တောပုရွာက စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၁ နာရီကနေ နေ့လယ် ၁၂ နာရီ ခွဲအထိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MSPDF/MSDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကြောင့် ရွာထဲမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဒရုန်း တစီးပျက်ဆီးသွားတယ်လို့ MSPDF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ မြတ်ကြီးက ပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်း ၃ စီး နဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်နေစဉ်အတွင်း စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ Drone နဲ့ ပစ်ခတ်လိုက်လို့သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖေဖော်ဝါရီ ၂၈ … Read more