ပြင်ဦးလွင် DSA ကို တိုက်ခိုက်ခဲ့ကြောင်း MDY-PDF ပြော

အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် စစ်ဗိုလ်ချုပ်များ သင်္ကြန်ပွဲ ဆင်နွှဲရန် ရောက်ရှိနေကြသည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်တက္ကသိုလ် (DSA) ကို ယမန်နေ့ (ဧပြီ ၁၄) ညက တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြောသည်။ ယမန်နေ့ ည ၉ နာရီကျော်ခန့်တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း အဆိုပါမြို့နေသူများကလည်း ပြောသည်။ စစ်ခေါင်းဆောင် ရောက်ရှိနေသည့်အတွက် အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဆိုသည်။ “မနေ့ညက ပြင်ဦးလွင်ကို MDY-PDF က ပစ်ခတ် တိုက်ခိုက်ခဲ့တာကိုတော့ အတည်ပြုပါတယ်။ အသေးစိတ်ကိုတော့ မကြာခင်ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းက ယနေ့ မွန်းလွဲချိန်တွင် ပြောသည်။ ယမန်နေ့ညက … Read more

ပြင်ဦးလွင်တွင် ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှုများပြုလုပ်၊ အနည်းဆုံး လူ ၆ ဦး ထိခိုက်

ပြင်ဦးလွင်တွင် ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှုများပြုလုပ်၊ အနည်းဆုံး လူ ၆ ဦး ထိခိုက် ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် (DSA) ကိုဦးတည်သော ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုများ ယနေ့ ( ဧပြီ ၁၄ရက်) ည ၉နာရီကျော်တွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။ ယခုပစ်ခတ်တိုက်ခိုက်မှုလက်သည်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမှ ကြေညာခြင်းမပြုသေးပါ။ ည ၉ နာရီ ၁၈ မိနစ်က စတင်ပစ်ခတ်သော ဒုံးပစ်ခတ်မှုများနောက်တွင် ပေါက်ကွဲသံများလည်းထွက်ပေါ်နေခဲ့သည်မှာ ည ၁၀ နာရီခန့်အထိဖြစ်သည်။ “မြေတွေတောင် လှုပ်ခါသွားတယ်။ အသံက အရမ်းကျယ်လွန်းတော့ လန့်သွားတာ ဒါတောင် ဖြစ်တဲ့နေရာနဲ့ ညီမတို့က ဝေးတာ။ အခုက ပြင်ဦးလွင်က လူတိုင်းပေါက်ကွဲသံက ကြားရကြတယ်” ဟု ဒေသခံတဦးကပြောသည်။ ပေါက်ကွဲသံ နှစ်ဒါဇင်ခန့်ကြားခဲ့ရပြီး စစ်တက္ကသိုလ်အပြင် အခြားသော စစ်ဘက်ဆိုင်ရာပစ်မှတ်များကို … Read more

စစ်ကောင်စီ ဒု-ခေါင်းဆောင် စိုးဝင်း လူမြင်ကွင်းမှပျောက်နေသည်မှာ ၁၀ ရက်ကျော်ရှိလာ

စစ်ကောင်စီ ဒု-ခေါင်းဆောင် စိုးဝင်း လူမြင်ကွင်းမှပျောက်နေသည်မှာ ၁၀ ရက်ကျော်ရှိလာ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် နေပြည်တော်တွင် ပုံမှန် တက်ရောက်လေ့ရှိသော သင်္ကြန်ဖွင့်ပွဲ အခမ်းအနားများသို့လည်း မတက်ရောက်ဘဲ လူမြင်ကွင်းမှ ပျောက် ကွယ်နေသည်မှာ ၁၀ ရက်ကျော်ရှိလာပြီဖြစ်သည်။ ဧပြီလ ၁၃ ရက်နေ့က နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားတို့ အား စစ်ကောင်စီ ဒု-ခေါင်းဆောင် မပါဝင်ဘဲ ဖွင့်လှစ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြီး၊ ရေ၊ လေ) ရေကစားမဏ္ဍပ်ဖွင့်ပွဲ၊ ၂၀၂၃ ခုနှစ် ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)ရေကစားမဏ္ဍပ်ဖွင့်ပွဲနှင့် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားများတွင် ၎င်းအား … Read more

