အရှေ့ဒဂုံ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ကို ကြံ့ခိုင်ရေးပါတီဝင်များက စစ်မှုမထမ်းနိုင်ဘူးဟု ​​ပြောဆိုကာ ခြိမ်းခြောက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း(အရှေ့ဒဂုံ) မြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီဝင်များ၏ နေအိမ်များတွင် စစ်မှုထမ်းရန် စာရင်းကောက်ယူနေသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ကြံ့ခိုင်ရေးပါတီဝင်များက ခြိမ်းခြောက် ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း မြို့ခံများထံက သိရသည်။ အရှေ့ ဒဂုံ (၁) ရပ်ကွက်၊ (၂) ရပ်ကွက်၊ (၃) ရပ်ကွက်၊ (၄) ရပ်ကွက်တို့တွင်နေထိုင်သည့် ကြံ့ခိုင်ရေးပါတီဝင်များက ၎င်းတို့ရပ်ကွက်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို စစ်မှုထမ်းရမည်ဆိုပါက စစ်မှုမထမ်းနိုင်ဟု ပြောဆိုကာ ပြန်လည် ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။ “ကြံ့ခိုင်ရေးပါတီဝင်တွေက စစ်မှုမထမ်းချင်ကြဘူး။ သူတို့မိသားစုထဲမှာ အစကတည်းက စစ်မှုထမ်းနေတဲ့အရာရှိတွေ နဲ့ အခြားရဲတို့ စစ်သားတို့ရှိတယ်ပေါ့။ ဒါကြောင့် အခုစစ်မှုထမ်းဖို့ စာရင်းကောက်တာ သူတို့နဲ့မဆိုင်ဘူးပေါ့။ တွေ့မယ် စစ်မှုထမ်းခိုင်းရဲ ထမ်းခိုင်ကြည့် လို့ပြောနေကြတာ” ဟု အရှေ့ဒဂုံ (၁) ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။ အဆိုပါ ကြံ့ခိုင်ရေးပါတီဝင်များ၏ မိသားစုများထဲတွင် … Read more

သွားကျိုးအောင် ထိုးခံရသည့် ဗိုလ်ချုပ် ထင်လတ်ဦးမှာ တပ်တွင်းဖရဲသီးဖြစ်နေ

စစ်ရေးကိစ္စ စကားများရာမှ သွားကျိုးအောင် ထိုးခံရသည့် ဗိုလ်ချုပ် ထင်လတ်ဦးမှာ တပ်တွင်းဖရဲသီးဖြစ်နေ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဇနီးနှင့် အလွန်ရင်းနှီးသူလည်းဖြစ် ရခိုင်ပြည်၊ မြောက်ပိုင်းမြို့များကို ရက္ခိုင့်တပ်တော်(AA)ထံ လက်လွှတ်ဆုံးရှုံးထားရပြီး စစ်မျက်နှာ အများအပြားတွင် စစ်ရှုံးနေသည့် အကြောင်းနှင့်ပတ်သက်၍ အထက်အရာရှိနှင့် စကားများရာမှ ထိုးကြိတ်ကြသည့်ဖြစ်စဉ်အတွင်း ဗိုလ်ချုပ် ထင်လတ်ဦးမှာ တပ်တွင်းဖရဲသီးတစ်ဦးဖြစ်နေကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် လွန်စွာရင်းနှီးသူတစ်ဦးဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။ စစ်တွေမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က နပဖတိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဒကစ အကြီးအကဲ ဗိုလ်မှူးချုပ် ဆန်းထေးမောင်တို့ဆုံတွေ့စဉ် စစ်ရှုံးနေရသည့် အကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရာမှ အစပြုကာ ရန်မက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် စစ်တွေမြို့ … Read more

ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ (၅)တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ဟု သတင်းထုတ်ပြန်သည်။ ယနေ့ (မတ်လ ၁၉ရက်) နံနက်ပိုင်းတွင် ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ရင်းများအား ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှတစ်ဦး သေဆုံး၊ ၅ဦး ဒဏ်ရာရရှိကြောင်း ကနဦး သတင်းရသည်ဟု ဖော်ပြသည်။ စစ်ကောင်စီတပ်ဘက်ကလည်း တိုက်လေယာဉ် များဖြင့် ဖာပွန်ခရိုင်အတွင်း တစ်နေကုန် ဝဲပျံ ကင်းထောက်နေသည်ဟု ဆိုသည်။ ယမန်နေ့ကလည်း ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဘောသေထာအုပ်စုအတွင်းရှိ ပတ်လားကျေးရွာအတွင်းသို့ ၁၂၀ မမ အမြောက်နှစ်လုံးပစ်ခတ်ခဲ့ရာ ပြည်သူပိုင်ကျွဲတစ်ကောင်သေဆုံးသွားပြီး နှစ်ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ ယမန်နေ့ ညပိုင်းကလည်း မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စုအတွင်းရှိ လေးကွယ်လိုရွာအတွင်းသို့ ၁၂၀မမ နှစ်လုံး၊ တာခူဒဲကျေးရွာအတွင်းသို့တစ်လုံးပစ်ခတ်ခဲ့ကြောင်း၊ … Read more

တောထဲ မလာပါနဲ့

(၁)အိမ်မှာလို အေးအေးလူလူ နေချင်ရင် တောထဲမလာပါနဲ့။ (၂)လနကိုင် ဓာတ်ပုံရိုက်ချင်ရုံနဲ့ တောထဲမလာပါနဲ့။ (၃)ချစ်တဲ့သူတွေနဲ့ဝေးမှာ ကြောက်ရင် တောထဲမလာပါနဲ့။ (၄)တလရ ကိုအချိန်အကန့်အသတ်နဲ့ပဲလုပ်မယ် ဆိုရင် တောထဲမလာပါနဲ့။ (မင်းတို့ပဲ အနာဂတ်ရှိတာ မဟုတ်ဘူး) (၅)ေ သမှာကြောက်ရင် တောထဲမလာပါနဲ့။ (၆)မဲဆောက်သွားချင်ရင် နံနံခြားပြေးချင်ရင်တိုက်ရိုက်သွားပါ၊ တောထဲမလာပါနဲ့။ (ရိက္ခာကုန်လို့ပါ) (၇)အရက်သောက်ချင်ရုံ၊ ဝိသောက်ချင်ရုံနဲ့ တောထဲမလာပါနဲ့။ (မြို့ထဲမှာလဲ အစုံရပါတယ်၊ နေရာမသိရင် ကလပ်တွေသွားပါ စုံပါတယ်၊ တောထဲတော့မလာနဲ့) (၈)မိန်းမ/ယောင်္ကျား ယူဖို့နဲ့ တောထဲမလာနဲ့။ (၉)သေနတ်ပ-စ်တာကလွဲလို့ ကျန်တဲ့ဝေယျာဝစ္စတွေမလုပ်ချင်ရင် တောထဲမလာပါနဲ့။ (ကိုယ့်အိမ်မှာပဲ COD, PUBGထိုင်ဆော့ပါ) (၁၀) တလရအပေါ်စိတ်ဓာတ်ခံယူချက်မရှိပဲ တောထဲမလာပါနဲ့ ဒီအချက်တွေနဲ့ ငြိနေရင် တောထဲ လုံးဝမလာပါနဲ့။ အသက်တွေ ဘဝတွေ ပေးဆပ်သွားတဲ့ရဲဘော်တွေကိုအားနာပါ။ တကယ်တော်လှန်စိတ်နဲ့ ခံယူချက်အပြည့်ရှိရင်လာခဲ့ပါ အမြဲကြိုဆိုပါတယ်။ … Read more

တိုင်းမှူးတွေကို ဒဲ့ချိန်းကုန်ပြီ… ပွဲကလှတော့မယ်

နပခ တိုင်းမှူး ပြုတ်သွားကြောင်းပါ ခင်ဗျာ…… တိုင်းမှူးတွေနေရာ ဒဲ့ချိန်းကုန်ပြီ …အကုန်ပေါ်တော့မယ် 😁😁😁😁 📌 ကမ်းရိုးတန်း တိုင်းမှူး နေပြည်တော်ရောက် 📌 ရတခ (ကရင်) တိုင်းမှူး ကမ်းရိုးတန်း ပို့ ခံရ 📌 ဥစတ ကျောင်းအုပ်ကြီး ကနေ ရတခ (ကရင်) တိုင်းမှူးဖြစ် 📌 တပ်မ ၇၇ တပ်မမှူး က နပခ (အမ်း )တိုင်းမှူးဖြစ် 📌 နပခတိုင်းမှူး ထင်လတ်ဦး အရန်အင်အားသို့ ရောက်သွားကြောင်းပါ ခင်ဗျာ။ ၂၀၂၄ မတ်၁၉ ၁၀၄၅ ဇင်ယော်

