ငပိကြော်ကြိုက်တဲ့ ကြောင်မျိုးမင်း ဖော်ကောင်လုပ်နေပီ

“လူကြီး သားသမီးတွေပါ ပျော်ပါးနေကြတဲ့ နေပြည်တော်က ဘားနဲ့ နိုက်ကလပ်တွေအကြောင်း ကျော်မျိုးမင်း ဖော်ကောင်လုပ်” စစ်ရှုံးကောင်စီရဲ့ ထိပ်ပိုင်းက စစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေပါ ပျော်ပါးနေကြတဲ့ နေပြည်တော်က ဘားနဲ့ နိုက်ကလပ်တွေအကြောင်း ကျော်မျိုးမင်းက ဖော်ကောင်လုပ်ထားတာပါ။ ဘယ်ကရမှန်း မသိတဲ့ ပိုက်ဆံတွေနဲ့ တစ်ညကို သိန်း ၅၀/၆၀၊ သိန်း ၁၀၀ ဖြုန်းနေနိုင်ကြတဲ့ အကြောင်းပါ ဖွင့်ချထားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သေနတ်ချင်း ယှဉ်တိုက်ရင် စောက်ဖြစ်မရှိတဲ့ စောက်ဖျင်း စစ်ရှုံးကောင်စီက လက်နက်မဲ့ ပြည်သူကိုတော့ နည်းမျိုးစုံနဲ့ နှိပ်စက် သတ်ဖြတ်နေတဲ့အပြင် အကြမ်းဖက် စစ်တပ်ထဲကိုပါ အတင်းအဓမ္မ ဆွဲသွင်းနေချိန်မှာ- သူတို့ ဘေးမဲ့ပေးထားတဲ့ စစ်ရှုံးကောင်စီက စစ်ခေါင်းဆောင် ဆိုသူတွေရဲ့ သားသမီးတွေ ဒီလိုမျိုး မူးယစ်ဆေးစွဲပြီး ဘဝပျက်နေကြတာကို သိရကြားရပြန်တော့ … Read more

တပ်သားစုဆောင်းခိုင်းတဲ့အတိုင်း ရာခိုင်နှုန်းမပြည့်ရင် ၅ နှစ်အထက်ကလေးတွေပါ ဖမ်းမယ်

SSPP ဖမ်းဆီးခံထားတဲ့ မိုင်းကိုင်မြို့နယ်က ကျေးရွာဥက္ကဌတွေကို လက်ရှိအချိန်အထိ ပြန်မလွှတ်သေး၊ တပ်သားစုဆောင်းခိုင်းတဲ့အတိုင်း ရာခိုင်နှုန်းမပြည့်ရင် ၅ နှစ်အထက်ကလေးတွေပါ ဖမ်းမယ်လို့ခြိမ်းခြောက်ထား ရှမ်းတောင် မိုင်းကိုင်မြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ဖမ်းသွားတဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျေးရွာဥက္ကဌတွေကိုတော့ ဒီနေ့ မတ်လ ၄ ရက်အထိ ပြန်မလွှတ်ပေးသေးတဲ့အပြင် သူတို့တောင်းထားလူမပြည့်ဘူးဆိုရင် ၅ နှစ်အထက်ကလေးတွေပါ ဖမ်းမယ်လို့ ကျေးရွာသတင်းရင်းမြစ်တွေက ပြောပါတယ်။ တပ်သားအသစ်ပြန်ရဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြန်လွှတ်ပေးခဲ့ပြီး တစ်အိမ်ကို တစ်ဦးနှုန်းနဲ့ သွားရမယ်ဆိုတာ တရားလွန်နေပြီလို့ ကျေးရွာတစ်ခုက အမျိုးသား တစ်ဦးက ဆိုပါတယ်။ “သူတို့အတွက် လူရှာပေးဖိုး အုပ်စုအုပ်ချုပ်ရေးမှူးတွေကို ပြန်လွှတ်လိုက်ပြီ။ ကျန်တာက ကျေးရွာ ဥက္ကဌတွေဘဲကျန်တာ။ သူတို့ ပြောတာက တစ်အိမ်ကိုတစ်ယောက်သွားရမယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ … Read more