စစ်သားစုဆောင်းပေးသည့် တီးတိန်ခရိုင် လ၀ကမှူးကို PDF ဖမ်းဆီး

စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးသည့် တီးတိန်ခရိုင် လ၀ကမှူးကို PDF ဖမ်းဆီး ချင်းပြည်နယ်တီးတိန်မြို့တွင် စစ်ကောင်စီ အတွက် အတင်းအဓ္ဓမ စစ်သားစုဆောင်း ပေးနေသည့် ခရိုင် လဝက ဦးစီးမှူးကို ကြိုတင်သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိ၍ ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း PDF Zolandက ယနေ့(ဧပြီလ ၁၄ရက်)သတင်းထုတ်ပြန်သည်။ တီးတိန်မြို့နယ်မှခရိုင်လဝကဦးစီးမှူး ဦးမိုးသူကို ချင်းကာကွယ်ရေးရဲဘော်များက ယနေ့(ဧပြီ ၁၄) နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ သတိပေးချက်ကို ဂရုမစိုက်ဘဲ စစ်ကောင်စီ အတွက် အတင်း အဓမ္မ စစ်သားစုဆောင်းရာတွင် ကူညီနေ၍ဖမ်းဆီးလာခြင်းဟုPDF Zoland က သတင်းထုတ်ပြန်ထားသည်။ ” စစ်မှုထမ်းဥပဒေကို သုံးပြီးတော့ စစ်တပ်ကလူစုနေတာကို လိုက်မလုပ်ဖို့ ရဲဘော်တွေ(ချင်းကာကွယ်ရေးရေးပုံများ)က အကျယ်တဝင့်ကိုသတိပေးထားတာ။ လိုက်နာတဲ့သူတွေရှိပေမယ့် တချို့ကလည်း စစ်တပ်နဲ့ပေါင်းနေရတော့ လိုက်လုပ်နေတာတွေတွေ့တယ်” ဟု ဒေသခံတဦးကပြောသည်။ PDF … Read more

မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရ

မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးထူထပ်စွာ ချထားသည့်ကြားမှ ဗုံးပေါက်ကွဲခဲ့ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်ဝန်ဗဟို မဟာသင်္ကြန်မဏ္ဍပ်အနီးတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲရာ လူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း ရဲသတင်းရင်းမြစ်နှင့်ဒေသပြည်သူများက ပြောဆိုကြသည်။ ယနေ့ ဧပြီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် ချမ်းအေးသာစံမြို့နယ် ၇၁ နှင့် ၂၇ လမ်း မန္တလေးမြို့တော်ဝန်မဟာ သင်္ကြန်မဏ္ဍပ်အနီးရှိ ဆိုင်ကယ်ရပ်နားရာနေရာတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ၊ ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ “မန်းလေးမြို့တော်ဝန် မဏ္ဍပ်မှာ ဗုံး ၂ ခါ ကွဲတယ်။ … Read more

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေ ဖမ်းဆီးခံရကြောင်း သတင်းထွက်ပေါ်

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေ ဖမ်းဆီးခံရကြောင်း သတင်းထွက်ပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးလှဆွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ပြောပါတယ်။ ဦးလှဆွေ အဖမ်းခံရတယ်လို့ ကြားပေမဲ့ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ “ဘူးလက်တို့တော့ ဖမ်းခံရတယ်ကြားတယ်၊ ဦးမြင့်လှိုင်ရယ်၊ ဘာကြောင့်ဖမ်းသလဲဆိုတာတော့ အမျိုးမျိုးပြောနေတာပေါ့၊ အထူးသဖြင့်တော့ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အားမလို အားမရဖြစ်တယ်တို့ဘာတိုတော့ ပြောတယ်ကြားတာပေါ့၊ အဲအတွက် ပုဒ်မတပ်ရမှာပေါ့၊ ဦးမြင့်လှိုင်တော့ ပုဒ်မတပ်ထားတယ်၊ သူတော့ ပြောလို့မရသေးဘူး၊ အခြေအနေက” ဦးလှဆွေနဲ့ ဧပြီ ၁၂ရက်နေ့မနက်ကအထိ ဖုန်းအဆက်အသွယ်ရခဲ့ပေမယ့် သူဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့နောက် ညပိုင်းမှာ ထပ်မံဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။ ဘူးလက်လှဆွေ ခေါ် ဦးလှဆွေဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ … Read more

စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး ခင်အောင်နှင့် ဇနီး ဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

ကျောက်ဆည်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး ခင်အောင်နှင့် ဇနီး ဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး လောင်းလုံးတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ကြီးအင်းကျေးရွာတွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး ခင်အောင်နှင့် ဇနီး ဖြစ်သူတို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသပြည်သူတစ်ဦး ကပြောကြားသည်။ ယမန်နေ့ ဧပြီလ ၁၁ ရက် ညနေ ၇ နာရီခန့်က ကျောက်ဆည်မြို့နယ်၊ ဘော်တောင်ဒေသ၊ ကြီး အင်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေး အသက် ၆၅ နှစ်အရွယ် ခင်အောင်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့သည် အကြမ်းဖက်စစ်ကောင်စီက မတရားထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေကို … Read more

ဖမ်းဆီးခံရသူ ၂ ဦးစလုံးကို မြေယာအလွဲသုံးစားမှုနှင့် အဂတိမှု တပ်ထားပြီး နေပြည်တော်တွင် လုံခြုံရေးများ တိုးမြှင့်ထား

မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်မှု နောက်ဆက်တွဲ ဒုဗိုလ်ချုပ်ကြီး ညိုစော၊ ကြံ့ဖွတ်ပါတီ၏ CEC နှင့် နိုင်ငံ ခြားရေးရာ ကော်မတီ တာဝန်ခံ ဒုဗိုလ်ချုပ် ကြီးဟောင်း အောင်စိုးတို့ ဖမ်းဆီး စစ်ဆေးခံနေရ ဖမ်းဆီးခံရသူ ၂ ဦးစလုံးကို မြေယာအလွဲသုံးစားမှုနှင့် အဂတိမှု တပ်ထားပြီး နေပြည်တော်တွင် လုံခြုံရေးများ တိုးမြှင့်ထား အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်မှု နောက် ဆက်တွဲ အဖြစ် မင်းအောင် လှိုင်၏ အကြံပေး ဒုဗိုလ်ချုပ်ကြီးညိုစော၊ ကြံ့ဖွတ်ပါတီ၏ CEC နှင့် နိုင်ငံခြားရေးရာ ကော်မတီ တာဝန်ခံ ဒုဗိုလ် ချုပ်ကြီး ဟောင်း အောင်စိုးတို့ကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးနေကြောင်း သိရှိရသည်။ လတ်တလော စစ်ကောင်စီ၏ … Read more

စစ်ကူသွား​သောစစ်​သား၁၀၉ဦးပါစစ်​ကြောင်း တစ်ခုလုံး​ချေမှုန်းခံရပြီး ၅၈ ဦးအရှင်ဖမ်းခံရ