ကလိန်ကကျစ်ကျသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲ

သန်လျင်၊ ကုလားဝဲကျေးရွာတွင် တစ်အိမ်တည်းမှ လူငယ် ၃ ဦး စစ်မှုထမ်းရန် မဲပေါက်သဖြင့် ကလိန်ကကျစ်ကျသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲ ဒေါပုံ သင်္ဘောကျင်းရပ်ကွက်တွင်လည်း စစ်မှုထမ်းရေး မဲနှိုက်ပွဲလုပ်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်၊ လှည်းကူးမြို့နယ် အလံတပိုကျေးရွာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ သား၊တူများ စစ်မှုထမ်းစာရင်းမှ ထုတ်ထား ရန်ကုန်တိုင်းသန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာတွင် တစ်အိမ်တည်းမှ လူငယ် ၃ ဦး စစ်မှုထမ်းရန် မဲပေါက်သ ဖြင့် ကလိန်ကကျစ်ကျသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲပြီး လူငယ်များနှင့် မိသားစုများထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသည်။ မတ်လ ၁၈ ရက်နေ့ ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်၊ကုလားဝဲကျေးရွာတွင် စစ်မှုထမ်းရမည့် လူငယ်များကို မဲနှိုက်ရွေးချယ်ကြောင်း၊ ထိုသို့ ရွေးချယ်ရာတွင် တစ်ရွာလုံးတွင် လူငယ် ၃ ဦးသာ ရွေးချယ်ရာတွင် အိမ်တစ်အိမ်တည်းမှ သား နှင့် သမက် … Read more

စစ်တိုက်စရာ မလိုဘဲ ကျန်ရစ်မည့် မိသားစုကို လျော်ကြေး(သို့မဟုတ်) နစ်နာကြေး ၃၆ သိန်းပေး မည်ဟုဆို

စစ်မှုထမ်းမည့် လူငယ်များ စစ်တိုက်စရာ မလိုဘဲ ကျန်ရစ်မည့် မိသားစုကို လျော်ကြေး(သို့မဟုတ်) နစ်နာကြေး ၃၆ သိန်းပေး မည်ဟုဆို ဧရာ၀တီတိုင်းတွင် စစ်တပ်က လူငယ်များ စစ်မှုထမ်းကြရန် ရပ်ကွက်/ကျေးရွာအုပ် ချုပ် ရေးမှူးများမှ တဆင့် ဟောပြော စည်းရုံး ဧရာ၀တီတိုင်းအတွင်းတွင် စစ်တပ်က လူငယ်များ စစ်မှုထမ်းကြရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဟောပြော စည်းရုံးခိုင်းပြီး စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်များ၏ မိသားစုကို လူငယ်တစ်ဦးအတွက် လျော်ကြေး(သို့မဟုတ်) နစ်နာကြေး ၃၆ သိန်းပေး မည်ဟု ပြောဆို စည်းရုံးနေကြောင်း သိရှိရသည်။ ဧရာ၀တီတိုင်း၊ လပွတ္တာမြို့နယ်၊ ကျူတောကျေးရွာအုပ်စု၊ ချောင်းကွဲကြီးကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်တပ်က ခိုင်းစေသည့်အတိုင်း ပြည်သူများကို စစ်မှုထမ်းကြရန် ယခုရက်ပိုင်းအတွင်း စည်းရုံးဟောပြောခဲ့ကြောင်း၊ စစ်သင်တန်း ၂ လတက်ပြီးသည့်နောက် … Read more

