လွယ်ဂျယ်မှ သိမ်းဆည်းရရှိသော ငွေကျပ် သိန်းပေါင်း ၅၃ သောင်းကို KIA က ဘဏ္ဍာအဖြစ် သိမ်းဆည်း

လွယ်ဂျယ်မှ သိမ်းဆည်းရရှိသော ငွေကျပ် သိန်းပေါင်း ၅၃ သောင်းကို KIA က ဘဏ္ဍာအဖြစ် သိမ်းဆည်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ၊ လွယ်ဂျယ်မြို့မှ သိမ်းဆည်းရရှိသော ငွေကျပ် သိန်းပေါင်း ၅၃ သောင်းကျေကိုာ် ဘဏ္ဍာရေးအဖြစ် KIA က သိမ်းဆည်းထားကြောင်း KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သတင်းထုတ်ပြန်သည်။ KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ် ၆၄ တွင် တိုက်ပွဲရရှိသော ငွေကြေးနှင့် တန်ဖိုးရှီသော ပစ္စည်းများကို ဘဏ္ဍာရေးဌာန သို့ အပ်နှံရန် ပါရှိကြောင်း၊ထို့ကြောင့် သတ်မှတ်ထားသော သတ်မှတ် စည်းမျဉ်များ အတိုင်း လွယ်ဂျယ်မြို့မှ ရရှိထားသော ကျပ်ငွေ သိန်းပေါင်း ၅,၃၅၈,၂၀၀,၀၀၀ ကို ဘဏ္ဍာရေးဌာနသို့ စာရင်းပေးသွင်း ပေးအပ်ပြီဲစ်ကြာင်း သိရှိရသည်။ … Read more

မန္တလေးမှာ သုံးလောင်းပြိုင် အသတ်ခံထားရတာကို အမျိုးတွေလာမှသိ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အောင်သပြေရပ် ၁၀လမ်း၊ ၈၆လမ်းနဲ့ ၈၇ လမ်းကြားကအိမ်မှာ သုံးလောင်းပြိုင် အသတ်ခံထားရတာကို ဧပြီ ၁၁ရက် ညနေပိုင်းမှာ မရောက်တာကြာတဲ့ အမျိုးတွေလာမှ သိရတယ်လို့ ​ဒေသခံတွေထံမှ စုံစမ်းသိရှိရပါတယ်။ “ဆွေမျိုးတွေက အဆက်သွယ်မရလို့ နေအိမ်ရောက်လာကြတာ သော့ခတ်ထားတာကြောင့် တာဝန်ရှိသူများနဲ့ သော့ဖျက်ဝင်ရောက်တဲ့အခါမှာ နေအိမ်ရှိ သုံးယောက်လုံး အသတ်ခံထားရတာကိုတွေ့ရှိခဲ့ရတာ” လို့ ဆိုပါတယ်။ သေဆုံးသူတွေဟာ ဦးမြင့်စိုးနဲ့ ဇနီးဒေါ်သန်းသန်းထိုက် သားမောင်ထက်ဝေစိုးတို့ဖြစ်ပြီး သားမိသားဖ သုံးယောက်စလုံးတစ်ပြိုင်နက်ထဲ အသတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။ “အဲ့သေသွားတဲ့ အန်တီက ရွှေတွေတအားဝတ်တာ တစ်ကိုယ်လုံးညွတ်‌နေတာပဲ။ ဧပြီလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းမှာ အလှူကပြန်လာတာ‌တောင် တွေ့လိုက်သေးတယ် အဲ့နောက်ပိုင်းမှာ လူသတ်မှုဖြစ်သွားတာနေမှာ ညနေ ဘက် ရောက်တော့ အဲ့နားရုတ်ရုတ်သဲသဲဖြစ်နေကြတာ ” လို့ … Read more

သင်္ကြန်အတွင်း လူစုလူဝေး မပြုလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် မေတ္တာရပ်ခံ

စစ်ကောင်စီက လေကြောင်းကို အသုံးပြုပြီး တိုက်ခိုက်လာနိုင်တာကြောင့် သင်္ကြန်တွင်း လူစုလူဝေးမပြုလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဧပြီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ နေ့စဉ်ရက်ဆက် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြာင့် လူစုလူဝေးလို့ ယူဆရတဲ့ နေရာတွေကို အလစ်ချောင်း၊ အငိုက်ဖမ်းပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်ရေးပြင်းထန်နေတဲ့ ကာလဖြစ်တဲ့ အလျှောက် သင်္ကြန်ကာလအတွင်းမှာ မြို့ပြသာမက ကျေးလက်တွေမှာပါ လူစုလူဝေးလုပ်တာ၊ လူအများအပြား စီးနင်းလိုက်ပါလာတဲ့ ကားတွေနဲ့ တမြို့ဝင်တမြို့ထွက် လှည့်လည်တာ၊ လူစုလူဝေးနဲ့ သင်္ကြန် မဏ္ဍပ်တွေ၊ Show ပွဲတွေ ကျင်းပတာ၊ ဘုန်းကြီးကျောင်းတွေမှာ လူစုလူဝေးနဲ့ ဥပုသ်သီလ ဆောက်တည်တာ၊ အလှူအတန်း … Read more

