမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငွေကြေးတောင်းခံနေသည်ဟု ဒေသခံများထံမှ သိရသည်။ အုတ်ဖိုမြို့နယ် မတောင့်တ၊လေးတဲ၊ကျွန်းကောက်ပင်နှင့် ရှမ်းရွာ ကျေးရွာများရှိအုပ်ချုပ်ရေးမှူးများသည် အိမ်တစ်အိမ်လျှင် နှစ်သောင်းကျပ်မှ သုံးသောင်းကျပ်ထိ ငွေစုပေးရမည်ဆိုပြီး ကောက်ခံနေသည်ဟု အုတ်ဖိုဒေသခံ အသက် ၄၀ ခန့်အမျိုးသားတစ်ဦးမှပြောသည်။ “ အိမ်တိုင်း ၂သောင်း ပေးရမယ် ၃ သောင်းပေးရမယ်ပေါ့ လစဉ်ပေါ့ တစ်ရွာနဲ့တစ်ရွာတော့မတူဘူး အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံပေးတဲ့အိမ်အဆင်ပြေမယ်လို့ဆွဲဆောင်ပြီး ပိုက်ဆံစုတယ် စစ်တပ်ကတာဝန်ရှိသူတွေကို ပေးရတာပေါ့ ပေါ်တာဆွဲမခံရအောင်ပေါ့ စုတဲ့ရွာကစုနေပြီ မစုတဲ့ရွာကလည်း … Read more

ပခုက္ကူ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် ပစ်ခတ်ခံရပြီးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နည်းပညာတက္ကသိုလ်တွင် လုံခြုံရေးယူထားသောစစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တဦးအား ပစ်ခတ်ခဲ့ရာသေဆုံးသွားကြောင်း Southern YSO PDF မှ ယနေ့(ဧပြီလ ၂၅ရက်)သတင်းထုတ်ပြန်သည်။ ပခုက္ကူမြို့၊စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်သားကျော်နိုင်ဝင်းကို ယမန်နေ့ ဧပြီလ၂၄ရက် နံနက် ၇နာရီအချိန်တွင် နည်းပညာတက္ကသိုလ်ဂိတ်အနီးရှိ လက်ဖက်ရည်ဆိုင်အတွင် ဝင်ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခဲ့ခြင်းဟု Southern YSO PDFမှ ကိုအောင်မောင်းကပြောသည်။ ” ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ မပစ်ဘဲနဲ့ အေးအေးဆေးဆေးအဖမ်းခံဖို့ပြောပေမယ့် ကျွန်တော်တို့ကိုမြင်တာနဲ့ ဆိုင်ထဲကနေ လစ်ပြေးတာ။ သူထွက်ပြေးတော့ နောက်ကနေလိုက်ဖမ်းတာမှာ သူပြန်လည်ခုခံလို့ ပစ်ခတ်ခဲ့တာပေါ့။ အဲ့မှာပွဲချင်းပြီးသေတာပါ” ဟု ကိုအောင်မောင်းကဆိုသည်။ ကျော်နိုင်ဦး၏လက်ကိုင်ဖုန်းထဲတွင် PDFထောက်ပို့နေအိမ် အချက်အလက်မြေပုံများ၊ PDF များတပ်ဆင်ထားသော မိုင်းပွိုင့်နေရာအချက်အလက်များ ၊ ပျူ ၊ဒလန် အချက်အလက်များ တွေ့ရှိခဲ့သည်ဟု သိရသည်။ ထို့အပြင် ကျေးရွာတခုမှ … Read more

နမခတပ်အတွင်းသို့ ရော့ဂတ်၊ ဒရုန်းဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့