ခရီးသွားလာခွင့် ပိတ်ပင်ရန် စစ်ကောင်စီ စတင်ပြင်ဆင်

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ်ဖော်ဖို့လုပ်ဆောင်နေရာမှာ လူစာရင်းတွေကောက်ယူနေသလို စစ်မှုထမ်းအကျုံးဝင်သူတွေ ထွက်ပြေးတိမ်းရှောင်လို့မရအောင် ခရီးသွားလာခွင့်ကန့်သတ်တာတွေ ပြုလုပ်လာနေတယ်လို့ အများပြည်သူခရီးသွားသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ချုပ်ကိုင်လာတယ်လို့သိရပါတယ်။ ခရီးသွားကားဂိတ်တွေကို ခရီးသွားမယ့်သူတွေကိုင်ဆောင်ရမယ့် စာတွေမှာ အလုပ်ခေါ်ရင် အလုပ်ခေါ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ခရီးသွား နေထိုင်မယ့် ထောက်ခံချက် ၊ ဖုံးနံပတ် ၊ သွားရောက်မယ့်လိပ်စာနဲ့ ထောက်ခံစာတွေ လိုအပ်တယ်လို့ ကားဂိတ်တွေက ပြောပါတယ်။ `အခု ထောက်ခံစာတွေပါမှ လက်မှတ်ရောင်းပေးဖို့၊ ထောက်ခံစာတွေမပါဘဲ လူတင်သွားရင် ကားမောင်းသမားရော ဂိတ်ရော အရေးယူခံရမယ်လို့ ပြောလာတာရှိတော့၊ ခရီးသွားတွေ အဲဒီစာတွေ မပြည့်စုံရင် လက်မှတ်မရောင်းပေးရဲတော့ဘူး၊ ကားသမားလဲ ထောက်ခံစာတွေ မပါဘဲတင်လို့ဖမ်းခံရရင် ဂိတ်တွေပါ ပါမှာဆိုပြီး မတင်ဖို့ မှာထားရတယ်`ဟု ဆက်သွယ်မေးမြန်းခဲ့တဲ့ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး တွေမှာရှိတဲ့ ကားဂိတ်တွေက … Read more

ဗဟန်းစည်ပင်ရုံးနှင့် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးဟောင်းကို မိုင်းခွဲတိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို လေလံတင်ရန် အဓိကပါဝင်နေသည့် ဗဟန်းစည်ပင်ရုံးနှင့် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးဟောင်းကို မိုင်းခွဲတိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄ ရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ တက္ကသိုလ်ရိပ်သာလမ်း​နေအိမ်ကို လေလံတင်ရန် အဓိက ပါဝင်လုပ်ကိုင်ပေးနေသည့် ဗဟန်းမြို့နယ် စည်ပင်ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဟောင်းကို ယနေ့နံနက်ပိုင်း မိုင်းခွဲတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၁၉ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်အချိန် ဗဟန်းမြို့နယ်စည်ပင်ရုံးနှင့် ဗဟန်းမြို့နယ်ထွေအုပ်ရုံးဟောင်းကို ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က အဝေးထိန်းမိုင်းဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ အေး ဘုရားလမ်း နှင့် … Read more

စစ်မှုထမ်းရန် မဲပေါက်သွားသော လူငယ် အဆိပ်သောက်အဆုံးစီရင်

“မဲမနှိုက်ခင်နေ့တွေကတည်းက သူကပြောတယ်။ မဲပေါက်ရင် ကြိုးဆွဲချသေမယ်တဲ့။ အဲဒီနေ့က သူလည်း ကံမကောင်းစွာနဲ့ မဲပေါက်သွားတယ်။ ညနေထိ သူ့ဘာသာသူ အေးဆေးငြိမ်နေတယ်။ ညကျတော့ ပိုးသတ်ဆေး သောက်လိုက်တယ်” သေဆုံးသူနှင့် နီးစပ်သူ ဧရာဝတီတိုင်း ဒေသခံ စစ်မှုထမ်းရန် မဲပေါက်သွားသည့် ဧရာဝတီတိုင်းမှ လူငယ်တစ်ဦး အဆိပ်သောက် အဆုံးစီရင်သွားကြောင်း သိရသည်။ စစ်မှုထမ်းဥပဒေ အသက်ဝင်လာရေးအတွက် အပူတပြင်း မဲနှိုက်ကာ လူရွေးချယ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ယခုလို အဆိပ်သောက် အဆုံးစီရင်သည့် အထိ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ “မဲမနှိုက်ခင်နေ့တွေကတည်းက သူကပြောတယ်။ မဲပေါက်ရင်ကြိုးဆွဲချသေမယ်တဲ့။ အဲဒီနေ့က သူလည်း ကံမကောင်းစွာနဲ့ မဲပေါက်သွားတယ်။ ညနေထိ သူ့ဘာသာသူ အေးဆေးငြိမ်နေတယ်။ ညကျတော့ ပိုးသတ်ဆေး သောက်လိုက်တယ်။ ညတွင်းချင်း ဆေးရုံပို့တယ်။ အဲဒီတုန်းကတော့ အသက်က မျော့မျော့လေး … Read more