ခမရ ၄၂၆ တပ်က အထိုင်ချထားသော အလန်ဂါတပ်စခန်းကို စစ်သားများအားလုံး စွန့်ခွာ ထွက်ပြေး

မချမ်းဘောမြို့နယ်ရှိ ခမရ ၄၂၆ တပ်က အထိုင်ချထားသော အလန်ဂါတပ်စခန်းကို စစ်သားများအားလုံး စွန့်ခွာ ထွက်ပြေး ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်ရှိ ခမရ ၄၂၆ တပ်က အထိုင်ချထားသော အလန်ဂါတပ်စခန်းကို စစ်သားများအားလုံး စွန့်ခွာ ထွက်ပြေးသွားကြောင်း KIA မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၂၄ ရက်နေ့ တွင် ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ နောင်မွန်လမ်းပေါ် ရှိ အလန်ဂါ စစ်ကောင်စီတပ်စခန်းမှ စစ်အင်အား ၃၀ ခန့်က စခန်းကို စခန့်ခွာထွက်ပြေးသွားကြောင်း၊ အဆိုပါတပ်စခန်းမှ စစ်ကြောင်းမှာ ခမရ ၄၂၆ တပ်မှ ဖြစ်ကြောင်း သိရှိရသည်။ “အလန်ဂါ တပ်စခန်းက အင်အား ၃၀ က ပူတာအိုခလရ ၁၃၇ ကို သွားပူးပေါင်းတယ်။ စခန်းကိုတော့ KIA … Read more

အတင်းအဓမ္မ စစ်သား စုဆောင်းပေးနေသူများနှင့် အုပ်ချုပ်ရေးမှူးများကို ပြည်သူ့ရန်သူအဖြစ် သတ်မှတ်

မန္တလေးမြို့ပေါ်တွင် အတင်းအဓမ္မ စစ်သား စုဆောင်းပေးနေသူများနှင့် အုပ်ချုပ်ရေးမှူးများကို ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ပြီး ဒဏ်ခတ်စီရင်မှု မလွဲမသွေခံရမည်ဟု မန္တလေး လူထုတိုက်ပွဲ အင်အားစုများက ကြေညာ မန္တလေးမြို့ပေါ် အပါအဝင် အကြမ်းဖက် စစ်ကောင်စီထိန်းချုပ်ထားရာနေရာများအတွင်း၌ အတင်း အဓမ္မ စစ်သားစုဆောင်းပေးနေသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အပါအဝင် လူ ပုဂ္ဂိုလ်အဖွဲ့အစည်းများကို ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ပြီး ဒဏ်ခတ်စီရင်မှု မလွဲမသွေခံရမည်ဟု မန္တလေး လူထုတိုက်ပွဲအင်အားစုများက မတ်လ ၂၄ ရက်နေ့တွက် အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယခုရက်များတွင် ဖက်ဆစ်အကြမ်း ဖက် စစ်အုပ်စုနှင့် ၎င်းတို့၏ ထောက်တိုင်အဖြစ် တက်ကြွစွာ အသုံးတော်ခံနေကြသော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အကွက်မှူး/ ရာအိမ်မှူး/ ဆယ်အိမ်မှူးများသည် မန္တလေးမြို့ပေါ် နှင့် ၎င်းတို့ … Read more

၎င်း၏ စွမ်းဆောင်မှုကြောင့် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာပြီဟု မင်းအောင်လှိုင် ပြောဆို

NLD အစိုးရလက်ထက် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် စီးပွားရေးကျဆင်းခဲ့ရပြီး ၎င်း၏ စွမ်းဆောင်မှုကြောင့် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာပြီဟု မင်းအောင်လှိုင် ပြောဆို တိုင်းပြည်တည်ငြိမ်လျှင် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမည်ဟုဆိုပြန် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံ၏ စီးပွားရေးသည် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ကျဆင်းခဲ့ရသော်လည်း အကြမ်းဖက်မင်းအောင်လှိုင်က ၎င်း၏ စွမ်းဆောင်မှုကြောင့် တိုင်းပြည်စီးပွားရေး ပြန်လည် ဦးမော့လာနေကြောင်း ထုတ်ဖော်ပြောဆိုသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media တွေ့ဆုံစဉ် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ “ကိုဗစ်ရောဂါကြောင့် ဖြစ်တာမဟုတ်ဘဲနဲ့ ၂၀၁၈ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ကျဆင်းခဲ့ပါတယ်။ ဒါကို ကျနော်တို့ စီးပွားရေး ပြန်လည် နာလန်ထူမှုဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် … Read more