အနောက်မြောက်တိုင်းစစ်ဌာနချုပ်- နမခတပ်အတွင်းသို့ ရော့ဂတ်၊ ဒရုန်းဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများဖြစ်ပေါ်ဟုဆို စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်ရင်းအတွင်းသို့ ရှော့ တိုက်ဒုံး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်မှ အရာရှိကြီး ၂ ဦးအပါအဝင် အမြောက်အများသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်က မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ အတွင်းသို့ ရော့ကတ် အလုံး ၂၀ ၊ ဒရုန်း ၅ စီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုင်းစစ်ဌာနချုပ်အတွင်းရှိ ဇေယျာသီရိခန်းမ၌ … Read more

မောထစစ်တပ်စခန်းကို KNLAနှင့် ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်သား အားလုံး ထိုင်းနိုင်ငံထဲ ထွက်ပြေး

ထားဝယ်မြို့နယ်၊ မောထစစ်တပ်စခန်းကို KNLAနှင့် ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်သား အားလုံး ထိုင်းနိုင်ငံထဲ ထွက်ပြေး တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောထစစ်တပ်စခန်းကို KNLAနှင့် ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်သား အားလုံး ထိုင်းနိုင်ငံထဲ ထွက်ပြေးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ယမန်နေ့ ဧပြီလ ၂၄ ရက် နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ ထီးမိုပွာအတွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ မောထ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၄ ၊ တပ် မဟာ ၆ စစ်သည်တော်များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီတပ်သားများ အားလုံးထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားပြီး … Read more

ပြင်ဦးလွင်မြို့တွင်းမှာ စစ်ကိုင်းမှတ်ပုံတင် ၅/ ကိုင်ဆောင်သူတွေကို အထူးစောင့်ကြည့်ဖို့ ညွှန်ကြား

DSAကျောင်း ရှော့ဒုံးပစ်ခံရပြီးနောက် ပြင်ဦးလွင်မြို့တွင်းမှာ စစ်ကိုင်းမှတ်ပုံတင် ၅/ ကိုင်ဆောင်သူတွေကို အထူးစောင့်ကြည့်ဖို့ ညွှန်ကြား စစ်တပ်မြို့လို့ခေါ်ဆိုတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကိုင်းတိုင်းကိုယ်စားပြု ၅/ မှတ်ပုံတင်ကိုင်ဆောင်သူတွေကို အထူးစိစစ်စောင့်ကြည့်ဖို့ မြို့ နယ်စစ်ကောင်စီညွှန်ကြားလာတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ ဧပြီလတတိယပတ်အတွင်းက စတင်ကာ ပြင်ဦးလွင်မြို့မှာနေထိုင်တဲ့ စစ်ကိုင်းတိုင်းမှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ ပြင်ပကနေ အလုပ်လာရောက်လုပ် ကိုင်သူတွေမှာ စစ်ကိုင်းတိုင်းမှတ်ပုံတင်ကိုင်ဆောင်သူတွေရှိရင် သက်ဆိုင်ရာရပ်ကွက်ရုံးတွေကို အကြောင်းကြားပြီး ဓာတ်ပုံနဲ့တကွမှတ်တမ်းတင်ထားရမယ်လို့ ဆိုပါတယ်။ “ထွေအုပ်ကနေတဆင့် မြို့ပေါ်က ဆိုင်ပိုင်ရှင်တွေကို အစည်းအဝေးခေါ်ပြီးပြောတာပါ။ ဆိုင်တွေမှာ စစ်ကိုင်းတိုင်းမှတ်ပုံတင်ကိုင်တဲ့သူပါရင် ရပ်ကွက်ရုံးမှာ မှတ်တမ်းဓာတ်ပုံရိုက်ပြီး သေချာစာရင်းသွင်းဖို့ ပြောတယ်” လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။ သင်္ကြန်မတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ကို ရောက်ရှိနေချိန် ဧပြီ ၁၂ ရက် ညပိုင်းက DSA ကျောင်းနဲ့အနီးတဝိုက်ကို ရှော့ဒုံးတွေနဲ့တိုက်ခိုက်ခံရပြီးနောက် … Read more