စစ်ထောက်လှမ်းရေးရုံးချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခတ်
မင်္ဂလာဒုံမြို့နယ်ရှိ စစ်ထောက်လှမ်းရေးရုံးချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခတ် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ထောက်လှမ်းရေးရုံးချုပ်ကို ယမန်နေ့(ဧပြီ ၆) ညပိုင်းက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း မြိုပြအထူးတပ်ဖွဲ့(USF)က အသိပေးထုတ်ပြန်သည်။ ယမန်နေ့ ည ၉ နာရီကျော်က မြို့ပြအထူးတပ်ဖွဲ့ (USF)၊ Shadow (SAF)နှင့်အတူ Brave Warriors For Myanmar (BWM) တို့ပူးပေါင်းကာ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ထောက်လှမ်းရေးရုံးချုပ်ကို အဆင့်မြှင့် တာဝေးပစ်ရှော့တိုက်ဒုံး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ “ညက ၉ နာရီလောက်က မင်္ဂလာဒုံဘက်မှာ ဗုံးပေါက်သံတွေ ကြားလိုက်ရတယ်။ ၂ ချက်၊ ၃ ချက်လောက် ရှိမယ်ထင်တယ်။ အသံတော်တော်ကျယ်တယ်။ မြောက်ဥက္ကလာဘက်က လူတွေတောင် ဗုံးပေါက်သံကို ကြားလိုက်တယ် ပြောတယ်။ စစ်ထောက်လှမ်းရေးရုံးဘက်မှာ ပေါက်တာလို့ သိရတယ်။ … Read more