ရခိုင်ပြည်နယ်သယံဇာတဝန်ကြီး နှလုံးအမောဖောက်သေဆုံး

စစ်ကောင်စီ၏ ရခိုင်ပြည်နယ်သယံဇာတဝန်ကြီး နှလုံးအမောဖောက်သေဆုံး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်ကောင်စီခန့် သယံဇာတဝန် ကြီးဦးသန်းထွန်းသည် နှလုံးအမောဖောက်ပြီး ရုတ်တရက်သေဆုံးသွားကြောင်း စစ်တွေမြို့ခံအချို့က​ပြောသည်။ ဦးသန်းထွန်းသည် ယနေ့(မတ်လ ၂၄ရက်)နံနက်တွင် စစ်တွေမြို့ရှိရင် ၎င်း၏နေအိမ်၌ ရုတ်တရက်နှလုံးအမောဖောက်ပြီး လဲကျသွားခဲ့ကြောင်းနှင့် မိသားစုဝင်များက စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆေးရုံအရောက်၌သေဆုံးသွားခြင်းဟု ဒေသခံတဦးကပြောသည်။ “သေဆုံးသွားပြီ။ နာရေးက အိမ်မှာပဲ လုပ်နေတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။ ဦးသန်းထွန်းသည် သေဆုံးချိန်၌ အသက် ၆၇ နှစ်ရှိပြီဖြစ်သည်။ ၎င်းသည် လူမှုကူညီရေးလုပ်ငန်းများလည်းလုပ်ကိုင်သလို ရခိုင်တိုင်းရင်းသားအရေး ဆောင်ရွက်သူအဖြစ် လူသိများသည်။ စစ်တပ်မှ အရပ်ဝတ်​ပြောင်း အုပ်ချုပ်​သော သမ္မတဟောင်းဦးသိန်းစိန်လက်ထက်နှင့် ​ရွေး​ကောက်ခံ အရပ်သားအစိုးရလက်ထက်များတွင် အစိုးရအား သတင်းမီဒီယာများမှတဆင့် ဝေဖန်ခဲ့ဖူးပြီး ၂၀၂၁ ခုနစ်တွင် စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် တိုင်းနှင့်ပြည်နယ်အစိုးရများဖွဲ့စည်းသည့်အခါ ဦးသန်းထွန်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် သယံဇာတဝန်ကြီးဖြစ်လာသည်။ စစ်ကောင်စီနှင့် ယင်းကဲ့သို့ပူးပေါင်းသွားသောကြောင့် … Read more

ရခိုင်နှင့် စစ်ကိုင်းတွင် စစ်မှုထမ်းစာရင်းလိုက်လံကောက်ခံသည့် ထွေအုပ်စာရေးနှင့် ရာအိမ်မှူး အသတ်ခံရ

ရခိုင်နှင့် စစ်ကိုင်းတွင် စစ်မှုထမ်းစာရင်းလိုက်လံကောက်ခံသည့် ထွေအုပ်စာရေးနှင့် ရာအိမ်မှူး အသတ်ခံရ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ​၏ စစ်မှုထမ်းစာရင်း လိုက်လံကောက်ခံသည့် ထွေအုပ်ဌာနစာရေးမနှင့် ရာအိမ်မှူး အသတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဒါဝကျေးရွာရာအိမ်မှူး ဝင်းရွှေအား လူတစ်စုက မတ်လ ၂၁ရက် တွင် ရှင်းလင်းလိုက်ခြင်းဟု ဒေသခံများကပြောသည်။ ” သူ့ရွာနားတင် ဓါးနဲ့ခုတ်သွားတာ။ စစ်မှုထမ်းကိစ္စတွေ လိုက်မလုပ်ဖို့လည်း သူ့ကို သတိပေးထားတယ်လို့ကြားတယ်။ ဒါပေမယ့်သူက ရပ်ကွက်အုပ်ချုပ်ရေးမှုနဲ့အတူ လူစာရင်းလိုက်ကောက်နေသေးတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။ ဝင်းရွှေသည် အသက်(၅၂)နှစ်အရွယ်ရှိပြီး ၎င်း၏နာရေးအား ယနေ့(မတ်လ ၂၃ရက်) ပြုလုပ်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီသည် သံတွဲမြို့တွင် စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရေး ဖိအား‌ပေးလုပ်ဆောင်နေပြီး ရပ်ကွက်အလိုက် လူငယ်များအား မဲနှိုက်ရွေးချယ်နေကြောင်းလည်း သတင်းရရှိသည်။ ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အထိနာနေသည့်စစ်ကောင်စီသည် … Read more

မော်လမြိုင်လေဆိပ် အတီးခံလို့ လေယာဉ်ပြေးလမ်းပျက်စီး

မော်လမြိုင်လေဆိပ် အတီးခံလို့ လေယာဉ်ပြေးလမ်းပျက်စီး ယနေ့ မတ် ၂၄ ၁၂ နာရီခန့်က မော်လမြိုင်မြို့ တောင်းဝိုင်းရပ်ကွက်ရှိ ပြည်သူများကို လေကြောင်းကနေ ဒုက္ခပေးနေတဲ့ မော်လမြိုင်လေဆိပ်အား တော်လှန်ရေးအဖွဲ့တွေက တီးထုတ်ခဲ့လို့ လေယာဉ်ပြေးလမ်ပျက်စီးသွားကြောင်း လေဆိပ်ပတ်ဝန်းကျင် နေထိုင်သူတစ်ဦးထံက သိရပါတယ်။ ဝမ်းသာလက်တာ