အိန္ဒိယမှကျွမ်းကျင် ဆရာဝန်တချို့ပင့်၍ ဆေးဝါး ကုသမှု ခံယူခဲ့

ဒုစစ်ခေါင်းဆောင် စိုးဝင်း ဒရုန်းတိုက်ခိုက်မှုကြောင့် ရရှိသော နောက်ဆက်တွဲ ဒဏ် ရာ များအတွက် အိန္ဒိယမှကျွမ်းကျင် ဆရာဝန်တချို့ပင့်၍ ဆေးဝါး ကုသမှု ခံယူခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်စရာမရှိ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒရုန်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး အိန္ဒိယမှ အရိုးအကြောခွဲစိတ်ပါရဂူကို ပင့်ဖိတ်၍ ဆေးဝါးကုသမှု ခံယူခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ ဧပြီလ ၉ရက်နေ့နှင့် ၁၀ရက်နေ့များတွင် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း ရုံးတက် အစည်း အဝေးလုပ်နေသည့် စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းကို SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ကာမီကာဇေဒရုန်းများဖြင့် ၂ ရက်ဆက်တိုက် တိုက်ခိုက်မှုပြုလုပ်ခဲ့ရာတွင် ဒုစစ်ခေါင်းဆောင်ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၁၀ရက်နေ့ ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ်တွင် ခန်းမဆောင်ပေါ်သို့ … Read more

မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည့် လယ်/ဆည် ဝန်ကြီးဟောင်း မြင့်လှိုင်ကို နောက် ကြောင်းပြန် လယ် မြေသိမ်းမှုများဖြင့် အရေး ယူ

မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည့် လယ်/ဆည် ဝန်ကြီးဟောင်း မြင့်လှိုင်ကို နောက် ကြောင်းပြန် လယ် မြေသိမ်းမှုများဖြင့် အရေး ယူ၊ နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်ပြီး မိသားစုကိုလည်း အကျယ်ချုပ်ထား အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ရင်ဖွင့်ကြံစည်ခဲ့သည့် လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို ဝန်ကြီးဖြစ်စဉ်က လယ်မြေသိမ်းမှုများဖြင့် နောက်ကြောင်းပြန် အမှုဖွင့်လိုက်ပြီး နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်လိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ လယ်/ဆည်ဝန်ကြီးဟောင်းလည်းဖြစ်သူ မြင့်လှိုင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဆောင်ရွက်မှုများသည် ပျော့လွန်းပြီး ပြတ်ပြတ်သားသားမကိုင်တွယ်သည့်အတွက် တိုင်းပြည် ပြို ကွဲသည်အထိ ဖြစ်လာနေကြောင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ပယ်ခြင်း မပြုပါက တပ်မတော် နှင့် နိုင်ငံ၏ အနာဂတ် ပြိုလဲမည်ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်ဟောင်းတချို့နှင့် တိုင်ပင်ခဲ့ကြကြောင်း၊ ယင်းသို့ … Read more

ခလရ ၂၇၅ တပ်က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ စွန့်ခွာ

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ စွန့်ခွာသွားသည့်သတင်းများကြောင့် ထိုင်းစစ်တပ်က ယနေ့ နံနက်ပိုင်း လုံခြုံ ရေးများ ယခင်ထက် ပိုမိုတိုးမြှင့် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်သည် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ ထွက်ပြေးစွန့်ခွာသွားသည်ဆိုသော သတင်းများကြောင့် ထိုင်းစစ်တပ်က အမှတ် ၂ တံတားဘက်တွင် လုံခြုံရေးများ အထူးတိုးမြှင့်ထားကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။ “ခလရ ၂၇၅ က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ကို စွန့်ခွာသွားတယ်။ ဒီဘက်ကည်း လမ်းဖွင့်ပေးတာမျိုး လုပ်ပေးလိုက်တယ်လို့ သိရတယ်။ အခု မြ၀တီမြို့ထဲမှာ BGF က အဓိက ထိန်းထားတယ်။ ဖြစ်စဉ်က နည်းနည်း … Read more

