စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရွှေဘိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တွင် စစ်စခန်း၊ စစ်ကြောင်းနှင့် လက်နက်ခဲယမ်း ပို့ဆောင်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း၊ စစ်ကြောင်းနှင့် လက်နက်ခဲယမ်း ပို့ဆောင်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်ဘက်မှ ထိခိုက်ဒဏ်ရာရှိသူ များပြားကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့များကပြောဆိုသည်။ ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၄၆ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်၍ အထိုင်ချ တပ်စွဲထားသော စစ်သား ၇၀ ခန့်ကို Wings Of ShweBo – Drone Force တပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက … Read more

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ၊ အဓိကရုဏ်း ဖြစ်စေရန် ယုတ်မာသော အကြံဖြင့် လှုံ့ဆော်နေ

ဘူးသီးတောင်တွင် စစ်တပ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ၊ အဓိကရုဏ်း ဖြစ်စေရန် ယုတ်မာသော အကြံဖြင့် လှုံ့ဆော်နေကြောင်း NUG အစိုးရ သတိ ပေး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာများကို အဓမ္မစစ်သားအဖြစ် စုဆောင်းနေမှု၊ လူမျိုးရေးပဋိပက္ခ အရှိန်မြင့်တက်စေရန် ဖိအားပေး၍ အတုအယောင် ဆန္ဒပြပွဲများ ကျင်းပစေမှု၊ လူမျိုးစု အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်သည်။ အကြမ်းဖက်စစ်တပ်က လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရိုဟင်ဂျာများကို တရားမဝင်အဓမ္မ စစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းများ ပို့ချကာ လက်နက်များ တပ်ဆင်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်ကို ရိုဟင်ဂျာများက ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေသည့် ဖိအားပေးစေခိုင်းမှုများနှင့် အတူ … Read more

စစ်တပ်က တိုက်လေယာဉ်ဖြင့် မရပ်မနား တောက်လျှောက် ဗုံးကျဲနေ

မြ၀တီမြို့နယ်တွင် ညသန်းခေါင်ယံအချိန်မှ လက်ရှိ နံနက်အစောပိုင်းအချိန်အထိ စစ်တပ်က တိုက်လေယာဉ်ဖြင့် မရပ်မနား တောက်လျှောက် ဗုံးကျဲနေ၊ စစ်ဘေးရှောင်ပြည်သူများ ညတွင်းချင်း ထိုင်းဘက်သို့ ထွက်ပြေးနေရ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ယနေ့ ည သန်းခေါင်ယံအချိန်မှ ယခု နံနက်အစောပိုင်းအချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် မရပ်မနား တောက်လျှောက်ဆိုသလို ဗုံးကျဲနေပြီး စစ်ဘေးရှောင် ပြည်သူများ ညတွင်းချင်း ထိုင်းဘက်သို့ ထွက်ပြေးနေရကြောင်း ဒေသခံပြည်သူများနှင့် မြ၀တီ စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။ “အခု ည ၁၂ နာရီလောက်စပြီး တိုက်လေယာဉ်တွေ Y 12 လေယာဉ်တွေ လာတယ်။ Y12 လေယာဉ်လို့သိတာက အဲဒီလေယာဉ်လာရင် အရမ်းအသံကျယ်ပြီး နားညဉ်းတယ်။ အဲဒါ အမှတ် ၂ တံတားနားကို ဗုံးတွေ … Read more