မုံရွာ -အရာတော် လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို ပစ်ခတ်မှု စစ်သား ၃ ဦး သေဆုံး

မြင်းခြံမြို့နယ်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံရွာ – အရာတော်လမ်းမပေါ် ပင်လုံဆီဆိုင်အနီးတွင် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ မတ်လ ၂၂ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မုံရွာ – အရာတော်လမ်းပိုင်းရှိ ကျွန်းဖိုပင် ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများနှင့် ကမ်းဖြူကျေးရွာတွင် တပ်စွဲထားသော စစ်သားများ လိုက်ပါလာသည့် ၆ ဘီးကား ၁ စီးနှင့် လိုက်ထရပ်ကား ၁ စီးကို ပင်လုံ … Read more

ဒီနေ့ကတော့ အုပ်ကြီးတွေ “ကျည်ခ” တဲ့နေ့

မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်တွင် စစ်မှုထမ်းစာရင်း လိုက်ကောက်နေသည့် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးကို ပစ်ခတ်ခံရသော်လည်း မသေတဲ့ မတ်လ ၂၃ ရက်နေ့ ည ၈ နာရီအချိန် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက် သန္တာ ၁၄ လမ်းတွင် နေထိုင်သည့် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးကိုသေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ကြောင်း၊ အောင်ဆန်းဦးသည် လူငယ်များကို စစ်မှုထမ်းရန် အတွက် အတင်းအဓမ္မစာရင်းသွင်း လိုက်လံကောက်ခံနေသူဖြစ်ကြောင်း ၊ အောင်ဆန်းဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရသော်လည်း ထိမှန်ခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရပါသည်။ မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်တွင် စစ်မှုထမ်းစာရင်း လိုက်ကောက်နေသည့် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးကို ပစ်ခတ်ခံရသော်လည်း မသေဘဲ လွတ်မြောက်သွား ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်တွင် စစ်မှုထမ်းစာရင်း လိုက်ကောက်နေသည့် ရပ်ကွက်ရုံးစာရေး … Read more

NUG အစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်

NUG အစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးသင်တန်းဆင်းပွဲ ပြုလုပ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပြီး သင်တန်းဆင်းသွားပြီဖြစ်သည်။ အဆိုပါသင်တန်းကို NUG၊ MOHAI ကွပ်ကဲမှုအောက်ရှိ SSTF (ပြည်သူ့ ရဲတပ်ဖွဲ့မှရဲဘော်များ)၊ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ရဲဘော်များ တက်ရောက်ခဲ့ကြကာ မရိမ်းမှ နည်းပြများ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးစစ် ဆင်ရေးတပ်ဖွဲ့ (SOF တပ်ဖွဲ့) မှ နည်းပြများနှင့် SSTF တပ်ဖွဲ့မှ နည်းပြအကူများက ၃ လကြာ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း၊ သင်တန်းဆင်းပွဲသို့ လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်၊ ဒုရဲချုပ်နှင့် SSTF ဒုဌာနကြီးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့နယ်ရှိ တာဝါတိုင်စခန်းကုန်းအား PDFပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်စွဲထားသည့် မိုက်ကလိုဝေ့ တာဝါတိုင်စခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ၊ ဘန်ဂလောကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီ၏ မိုက်ကလိုဝေ့တာဝါတိုင်တောင်ကုန်းစခန်းအား မတ်လ ၂၂ရက် နံနက်၁၁နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။ “အဲဒီစခန်းမှာက စစ်ကောင်စီဘက်က ၃၀ လောက်ရှိတယ်။ တိုက်ပွဲမှာ အရေးနိမ့်တော့ ထွက်ပြေးကြတယ်။ တစ်ယောက်သေပြီး ဒဏ်ရာရအတော်များတယ်”ဟု အဆိုပါကာကွယ်ရေးရဲဘော်က ပြောသည်။ တိုက်ပွဲမှာ ၄ နာရီကျော်ကြာအပြန်လှန်ရင်ဆိုင်ပစ်ခတ်ခဲ့ရပြီး ည‌နေ ၃ နာရီခွဲတွင် တာဝါတိုင်တောင်ကုန်းစခန်းအား အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ “ဒီကောင်တွေပြေးတာကတော့ သူတို့တပ်ရင်းတွေဆီပဲ ပြေးမှာပါ။ ၅၆၀၊ ၅၅၉ အဲဒီတပ်ရင်းတွေဆီကို တောလမ်းကနေ ပတ်ပြေးဖို့များပါတယ်”ဟု ဘုတ်ပြင်း-ပကဖ(Flying Starr Force)မှ တာဝန်ရှိသူက ပြောသည်။ ပြည်ကြီးမဏ္ဍိုင်မြို့ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းတောင်ပေါ်တွင် … Read more