ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများကို ဖြတ်တောက်၍ စစ်တပ်ကို မျှားခေါ် မိုင်းဆွဲ တိုက်ခိုက်

အုတ်ဖိုတွင် စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများကို ဖြတ်တောက်၍ စစ်တပ်ကို မျှားခေါ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးဟုဆို ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်ကြိုးကို ဖြတ်တောက် မျှားခေါ်ပြီး အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁၀ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ဧပြီလ ၁ ရက်နေ့ ည ၁၁ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ ဝင်းသရက်ကျေးရွာ ချောင်းကမ်းပါးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က ဖြတ်တောက် ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။ ထို့နောက် … Read more

ပခုက္ကူမှာ စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ စစ်အုပ်စု (၁၁)ယောက် သေပြီး အများအပြား ဒဏ်ရာရ

ပခုက္ကူမှာ စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ စစ်အုပ်စု (၁၁)ယောက် သေပြီး အများအပြား ဒဏ်ရာရ မကွေးတိုင်း ပခုက္ကူမြို့၊ ခြေမြန်တပ်မဌာနချုပ် (တမခ) – ၁၀၁ ထဲက ထွက်လာတဲ့ စစ်‌အုပ်စု ကားနှစ်စီးကို ယမန်နေ့ ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု (၁၁)ယောက် သေပြီး ဒဏ်ရာရသူလည်း အများအပြား ရှိတယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ပါတယ်။ မတ်(၂၈)ရက် ညနေပိုင်းက ပခုက္ကူ တပ်မ -၁၀၁ ကနေ မြိုင်ဘက် မောင်းနှင်လာတဲ့ စစ်အုပ်စု အင်အား(၇၀)ကျော်ပါ ကားနှစ်စီးကို ပခုက္ကူမြို့နယ် ကန်တော်ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းထိတာကြောင့် စစ်အုပ်စု (၃၃)ယောက်ပါ ကားတစ်စီးဟာ ဘီးနှစ်ဘီးလုံး မရှိတော့ဘဲ လမ်းဘေး ယာခင်းထဲ ထိုးဆင်းသွား‌တယ်လို့ … Read more

ရာအိမ်မှူးတစ်ဦးအား ပျူစောထီးအဖွဲ့မှ ဝိုင်းဝန်းရိုက်နှက်

ပုသိမ်တွင် စစ်မှုထမ်းရန် လူစုဆောင်းမှုဖြင့်ပုဂ္ဂိုလ်ရေးမကျေနပ်၍ ရာအိမ်မှူးတစ်ဦးအား ပျူစောထီးအဖွဲ့မှ ဝိုင်းဝန်းရိုက်နှက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်းရန်အတွက် လူဦးရေစုဆောင်းမှုအပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်သည့်အတွက် ရာအိမ်မှူးတစ်ဦးအားရပ်ကွက် ပျူစောထီးအဖွဲ့မှ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။ ပုသိမ်မြို့ အမှတ်(၅) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ရာအိမ်မှူး(နယ်မြေမှူး)ဖြစ်သူ မိုးကျော်ဦး ဆိုသူအား ရပ်ကွက်ပျူစောထီးအဖွဲ့ဝင်များမှ ထောင်ကုန်းစစ်သားစုဆောင်းရေးရှေ့တွင် ပြီးခဲ့သည့် မတ်လ (၃၀)ရက်နေ့ ည က ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများထံကသိရသည်။ “ ရာအိမ်မှူး မိုးကျော်ဦးကို ပြည်သူ့စစ်တွေ ဝိုင်းပြီး‌ရိုက်ကြတယ်။ ထောင်ကုန်းစုဆောင်းရေးတပ်အနားမှာဝိုင်းဆော်ကြတာ။ ခေါင်းကွဲသွားတယ်။ အနားကစစ်သားတွေလာပြီးတွဲခေါ်သွားတာတွေ့လိုက်ရတယ် “ဟု မျက်မြင်တွေ့ရှိခဲ့သည့်ဒေသခံတစ်ဦးကပြောသည်။ ရိုက်နှက်ခံရခြင်းကြောင့် ရာအိမ်မှူး မိုးကျော်ဦးဆိုသူမှာ ဦးခေါင်းကွဲ ဒဏ်ရာရရှိခဲ့သည့်အတွက် ပုသိမ်သိမ်‌ဆေးရုံ ကြီးတွင် အတွင်းလူနာအဖြစ် ပို့ဆောင်ထားရကြောင်း … Read more