ထားဝယ်က သမိုင်းဝင်ရှင်ဓာတ်ဝဲဘုရားဝင်းထဲကို စစ်ကောင်စီကလက်နက်ကြီးကျရောက်ပေါက်ကွဲ

ကျောင်းဆောင်ပျက်စီးပြီး အရပ်သားနှစ်ဦးဒဏ်ရာရ ဘုရားဖူးခရီးသွားဧည့်တွေ အများအပြားလာလေ့ရှိတဲ့ ထားဝယ်က ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းထဲကို စစ်ကောင်စီတပ်ကလက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျောင်းဆောင်တွေပျက်စီးပြီး ရွာခံနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ဇဟာရွာမှာရှိတဲ့စစ်ကောင်စီအမြောက်တပ်ကနေ မောင်မယ်ရှောင်ရွာမှာရှိတဲ့ ရှင်ဓာတ်ဝဲဘုရားတဝိုက်ကို လက်နက်ကြီးတွေနဲ့ ခြောက်ချက်ခန့် ပစ်ခတ်ခဲ့ရာ ရှင်ဓာတ်ဝဲဘုရားဝင်းထဲကို ကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး နောက်ထပ်တစ်လုံးကတော့ ဘုရားအနီးကသာသနာသီရိကျောင်းတိုက်ထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ကျောင်းဆောင်နှစ်ခုက ခေါင်မိုးနဲ့နံရံတွေထိခိုက်ပျက်စီးခဲ့သလို ဘုရာဝင်းထဲမှာစာရေးလုပ်ကိုင်နေတဲ့ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးနဲ့ အမျိုးသားတစ်ဦးတို့လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ “နှစ်ယောက်လုံးဒဏ်ရာပြင်းတယ်လို့ ကြားတယ်။ မိန်းကလေးက ပေါင်မှာထိတာပါ။ နောက်တစ်ယောက်ကတော့ လည်ပင်းမှာထိသွားတာ” လို့ မောင်မယ်ရှောင်ဒေသခံတစ်ဦးကပြောပါတယ်။ ဒဏ်ရာရရှိသူနှစ်ဦးကိုတော့ ထားဝယ်ဆေးရုံကိုပို့ဆောင်လိုက်ပြီလို့ ဒေသခံတွေကဆီက သိရပါတယ်။ ဇဟာရွာရှိ စစ်ကောင်စီအမြောက်တပ်ဟာ မောင်မယ်ရှောင်ရွာတဝိုက်ကို လက်နက်ကြီးတွေနဲ့ ဒီနေ့မနက်ပိုင်းကတည်းက … Read more

ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးရဲဘော်တွေ တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလေ့ကျင့်

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က တောင်ပိုင်းစစ်ဒေသ တောတွင်းတနေရာမှာ စစ်ရေးလေ့ကျင့်နေတဲ့ မှတ်တမ်းဓာတ်ပုံကို မနေ့က ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်း ပကဖ အဖွဲ့ဟာ လုံခြုံရေးတင်းကြပ်ထားတဲ့ မြို့တွင်း စစ်ရေးပစ်မှတ်တွေကို ဒီရက်ပိုင်းအတွင်း ဆက်တိုက်နီးပါးတိုက်ခိုက်နေတဲ့ ပကဖ အဖွဲ့ ၁ ဖွဲ့ဖြစ်ပြီး၊ စနစ်တကျ ပြင်ဆင် စုဖွဲ့လေ့ကျင့်နေတာလည်းဖြစ်ပါတယ်။ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေဟာ ပြည်သူနဲ့အနီးဆုံးနေရာတွေမှာ ရှိနေတယ်ဆိုတာနဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်တွေကို ထိုးနှက်တိုက် ခိုက်ဖို့ အမြဲ ပြင်ဆင် နေတယ်လို့လည်း အသိပေးထားးပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်၊ ညပိုင်းအချိန်မှာ ရန်ကုန်မြို့၊ အကြမ်းဖက်စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီရဲ့ ထီးတန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Jet A 1 လေယာဥ်ဆီတင် သင်္ဘောကို ရန်ကုန် … Read more

ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ် ဖမ်းရန် စောင့်နေသည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ်မှု ရဲ ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ် ဖမ်းရန် စောင့်နေသည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ မတ်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၂ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ ရန်ကုန်-ပြည် လမ်းပိုင်းရှိ “Shine Cafe” ဆိုင်တွင် ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးရန် စောင့်ဆိုင်းနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ခတ် … Read more

စစ်ကောင်စီနှင့် မည်သည့် ဆွေးနွေးမှုမှ မရှိဟု AA ဒုစစ်ဦးစီးချုပ် ပြောဆို

ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးအတွက် စစ်ကောင်စီနှင့် မည်သည့် ဆွေးနွေးမှုမှ မရှိဟု AA ဒုစစ်ဦးစီးချုပ် ပြောဆို ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးအတွက် စစ်ကောင်စီနှင့် မည်သည့် ဆွေးနွေးမှုမှ မရှိကြောင်း ရက္ခိုင်တပ်တော်AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောဆိုသည်။ ယနေ့ ကျင်းပသည့် AA ရက္ခိုင်တပ်တော်၏ သတင်းစာရှင်းလင်းပွဲတွင် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဟိုက်ဂင်သဘောတူညီချက် နောက်ဆက်တွဲအရ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီအကြား ဆွေးနွေးမှုများ ရှိနေကြောင်း၊ သို့ရာတွင် အဆိုပါ ဆွေးနွေးမှုများသည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်သာဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် မပတ်သက်ကြောင်း၊ ဟိုက်ဂင်သဘောတူညီချက်များသည် ပြင်ပသို့ ထုတ်မပြောရန် သဘောတူညီထားကြောင်း၊ သို့ရာတွင် သဘောတူညီချက်များသည် Open Secret ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်၏ အပစ်အခတ်ရပ်စဲရေး မည်သည့်ဆွေးနွေးမှုမှ … Read more

စစ်မှုထမ်းဟောင်း ၂၀၀၀ ဝန်းကျင်ကို စစ်သင်တန်း ၂ ပတ်ပေးပြီး ရှေ့တန်းစစ်မျက်နှာပြင်များသို့ စတင် စေလွှတ်

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဟောင်း ၂၀၀၀ ဝန်းကျင်ကို စစ်သင်တန်း ၂ ပတ် ပေးပြီး ရှေ့တန်းစစ် မျက်နှာပြင်များသို့ စတင်စေလွှတ်နေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်။ ပြည်နယ်နှင့်တိုင်းအသီးသီးမှ စစ်မှုထမ်းဟောင်း ၂၀၀၀ ဝန်းကျင်ကို နေပြည်တော်သို့ ခေါ်ယူထားပြီး တောင်တွင်းကြီးမြို့တွင် စစ်သင်တန်း ၂ ပတ်ပေးကာ ရှေ့တန်း စေလွှတ်နေပြီဖြစ်ကြောင်း၊ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးမှ စစ်သည်မှစ၍ အရာရှိအဆင့် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူထားကြောင်း၊ ခေါ်ယူထားသော စစ်အင်အားမှာ ၂၀၀၀ နီးပါးရှိပြီး ယင်းစစ်မှုထမ်းဟောင်းများကို တောင်တွင်းကြီးမြို့ရှိ တပ်များတွင် စစ်သင်တန်းများ ၂ ပတ်ကြာ သင်တန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “စစ်တပ်ကစစ်မှုထမ်းဟောင်းတွေသင်တန်း၂ပတ်ပေးပြီးရှေ့တန်းပို့လိုက်ပါပြီ။ အရန်အဖွဲ့၀င် ဥပဒေသုံးပြီး ငယ်တဲ့သူက စခေါ်တယ်ဆိုပြီး အိုနာကျိုးကန်းနဲ့ဗိုက်ခွဲထားတဲ့လူတွေပါ ဆေးအောင်ပြပြီးခေါ်သွားတာပါ။ စာချုပ်နဲ့ထွက်မရဘူးထွက်ပြေးလည်း မလွတ်ဘူးပြောပြီးပို့လိုက်တာပါ။ ခေါ်တုန်းကတော့ကိုယ့်ရပ်ရွာပဲတာ၀န်ချမယ်ဆိုပြီးမျက်စိမှုန်နားထိုင်းဗိုက်ခွဲဘာညာတွေပါပို့တာပါ။ သတင်းတွေကို အသံမထွက်အောင်လုပ်ပြီးပို့တာပါ။ … Read more

