စစ်ကောင်စီက ပြည်သူ့စစ်ဗျူူဟာနှင့် စစ်ဗျူဟာအသစ်များကို တိုးချဲ့ ထပ်မံ ဖွဲ့စည်းနေ
အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်(ခေါ်) ပျူစောထီးများကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ဖွဲ့စည်းပြီးနောက် ပြည်သူ့စစ်ဗျူဟာအသစ်များ ဖွဲ့စည်းလာသည့်အပြင် စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များပါဝင်သော စစ်ဗျူဟာအသစ်များကိုလည်း ထပ်မံ တိုးချဲ့ဖွဲ့စည်းနေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ပြည်သူ့စစ်(ခေါ်) ပျူစောထီးများ ပါဝင်သည့် ပြည်သူ့စစ်ဗျူဟာ အဖွဲ့ကို တဖြည်းဖြည်းချင်း ဖွဲ့စည်းလျက်ရှိပြီး ယင်းပြည်သူ့စစ်(ခေါ်) ပျူစောထီးစစ်ဗျူဟာများတွင် ဗျူဟာ ခေါင်းဆောင် များအဖြစ် ထောင်ထွက် စစ်မှုထမ်းဟောင်း အရာရှိများ၊ စစ်မှုထမ်းဟောင်းမှ ပြန်လည်ခေါ်ယူထားသော အရာရှိများကို ခန့်အပ်လျက်ရှိကြောင်း သိရှိရသည်။ “ပြည်သူ့စစ်ဗျူဟာတွေမှာ ဦးဆောင်နေတာက စစ်မှုထမ်းဟောင်းတွေကို ရာထူး လက်ရှိ ပြန်တပ်ပေးပြီး ဦး ဆောင် ခိုင်းတာ။ ပြီးတော့မှ ပြည်သူ့စစ်တွေထဲက ကျွမ်းကျင်မှုနဲ့ အရည်အချင်းအလိုက် ခေါင်းဆောင်ငယ်တာ ဝန် တွေပြန်ခွဲတာရှိတယ်။ … Read more