ပြင်ဦးလွင်တွင် စစ်တပ်၏လက်နက်ကြီးပစ်ခတ်သံများဖြင့် တစ်မြို့လုံး တုန်ခါနေ

ပြင်ဦးလွင်တွင် စစ်တပ်၏လက်နက်ကြီးပစ်ခတ်သံများဖြင့် တစ်မြို့လုံး တုန်ခါနေ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော သရက်ကုန်းကျေးရွာမှ ပြင်ဦးလွင်မြို့ထဲအထိ အချိန်မရွေး ဝင်ရောက်လာနိုင်၍ စစ်တပ်က တစ်မြို့လုံး ခုခံစစ်ပြင်ထား မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ယမန်နေ့ ညပိုင်းမှစတင်ပြီး ယနေ့ နံနက်ပိုင်းအထိ စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်သံများဖြင့် တစ်မြို့လုံး တုန်ခါနေကြောင်း မြို့မှ ပြည်သူများကပြောဆိုကြသည်။ ယမန်နေ့ည ၁၁ နာရီကျော်အချိန်မှစတင်ပြီး ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် DSTA အတွင်းမှ တပ်စွဲထားသော စစ်တပ်ကလည်းကောင်း၊ ညောင်ကုန်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကလည်းကောင်း သရက်ကုန်းကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိကြောင်း၊ လက်နက်ကြီး ပစ်ခတ်သံများကြောင့် ပြင်ဦးလွင်တစ်မြို့လုံး တုန်ခါ မြည်ဟိန်းလျက်ရှိကြောင်း သိရှိရသည်။ “ပစ်နေတာကတော့ မနေ့ညပိုင်းကတည်းက ဒီမနက်တော့ လက်နက်ကြီးပစ်တာက ပိုပြီး အကြိမ်ရေများလာတယ်။ ဒီမနက် … Read more

ခရီးသည်ကိုသတ်ကာ ပစ္စည်းလုယူသည့် ဆိုင်ကယ်ကယ်ရီသမားကို ၃ရက်အကြာတွင် ဖမ်းမိ

ခရီးသည်ကိုသတ်ကာ ပစ္စည်းလုယူသည့် ဆိုင်ကယ်ကယ်ရီသမားကို ၃ရက်အကြာတွင် ဖမ်းမိ ဧရာ၀တီတိုင်း၊ လပွတ္တာမြို့ (၃)မိုင်မြို့သစ်တွင် ဧပြီလ ၁၈ရက်နေ့က ခရီးသည်ကိုသတ်ပြီး ပစ္စည်းလုယူခဲ့သည့် ဆိုင်ကယ်ကယ်ရီသမား နှစ်ဦးကို သုံးရက်အကြာတွင် ဖမ်းဆီးမိကြောင်းသိရသည်။ အမတ်ကြီးကျေးရွာနေ ဦးစိုး၀င်းဆိုသူမှာ လွန်ခဲ့သည့် သုံးရက်က (၃)မိုင်မြို့သစ် ဂေါက်ကွင်း အနီးရှိ ခြုံပုတ်အတွင်း ဒဏ်ရာများနှင့် သေဆုံးနေပြီး ဖုန်းနှင့် ရွှေထည်ပစ္စည်းများပျောက်ဆုံးနေသောကြောင့် လူသတ်လုယက်မှုနှင့်အမှုဖွင့်ခဲ့ရကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။ “သူဌားစီးနေကြ ကယ်ရီသမားကပဲ သတ်သွားတာ လို့ပြောတယ်။ သေတဲ့လူက မြို့သစ်မှာ ရွှေသွားလုပ်တာလားမသိဘူး ပစ္စည်းတွေ ပါလာတာသိလို့ သတ်ပြီးယူသွားတာ ခုတော့မိပြီလို့ကြားတယ်။ ဒါတောင်လူသေလို့ အမှုကိုလိုက်တာ တစ်ခြား ဓါးထောက်လုတာတွေ လုယက်မှုတွေလဲအများကြီးဖြစ်တာ မြို့မှာက လုံခြုံမှုမရှိတော့ဘူး”ဟု ဒေသခံတစ်ဦးမှပြောသည်။ ဧပြီလ ၂၀ ရက်နေ့တွင် လူသတ်၊ လုယက်မှုကျူးလွန်သော လပွတ္တာမြို့နယ်၊ … Read more