ရှိမ်းမကားဘက်သွားတဲ့ စစ်အုပ်စု စက်လှေသုံးစီး ဧရာဝတီမြစ်ထဲမှာ တိမ်းမှောက်

မတ္တရာကနေ ရှိမ်းမကားဘက်သွားတဲ့ စစ်အုပ်စု စက်လှေသုံးစီး ဧရာဝတီမြစ်ထဲမှာ တိမ်းမှောက် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကနေ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာ ရဲစခန်းဘက် သွားတဲ့ စစ်အုပ်စုနဲ့ပျူတွေ လိုက်ပါလာတဲ့ စက်လှေသုံးစီး မနေ့က ညနေပိုင်းမှာ ဧရာဝတီမြစ်အတွင်း တိမ်းမှောက်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်(၃၁)ရက် မနေ့က စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် စက်လှေတွေဟာ မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာကတဆင့် မြစ်အနောက်ဘက်ကမ်းက ရှိမ်းမကားကျေးရွာဘက် သွားရောက်ချိန် လေတိုက်ကြမ်းလို့ မြစ်လယ်မှာ စက်လှေသုံးစီး နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။ “ပထမတခေါက်က သုံးစီး၊ ဒုတိယတခေါက်က သုံးစီး၊ တတိယတခေါက်က ငါးစီး။ အဲ့မှာ တတိယ တခေါက်က သုံးစီး မှောက်သွားတယ်။ လေပြင်းပြီး မှောက်သွားတာ “လို့ ဒေသခံတစ်ဦးကပြောပါတယ်။ … Read more

တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး မိုးမောက် ကုန်းလောရွာအနီး တိုက်ပွဲ၌ သေဆုံး

တပ်မ(၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး မိုးမောက် ကုန်းလောရွာအနီး တိုက်ပွဲ၌ သေဆုံးဟုကချင်စစ်​ရေးသတင်းရင်းမြစ်​ပြော ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီတပ်တို့ကြား မတ် ၂၉ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ(၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြော သည်။ KIA ဌာနချုပ် လိုင်ဇာအနီး ဘွမ်ရယ်ဘွမ်တပ်စခန်းမှ ထွက် ပြေးသွားသည့် တပ်မ(၈၈) တပ်မမှူးပါဝင်သည့် စစ်ကြောင်းနှင့် KIA တို့ ယမန်နေ့က မိုးမောက်မြို့နယ် ကုန်းလောရွာအနီး မန်နောင်ဒေသ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မမှူး သေ ဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ “မနေ့က မိုးမောက်မြို့နယ် ကုန်းလောရွာအနောက်ဘက် မန်နောင် တိုက်ပွဲမှာ တပ်မ(၈၈) တပ်မမှူး မင်းထွဋ်ဦး သေသွားပြီ။ … Read more

ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် စစ်သား ၂၀ ကျော်သေဆုံး

ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို နှင့်ဗိုလ်မှူးစောထွေး၊ ခလရ ၂၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဖြိုးသူအောင် အပါအဝင် စစ်သား ၂၀ ကျော်ကို အသေဖမ်းဆီးရရှိ ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကိုနှင့် ဗိုလ်မှူးစောထွေး၊ ခလရ ၂၀၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးသူအောင် အပါအဝင် ထွက်ပြေးသည့် စစ်သား ၂၀ ကျော်ကို အသေဖမ်းဆီးရရှိကြောင်း AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၄ ရက်နေ့တွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၊ ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူးအပါဝင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သည် လက်နက်ချ … Read more

လောင်းလုံးမှာ စခန်းမှူးယာဥ်တန်းနဲ့ လမ်းကင်းယူပေးတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရ

လောင်းလုံးမြို့မရဲစခန်းက စခန်းမှူးလိုက်ပါလာတဲ့ယာဥ်တန်းနဲ့ လမ်းတလျှောက်မှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။ ဒီကနေ့မနက် ၆ နာရီခွဲလောက်မှာ လောင်းလုံးရဲစခန်းက စခန်းမှူးစီးလာတဲ့ အိမ်စီးကားတစ်စီးနဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့မြေတင်ကားတစ်စီးမိုင်းဆွဲခံရတာပါ။ လောင်းလုံးရဲစခန်းကနေ ထားဝယ်မြို့ဘက်ကိုမောင်းနှင်လာချိန် ကမြောကြီးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ လောင်းလုံးမြို့နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ “မိုင်းက စခန်းမှူးပါတဲ့ကားကိုတော့ မထိလိုက်ဘူး။ အနောက်က မြေတင်ကားတော့ ထိသွားတယ်။ မြေတင်ကားအနောက်ခန်းမှာ စစ်သားရှစ်ကောင်လောက်ပါတယ်”လို့ ပြည်သူ့ကာကွယ်‌ရေးရဲဘော်က ပြောပါတယ်။ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေကလည်း လက်နက်ငယ်နဲ့ ပြန်လည် ပစ်ခတ်ပြီးမောင်းပြေးသွားတယ်လို့ သူကဆက်ပြောပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနဲ့ ရဲတွေဘက်က ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။ မိုင်းဆွဲခံရတဲ့ယာဥ်တန်းမှာပါတဲ့ စခန်းမှူးဟာ လောင်းလုံးမြို့မရဲစခန်းကနေ ပြောင်းရွေ့မိန့်ကျထားသူဖြစ်ပြီး လက်ရှိမှာ စခန်းမှူးအသစ်တစ်ဦးလည်း ရောက်ရှိနေပြီလို့ ပြည်သူ့ကာကွယ်‌ရေးရဲဘော်တွေရဲ့ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း သရက်ချောင်းနဲ့ … Read more