ခမရ-၅၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းမှ စတင်ဆုတ်ခွာနေ

ပုဏ္ဏားကျွန်းမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသည့် ခမရ-၅၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းမှ စတင်ဆုတ်ခွာနေ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တစ်ခုတည်းသာကျန်ရှိတော့သည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ- ၅၅၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ မတ်လ ၁ရက် နေ့တွင် စတင်၍ စခန်းမှ ဆုတ်ခွာနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက် နေ့ကတည်းက ရက္ခိုင့်တပ်တော် (AA) ၏ ဝင်ရောက်တိုက်ခိုက်ခြင်းခံနေရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ကောင်စီ၏ ခမရ-၅၅၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ စခန်းမှ ဆုတ်ခွာနေကြကြောင်း သိရသည်။ ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ခမရ ၅၅၀ကို … Read more

💕တို့ကြည့်ချင်နေတဲ့ အပုံလိုက် အတုံအရုန်းလေး

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၁၂ လက်နှင့် ခဲယမ်းသိမ်းဆည်းရရှိ တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနှင့်ပျူစောထီး ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တနင်္သာရီ SOF မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ မတ်လ ၂ ရက်နေ့တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦးနှင့် ပျူစောထီးအဖွဲ့နေထိုင်သောစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက် ၁၂ လက် သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။ “စစ်သား အလောင်း ၁၂ လောင်း ရရှိပါတယ်။ လက်နက် ၁၂ … Read more

စစ်ကောင်စီ ယာဉ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

မုံရွာမြို့မှ ထွက်ခွာလာတဲ့ စစ်ကောင်စီကားတွေကို မုံရွာ- ချောင်းဦးလမ်းပိုင်း တစ်နေရာမှာ ပဒေသာမိုင်း ၆လုံး နဲ့ ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း Golden Target Force(G.T.F) အဖွဲ့က ထုတ်ပြန်ပါတယ်။ မတ်လ ၂ ရက် မနက် ၈နာရီခွဲ အချိန်မှာ စစ်ကိုင်းတပ်မ (၃၃) မှ ထွက်လာတဲ့ စစ်ကောင်စီကား ၃စီးမှာ Jammer တွေ ပါဝင်တဲ့ကြားကပင် ပဒေသာမိုင်း (6)လုံး|M-18 (5)လုံးဖြင့် ဖောက်ခွဲနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကြောင့် (၃)စီးမြောက်မှာ လမ်း​ဘေးထိုးရပ်သွားပြီး အထိအခိုက် အများအပြား ရှိနိုင်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ခန့်မှန်းပါတယ်။ တိုက်ခိုက်မှုအပြီး စစ်အုပ်စုဘက်မှ အိမ်စီကားဖြင့် လာရောက်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်မှုတွေ … Read more