ပဲခူး၊ မန္တလေး၊ ညောင်ဦး အုပ်ကြီး၊ ရာမှူး ၅ ကောင်

ပဲခူးနဲ့ မန္တလေးမှာ စစ်မှုထမ်းဥပဒေကို ကူညီနေတဲ့ ရာအိမ်မှူးသုံးဦး ပစ်သတ်ခံရ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်မှုထမ်းဥပဒေအတွက် လူငယ်တွေကို မဲနှိုက်ဖို့စည်းရုံးနေတဲ့ စစ်ကောင်စီခန့် ရာအိမ်မှူးနှစ်ဦး ဧပြီလ ၁၉ ရက်နေ့မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နတ်စင်ကုန်းရွာ ရာအိမ်မှူး ဦးနိုင်အောင်ဇင်နဲ့ ကဲလင်းကုန်းရွာ ရာအိမ်မှူး ဦးသောင်းနိုင်ဦးတို့ကို နတ်စင်ကုန်းရွာအနားမှာပဲ လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ စစ်မှုထမ်းဥပဒေ အကောင်ထည်ဖို့ ကြိုးပမ်းနေတာကြေင့် ပစ်သတ်ခံရတာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေတာရှည် ဒေသခံတစ်ဦးကပြောပါတယ်။ “အဓိကတော့ စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖို့နဲ့ လူငယ်တွေကိုမဲနှိုက်ဖို့ စည်းရုံးခြိမ်းခြောက်နေတဲ့ ရာအိမ်မှူးတွေပေါ့။ ပဲခူးမှာက ဒုတိယအသုတ်အတွက်တောင် မဲတွေပြန်နှိုက်ခိုင်းနေပြီ။ တခြားနေရာတွေမှာဆိုရင် လူငယ်တွေကို စစ်မှုထမ်းဖို့ဆိုပြီး လာဖမ်းသွားတယ်လို့ ကြားတယ်” ကြို့ပင်ကောက်မြို့နယ် … Read more

ကာမလိမ်လည်မှုနှင့် အဓမ္မပြုကျင့်မှု သတင်း ပေါက်ကြားမှု သင်တန်းသူ ရဲမေအားလုံး၏ ဖုန်းများအားလုံးကို စစ်ဆေး

ရမည်းသင်း အမှတ် ၁ ရဲလေ့ကျင့်ရေးမှ ကျောင်းအုပ် ရဲမှူးကြီး မျိုးသန့်ကျော် ၏ ကာမလိမ်လည်မှုနှင့် အဓမ္မပြုကျင့်မှု သတင်း ပေါက်ကြားမှု သင်တန်းသူ ရဲမေအားလုံး၏ ဖုန်းများအားလုံးကို စစ်ဆေးရန် တောင်းယူနေ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ အမှတ် ၁ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ် ရဲမှူးကြီး မျိုးသန့်ကျော်က သင်တန်းသူ ရဲမေတချို့အပေါ် ကာမလိမ်လည်မှု၊ အဓမ္မပြုကျင့်မှု အကြောင်း သတင်းဖော်ပြခဲ့ရာ အဆိုပါ သတင်းပေါက်ကြားမှုအတွက် သင်တန်းသူ ရဲမေအားလုံး၏ မိုဘိုင်းလ်ဖုန်းများအားလုံးကို ရဲမှူးကြီး ဦးစီးသော အဖွဲ့က စစ်ဆေးရန် တောင်းယူနေကြောင်း သိရှိရသည်။ ရမည်းသင်း အမှတ် ၁ ရဲလေ့ကျင့်ရေးကျောင်းအုပ် ရဲမှူးကြီး မျိုးသန့်ကျော်က သင်တန်းသူ ရဲမေတချို့ကို ကာမလိမ်လည်မှုနှင့် အဓမ္မပြုကျင့်မှုများ ဖြစ်ပွားနေသော်လည်း တိုင်ကြားမှု … Read more

ခရိုနီ တေဇပိုင် Putao Malikha lodge ဟိုတယ် မီးလောင်၊ အဆောင် ၂ ခု ပြာကျ

ပူတာအိုရှိ စစ်တပ်ဒေါက်တိုင် ခရိုနီ တေဇပိုင် Putao Malikha lodge ဟိုတယ် မီးလောင်၊ အဆောင် ၂ ခု ပြာကျ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စစ်တပ်ဒေါက်တိုင် ခရိုနီတေဇပိုင် Putao Malikha lodge ဟိုတယ် မီးလောင်ပြီး အဆောင် ၂ ခု ပြာကျသွားကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။ ဧပြီလ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တေဇပိုင် Putao Malikha lodge ဟိုတယ်တွင် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဘန်ဂလို ၂ လုံး မီးလောင်ပြာကျသွားခြင်းဖြစ်ကြောင်း၊ မီးလောင်ကျွမ်း ရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ဆိုကြသည်။ ” ဘယ်လိုဖြစ်လို့ မီးလောင်လဲ မသိရသေးဘူး။ … Read more