ဒုရဲအုပ်နှင့်အဖွဲ့က ဓားပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်းများ လုယူသွား (ရုပ်/သံ)

မန္တလေးမြို့ ၊ လင်းလက်ဝါ ရွှေပန်းတိမ်ကို ဒုရဲအုပ်နှင့်အဖွဲ့က ဓားပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်းများ လုယူသွား (ရုပ်/သံ) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ ၈၉နှင့်လမ်း ၉၀ အကြား၊ သီရိရိပ်မွန်အိမ်ရာရှိ လင်းလက်ဝါ ရွှေပန်းတိမ်ကို ဒုရဲအုပ်နှင့်အဖွဲ့က ဓားပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်းများ လုယက်သွားကြောင်း ရဲသတင်းရင်းမြစ်နှင့် CCTV မှတ်တမ်းများအရ သိရှိရသည်။ မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် အောင်မြေသာစံမြို့နယ်၊ ၂၂ ရပ်ကွက် ၊ သီရိမာလာအရှေ့ရပ်ကွက်၊ သီရိရိပ်မွန်အိမ်ရာရှိ လင်းလက်ဝါ ရွှေပန်းတိမ်ကို ဒုရဲအုပ်နှင့်အဖွဲ့က ရောက်ရှိလာပြီး မသင်္ကာသော လူလာရှာသည်ဟုဆိုကာ တံခါးဖွင့်ခိုင်းကြောင်း၊ တံခါးဖွင့်ပေးပြီးနောက် တိုက်၏ အလွှာများကို ဝင်ရောက်စစ်ဆေးပြီး ပန်းတိမ်မှ ရွှေထည်ပစ္စည်းများအားလုံးကို လုယက်သွားခဲ့ကြောင်း သိရှိရသည်။ “ရဲဝတ်စုံဝတ်ပြီး … Read more

PDF စခန်းအခြေအနေကိုစုံစမ်းလေ့ရှိတဲ့ စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသားတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ Phoenix DF က သတင်းထုတ်ပြန်ထားပါတယ်။ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းအုပ်စု၊ ကံစုရွာမက အသက် ၆၀ နှစ်အရွယ် ကိုတင်စိုးကို မတ် ၂၆ ရက်နေ့လယ်ပိုင်းက ပဲခူးရိုးမအစပ်တနေရာမှာ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ပြောပါတယ်။ “ဦးတင်စိုးက တောထဲကို ထင်းတိုက် ဝါးတိုက်ဟန်ဆောင်ပြီး ရောက်လာလို့ စစ်မေးဖို့ဖမ်းဆီးချိန် ထွက်ပြေးဖို့ကြိုးစားလို့ ပစ်သတ်ခဲ့ရတာပါ” လို့ Phoenix DF မှ တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။ ကိုတင်စိုးဟာ PDF စခန်းအခြေအနေကို သုံးကြိမ်ထက်မနည်း စုံစမ်းမှုတွေလုပ်ခဲ့ပြီး သက်သေ အထောက်အထား ခိုင်လုံမှသာ ခုလိုရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူသတင်းပေးတာကြောင့် မြေပြင်ထောက်ပို့နေသူတွေလည်း … Read more

ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်ရှိ စစ်စခန်း ၇ ခုကို KIA က တပြိုင်တည်း ထိုးစစ်ဆင်

မိုးမောက်မြို့နယ်၊ ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်ရှိ စစ်စခန်း ၇ ခုကို KIA က တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၇ ခုကို KIA က တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။ ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ကာ ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်တွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ စခန်း ၇ ခု ကို KIA ပူးပေါင်းတပ်ဖွဲ့များ တပြိုင်တည် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။ “ဒီမနက် … Read more