နန့်ယား စစ်တပ်ဂိတ်စခန်းကို ၂ ရက်အကြာ တိုက်ခိုက်ပြီးနောက် KIA က အပြီးသတ် သိမ်းပိုက်ရရှိ

ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ စစ်အင်အား ၂၀၀ ကျော် တပ်စွဲထားသော နန့်ယား စစ်တပ်ဂိတ်စခန်းကို ၂ ရက်အကြာ တိုက်ခိုက်ပြီးနောက် KIA က အပြီးသတ် သိမ်းပိုက်ရရှိ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ စစ်အင်အား ၂၀၀ ကျော် တပ်စွဲထားသော နန့်ယား စစ်တပ်ဂိတ်စခန်းကို ၂ ရက်အကြာ တိုက်ခိုက်ပြီးနောက် KIA က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုသည်။ ဧပြီလ ၉ ရက်နေ့ နံနက် ၆ နာရီ အချိန်မှစတင်ပြီး KIA ဦးဆောင်သော မဟာမိတ်တပ်များက မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နန့်ယားစစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းဖြင့် အသည်းအသန် ခုခံခဲ့သော်လည်း … Read more

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိဟု ထိုင်းသတင်းမီဒီယာက သတင်းဖော်ပြ၊ မြ၀တီမြို့တွင် စစ်ကောင်စီတပ်စခန်းမရှိတော့ ထိုင်းလေတပ်က F-16 တိုက်လေယာဉ်များဖြင့် ထိုင်း-မြန်မာနယ်စပ် ကောင်း ကင်ယံတွင် အမြဲမပြတ် ပျံသန်းကင်းလှည့် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာဖြစ်သည့် The Reporter က ယနေ့ နံနက်ပိုင်းတွင် သတင်းဖော်ပြသည်။ ဧပြီလ ၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ခလရ ၂၇၅ တပ်ကို KNLA ဦးဆောင်သော မဟာမိတ်တပ်များက စတင်တိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ခလရ ၂၇၅ ကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ … Read more

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း မြင့်လှိုင် ဖမ်းဆီးခံရ

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း မြင့်လှိုင် ဖမ်းဆီးခံရ ပြည်သူတွေကို ထမင်းတစ်နပ်လျော့စားဆိုတဲ့ လယ်ဆည်ဝန်ကြီးဟောင်း မြင့်လှိုင် သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရလက်ထက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် မြင့်လှိုင်ကို ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က နေပြည်တော်ရှိ သူ့ရဲ့ နေအိမ်ကနေ ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ မိတ်ဆွေတွေက ပြောပါတယ်။ ဘာကြောင့် ဖမ်းဆီးခံရသလဲဆိုတာ အတိအကျ မသိရပေမယ့် မြင့်လှိုင် အဖမ်းခံရတာ မှန်ကန်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေက ပြောပါတယ်။ အခုလို အဖမ်းမခံရခင်မှာ မြင့်လှိုင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ နုတ်ထွက်စာတင်သွားတယ်လို့ ဦးလှဆွေက ဒီနေ့ညနေပိုင်းက ပြောပါတယ်။ “သူ့ကိုခေါ်ယူ စစ်ဆေးမေးမြန်းနေတာတော့ ဟုတ်ပါတယ်။ ပါတီက ထွက်စာ ကျွန်တော်ထံကို … Read more

အစည်းအဝေးလုပ်နေသည့် ဒု-စစ်ခေါင်းဆောင်အား ဒရုန်းအဖွဲ့တိုက်ခိုက်

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် – ရတခ တိုင်းရုံးအတွင်း အစည်းအဝေးလုပ်နေ သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ဗိုလ်ချုပ် ၄ ဦး အပါအဝင် တပ်သား ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု Alpha Bats Drone Force အဖွဲ့က ထုတ်ပြန်ထား သည်။ ယမန်နေ့ ဧပြီလ ၉ ရက် နေ့လယ်ပိုင်းတွင် Alpha Bats ဒရုန်းအဖွဲ့က ကာမီကာဇေဒရုန်း ၅ စီးဖြင့် အရှေ့တောင် တိုင်းစစ်ဌာနချုပ်ဝန်းအတွင်းရှိ အားကစားခန်းမနှင့် ရဟတ်ယာဉ်များအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုသည် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ အစည်းအဝေးလုပ်နေစဉ်တွင် တိုက်ခိုက်ခဲ့ခြင်းပြီး ဒုတိယအကြိမ်မြောက်တိုက်ခိုက်ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။ ဒုတိယအကြိမ်မြောက် ကာမီကာဇေဒရုန်းများဖြင့်တိုက်ခိုက်မှုအတွင်း … Read more