ကျောက်တံခါးနယ်က ပျူစောထီးဆိုသူ အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ထဲမှာ ပျူစောထီးအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၂၊ တပ်ခွဲ ၅ က မတ် ၉ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ မင်းလှမြို့နယ်၊ မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း မိုင်တိုင်အမှတ် ၂၀ မှာ ကျောက်တံခါးမြို့နယ်၊ ဖအိုရွာက ပျူစောထီး ကိုလှဦးကို မတ် ၆ ရက် ည ၁၁ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ရဲဘော်ရိုးမမြေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ကိုလှဦး သတင်းပေးခဲ့လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က PDF ရဲဘော်တဦးဖမ်းဆီးခံရသလို လက်နက်ပစ္စည်းအချို့ … Read more

ကြမ်းသတဲ့ကြမ်းမဲ့ ဘီလူးနင်းမဲ့လမ်း

မွန်ပြည်နယ်တွင် “ကြမ်းသတဲ့ကြမ်းမဲ့ ဘီလူးနင်းမဲ့လမ်း” စစ်ဆင်ရေး ရက်အကန့် အသတ် မရှိ လုပ်ဆောင်တော့မည်ဖြစ်၍ ပြည်သူများ အသွား အလာ သတိပြုရန် ရေးဘီလူးအဖွဲ့ ခေါင်းဆောင် သတိပေး မွန်ပြည်နယ်အတွင်း ပြည်သူများ အသွားအလာသတိပြုကြရန်နှင့် စစ်ဆင်ရေးရက်အကန့်အသတ် မရှိ လုပ် ဆောင် မည်ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။ “ကြမ်းသတဲ့ကြမ်းမဲ့ ဘီလူးနင်းမဲ့လမ်း” အမည်ဖြင့် ရက်အကန့်အသတ်မရှိ စစ်ဆင်ရေး ဆင်နွှဲမည် ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။ ” ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း တိုက်ပွဲတွေ ဖြစ်ပွားတယ်။ ကျနော်တို့ မထုတ်ပြန်တာပဲ ရှိတယ်။ အချိန်မရွေး နေရာမရွေး ပုံစံမရွေးတိုက်ပွဲတွေ ဖြစ် လာနိုင်တာမို့ ကျနော်အနေနဲ့ ပြည်သူလူထုကို အသွားအလာလေး ဂရုပြုကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်ကပြောကြားသည်။ မွန်ပြည်နယ် တိုင်းဒေသကြီးတစ်ခုလုံးအတွက် … Read more

သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ရရှိ

သင်္ဃန်းညီနောင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်း လက်ရှိအခြေနေ ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ၃၅၅(ခြေမြန်တပ်ရင်း)၊ခမရ၃၅၆ (ခြေမြန်တပ်ရင်း)နဲ့ ခမရ၃၅၇(ခြေမြန်တပ်ရင်း) ကို KNU/KNLAနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက မတ်လ ၇ရက်နေ့မှ စတင်ပြီး စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်နေကြပါတယ်။ မတ်လ ၈ရက်နေ့က ခမရ၃၅၅(ခြေမြန်တပ်ရင်း)ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ အပြင်းအထန် ခုခံနေကြတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ခြောက်ဦးထက်မနည်း သေဆုံးပြီး ၁၆ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတဲ့ မတ်လ ၇ရက်နေ့က စတင်ကာ ဒီကနေ့ မတ်လ ၉ ရက်နေ့အထိ လေကြောင်းပစ်ခတ်မှု အကြိမ်ရေ ၄၀ကျော် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက Y12ထောက်ပို့ လေယာဉ်ဖြင့် နေ့စဉ် … Read more

ပုဏ္ဏားကျွန်း မြို့ကြီးက “လှ” နေ…ပြီ

ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်ရရှိသော ဓာတ်ပုံမှတ်တမ်းများကို ရခိုင့်တပ်တော် -AA ထုတ်ပြန် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၀ အပါအဝင် တပ်စခန်းများ အားလုံးကို သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ဌာနဆိုင်ရာ ရုံးများရှေ့တွင် တွေ့ရသော ရက္ခိုင့်တပ်တော် စစ်သည်တော်များ၏ မှတ်တမ်း ဓာတ်ပုံများကို ရခိုင့် တပ်တော် – AA က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစတင်၍ ပုဏ္ဏားကျွန်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၄ ရက်နေ့က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးနောက် ပုဏ္ဏာကျွန်းမြို့နယ်တစ်ခုလုံးကို ရခိုင့်တပ်တော်က အလုံးစုံထိန်းချုပ်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ခမရ ၅၅၀ တပ်ရင်းမှ … Read more

မွတ်စလင်များကို စစ်သင်တန်းပေးနေသည့် ဗီဒီယို ထွက်ပေါ်လာ

ရခိုင်တွင် မွတ်စလင်များကို စစ်သားအဖြစ် မစုဆောင်းဟု စစ်ကောင်စီက ငြင်းဆိုနေချိန် မွတ်စလင်များကို စစ်သင်တန်းပေးနေသည့် ဗီဒီယို ထွက်ပေါ်လာ ရခိုင်ပြည်နယ်တွင် မွတ်စလင်များကို စစ်သားအဖြစ် မစုဆောင်းဟု စစ်ကောင်စီက ငြင်းဆိုနေချိန် မွတ်စလင်များကို စစ်သင်တန်းပေးနေသည့် ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လာသည်။ ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်တွင် မွတ်စလင်များကို စစ်မှုထမ်းရန် အာဏာသိမ်းစစ်ကောင်စီက အတင်းအဓ္ဓမခေါ်ယူနေသည်ဟု သတင်းမီဒီယာများမှ ဖော်ထုတ်ခဲ့သော်လည်း စစ်ကောင်စီကမဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ သို့ရာတွင် ယနေ့တွင် စစ်တွေမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဒေသကွက်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ခြံဝန်းရှိ အဆောက်အဦးတစ်ခု၌ အတင်းအဓ္ဓမခေါ်ယူထားသော မွတ်စလင်အမျိုးသား လူငယ်များအား စစ်ကောင်စီက စစ်သင်တန်းပေးအပ်နေသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဗီဒီယိုဖိုင်တွင် မွတ်စလင်များအား စစ်သင်တန်းပေးနေသော နေရာသို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ကိုယ်တိုင် … Read more

ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်သား ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိ

ဟားခါးမြို့ရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးတိုးတက်ရေးဦးစီးဌာနရုံး လုံခြုံရေးယူထားသော ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်သား ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးတိုးတက်ရေးဦးစီး ဌာနရုံး လုံခြုံရေးယူထားသော ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်သား ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိကြောင်း CDF-ဟားခါးက သတင်းထုတ်ပြန်သည်။ မတ်လ ၆ ရက်နေ့ ညပိုင်း ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးတိုးတက်ရေးဦးစီး ဌာနရုံးကို လုံခြုံ ရေးယူထားသော ရဲအုပ် ၁ ဦး အပါအဝင် ရဲတပ်သား ၅ ဦးကို ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ သေနတ် ၆ လက်နှင့် ခဲယမ်းများပါရရှိကြောင်း သိရှိရသည်။ … Read more

ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ တပ်စခန်း ၉ ခုထက်မနည်း သိမ်းပိုက်ရရှိသော KIA ဦးဆောင်သည့် တိုက်ပွဲများတွင် AA က ပါဝင်တိုက်ခိုက်နေ၊ ရခိုင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်

ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ တပ်စခန်း ၉ ခုထက်မနည်း သိမ်းပိုက်ရရှိသော KIA ဦးဆောင်သည့် တိုက်ပွဲများတွင် AA က ပါဝင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော် AA က ယမန်နေ့ညပိုင်း တရားဝင်သတင်းထုတ်ပြန်သည်။ မတ်လ ၇ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ၎င်း၏ ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြိုအနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် ၉၃၆ ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိင့် ၂၅၉ လေယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းအချို့တို့ကိုလည်း တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း၊ ရက္ခိုင့်တပ်တော်အနေဖြင့်လည်း အဆိုပါထိုးစစ်များတွင် မဟာမိတ် (KIA) နှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့်အပြင် သီးသန့်တာဝန်ယူပြီး ထိုးစစ်များကို ဆင်နွှဲလျက်ရှိကြောင်း … Read more

KIA ပူးပေါင်းတပ်၏မတ်(၇ )စစ်ဆင်ရေး စစ်ကောင်စီစခန်း ၉ ခု ထက်မနည်း သိမ်းနိုင်ပြီ

KIA ပူးပေါင်းတပ်၏မတ်(၇ )စစ်ဆင်ရေး စစ်ကောင်စီစခန်း ၉ ခု ထက်မနည်း သိမ်းနိုင်ပြီဟု စစ်ရေးသတင်းရင်းမြစ်ပြော ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် မဟာမိတ် ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်း ၁၂ နေရာထက်မနည်းကို ယနေ့ မတ်လ ၇ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ညနေပိုင်းအချိန်တွင် စခန်း ၉ခုထိ သိမ်းထားပြီးဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIA ဌာနချုပ် လိုင်ဇာအနီး၊ ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ် ၊ မြစ်ကြီးနား -ဗန်းမော်လမ်းတလျှောက်ရှိ စစ်စခန်းများကို ယနေ့မနက် ၆နာရီမှ စတင်ကာ တစ်ပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ ညနေပိုင်းအချိန်ထိ စစ်ရေး အခြေအနေကို ပြောပြခြင်းဖြစ်သည်။ “တပ်မဟာ(၃) ရင်း ၁၅နယ်မြေထဲက ဂွေကထောင်ကျေးရွာမှာ တပ်စိုက်ထားတဲ့ ရန်သူ့တပ်စခန်းတစ်ခုကို ညနေ ၄နာရီခွဲလောက်မှာ သိမ်းပိုက်ရရှိတယ်။ … Read more

စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက်တည်းဝင်တိုက်

ကချင်ပြည်နယ်၊ မိုးမောက်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက်တည်းဝင်တိုက်၊ KIA ၏ ထိုးစစ်များ စတင် ကချင်ပြည်နယ်၊ မိုးမောက်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက်တည်းဝင်တိုက်နေကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။ “ဒီမနက် ၆ နာရီမှာ ကချင်ပြည်နယ် မီုးမောက် နဲ့ ဝိုင်းမော် မြို့နယ် တွေမှာရှိတဲ့ စစ်တပ်စခန်း၊ တပ်နေရာ ၁၂ ခုကို တစ်ချိန်တည်း၊ တပြိုင်နက်တည်း KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်နေပါတယ်။ တိုက်ပွဲပြင်းထန် နေပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ KIA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက … Read more

ပုဏ္ဏားကျွန်း ခမရ (၅၅၀) တပ်ရင်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်နက်အများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးကျန်တပ် ခမရ ၅၅၀ တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ပြီး မြို့ကို သိမ်းယူနိုင်ခဲ့ကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။