မင်းအောင်လှိုင်၏ ရုံးတက်ရုံးဆင်း၊ ပြည်တွင်းခရီးစဉ်နှင့် လှုပ်ရှားသွားလာမှုများကို ကိုယ်ရံတော်တပ်မှ လွဲ၍ ကြိုတင်အသိမပေးတော့

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုံးတက်ရုံးဆင်း၊ ပြည်တွင်းခရီးစဉ်နှင့် လှုပ်ရှားသွားလာမှုများကို ကိုယ်ရံတော်တပ်မှ လွဲ၍ ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ရုံးချုပ်ကိုပင် ကြိုတင်အသိမပေးတော့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ရုံးတက်ရုံးဆင်း၊ ပြည်တွင်းခရီးစဉ်များနှင့် လှုပ်ရှားသွားလာမှုများကို ၎င်း၏ ကိုယ်ရံတော်တပ်မှလွဲ၍ ပြည်ထဲရေး၊ ကာကွယ်ရေး၊ အရပ်ဘက်ဝန်ကြီးဌာနများနှင့် နေပြည်တော်စစ်ရုံးချုပ်ကိုပင် ကြိုတင် အသိမပေးတော့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဧပြီလ ၁၄ ရက်နေ့ ညပိုင်း ပြင်ဦးလွင်သို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ ဧပြီလ ၄ ရက် နံနက်ပိုင်း နေပြည်တော်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နေအိမ်ကို ဒရုန်း ၄ စီး၊ စစ်ရုံးချုပ်ကို ၁၂ စီးနှင့် အေလာလေဆိပ်ကို အသေခံဒရုန်း ၁၂ … Read more

တပ်ရင်း၃၅၀၁တပ်ခွဲ၃စစ်ရေးသတင်းထုတ်ပြန်ချက်

တပ်ရင်း၃၅၀၁တပ်ခွဲ၃စစ်ရေးသတင်းထုတ်ပြန်ချက် ၄လပိုင်း၁၇ရက် နှစ်ဆန်း၁ရက်နေ့ မနက်၅နာရီ၄၅မီနစ်ခန့်တွင် ဆွာကူတိုးဆိပ်မှတက်လာသော အင်အား၈၀ခန့်ပါစစ်ကောင်စီစစ်ကြောင်းအား တောင်ငူခရိုင်တပ်ရင်းအမှတ်၃၅၀၁ ပုဝါနီစစ်ကြောင်း နှင့်ကီးကူစစ်ကြောင်း နေပြည်တော်တပ်ရင်းအမှတ်၈၀၄နှင့်၃၅၀၁ တပ်ခွဲ၃ တို့မှကူတို့ဆိပ်ကျေးရွှာ အရှေ့ဘက် တဲစုရွာနှင့်မြောင်းတူးကျေးရွာကြားတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များအထိနာခဲ့သည်။ အထိနာသောစစ်ကောင်စီစစ်ကြောင်းမှDromeဖြင့်ကျဲချခြင်း လက်နက်ကြီးပစ်ကူများဖြင့် အတင်းတိုးတက်လာခဲ့ကြရာ တော်လှန်ရေးတပ်များမှ ကျည်မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီမှတိုက်ပွဲဖြစ်ပွားခြင်းမရှိသော ရွာသစ်ကျေးရွာသို့ ဂျက်Fighter၁စီးဖြင့် လာရောက်ပစ်ခတ်ဗုံးကျဲမှုကြောင့် ရွာသစ်ကျေးရွာမှနေအိမ်တစ်လုံးပျက်စီးခဲ့သည် အဆိုပါတိုက်ပွဲတွင်၃၅၀၁တပ်ခွဲ၃မှရဲဘော်တစ်ဦးနှင့် ကီးကူစစ်ကြောင်းမှရဲဘော်၁ဦးကျဆုံးခဲ့ပြီး ရဲဘော်အချို့မဆိုးရိမ်ရဒဏ်ရာရရှိခဲ့ကြသည်။ ၎င်းတိုက်ပွဲတွင် ၃၅၀၁ပုဝါနီစစ်ကြောင်းမှ Dromeတပ်ဖွဲ့နှင့် ၃၅၀၁ တပ်ခွဲ၄မှDromeတပ်ဖွဲ့များ ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့ကြသည်။ တပ်ရင်း၃၅၀၁တပ်ခွဲ၃ တောင်ငူခရိုင် ရေတာရှည်အခြေစိုက်