ဖား​ဆောင်းစစ်ကူသွား​သောစစ်​သား၁၀၉ဦးပါစစ်​ကြောင်း တစ်ခုလုံး​ချေမှုန်းခံရပြီး ၅၈ ဦးအရှင်ဖမ်းခံရ ကရင်နီပြည်နယ်၊ဘောလခဲမြို့ဘက်မှ ဖားဆောင်းမြို့သို့ စစ်ကြောင်းထိုးလာသည့် ၁၀၉ ဦးပါ စစ်ကောင်စီ စစ် ကြောင်းတစ်ခုလုံး​​ချေမှုန်းခံရပြီး ၅၈ ဦးအရှင်ဖမ်းမိကြောင်း ကရင်နီပြည်မှ စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။ KNPLF (ကလလတ)၏ “နေပြည်တော်သိမ်းပိုက် အောက်လံစိုက်” လူမှုကွန်ယက်ကမ်းပိန်းစာမျက်နှာမှတဆင့် ယနေ့(ဧပြီ ၁၂ )ထုတ် ပြန် အသိပေးသည့် ရုပ်သံဖိုင် မှတ်တမ်းတွင်လည်း စစ်ကောင်စီတပ်သားဆယ်နှင့်ချီဖမ်းဆီးခံထားပြီး ကရင်နီပူးပေါင်းတပ်က စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည်ကို တွေ့ရသည်။ ထိုသို့စစ်ဆေးစဥ် ၎င်းတို့စစ်ကြောင်း၌ ၁၀၉ ဦးပါရှိကြောင်း စစ်ကောင်စီတပ်သားများက ထွက်ဆိုသည်။ “ခင်ဗျားတို့ ၁၀ ခါလောက်လာလည်းအဖြေကဒါပဲထွက်မှာပဲ။ခင်ဗျားတို့ အစကတည်းက လက်နက်ချသင့်တယ်”ဟု ကရင်နီပူးပေါင်းတပ်မှ ရဲ​ဘော်များက စစ်ကောင်စီတပ်သားများကို ပြောဆိုကိုလည်းကြားရသည်။ ကရင်နီတပ်​ပေါင်းစုက တိုက်ခိုက်​ချေမှုန်းခဲ့​သောစစ်​ကောင် စီတပ် စစ်ကူစစ်​ကြောင်းတွင် ယခင်စစ်ကူလာဖူး​ပြီးပြန်ဆုတ်သွားရ​​သောစစ်သားအချို့လည်းပါဝင်​ကြောင်း ကရင်နီပူး​ပေါင်းတပ်မှ၏ စစ်​မေးမှုများအရသိရသည်။ ၁၀၉ … Read more

ဒုဗိုလ်ချုပ် ကြီး ၁ ဦးနှင့် ကြံ့ဖွတ်ပါတီ၏ အရေးပါသူတချို့လည်း အဂတိလိုက်စားမှုများဖြင့် နောက်ကြောင်းပြန် အမှုဖွင့် ဖမ်းဆီးခံရ

မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည်ဟု တိုင်ကြားခံရသော ဒုဗိုလ်ချုပ် ကြီး ၁ ဦးနှင့် ကြံ့ဖွတ်ပါတီ၏ အရေးပါသူတချို့လည်း အဂတိလိုက်စားမှုများဖြင့် နောက်ကြောင်းပြန် အမှုဖွင့် ဖမ်းဆီးခံရဟု သတင်းများ ထွက်ပေါ်လာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည်ဟု စွပ်စွဲတိုင်ကြားခံရသော ဒုဗိုလ် ချုပ်ကြီး ၁ ဦးနှင့် ကြံ့ဖွတ်ပါတီ၏ အရေးပါသူတချို့လည်း အဂတိလိုက်စားမှုများဖြင့် အမှုဖွင့် ဖမ်းဆီးခံရသည်ဆိုသော သတင်းများ ရရှိထားပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုချက်ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။ မင်းအောင်လှိုင်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုအပေါ် စစ်အရာရှိဟောင်းကြီးများ၏ စကား၀ိုင်းတွင် ဝေဖန်ပြောဆိုခဲ့သော ဒုဗိုလ်ချုပ်ကြီး​ဟောင်းမြင့်လှိုင်ကို ဧပြီလ ၉ ရက်နေ့တွင် လယ်မြေသိမ်းဆည်းမှု၊ မြေယာအလွဲသုံးစားမှုများဖြင့် စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီးခဲ့ပြီး အဆိုပါ စကား၀ိုင်း၏ နောက်ဆက်တွဲ လက်ရှိ ဒုဗိုလ်ချုပ်ကြီး … Read more