အာရှလမ်းခရီးစဉ် 🚔

အာရှလမ်းခရီးစဉ် 🚔 ကော့ကရိတ် – သင်္ကန်းညီနောင် – မြဝတီ (အာရှလမ်းပိုင်း) စစ်ကြောင်းခရီးစဥ်လေးတင်ပေးလိုက်ပါတယ်။ #SOF

ဖားကန့် တာမခန်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးကျော်ဖမ်းမိ

ဖားကန့် တာမခန်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးကျော်ဖမ်းမိ၊ လက်နက် ၁၆လက်ရဟု စစ်ရေးသတင်းရင်းမြစ်ပြော ရဲစခန်းကိုသိမ်းပြီး​သော်လည်းစစ်တပ်စခန်းကို တိုက်​နေဆဲဟု စီခမ်းကြီးတပ်စခန်း ပြန်ရရေး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KIA/KPDF ကြားဖြတ်တိုက်ခိုက် ဒေါ့ဖုန်းယန် ခလရ(၁၄၂) တပ်တွင် ရဲနှင့် စစ်သား ရန်ဖြစ်ပြီး ရဲက ပစ်၍ စစ်သားတစ်ဦးသေဟုဆို ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်ဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က စခန်းသိမ်းတိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ် ရဲစခန်းကို သိမ်းပိုက်ထားပြီး အရှင်ဖမ်းမိသူများ ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါ တာမခန် စစ်ကောင်စီစခန်းနှင့် ရဲစခန်းကို ဖေဖော်ဝါရီ ၂၆ရက် ညနေပိုင်း၌ ထိုးစစ်ဆင်ခဲ့ရာ ရဲစခန်းကို သိမ်းပိုက်ရရှိထားပြီး တပ်စခန်းကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။ “ လက်နက် ၁၆လက်ရထားတယ်။ … Read more

ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်နေ

ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်နေ၊ တာမခံရဲစခန်းသိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးဖမ်းဆီးရရှိပြီး လက်နက်များသိမ်းဆည်းရရှိ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ညပိုင်းမှ စတင်တိုက်ခိုက်နေကြောင်းဒေသပြည်သူများကပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန် ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၊ အပြန်အလှန်ပစ်ခတ်သံများဖြင့် လက်နက်သံများ ဆူညံနေခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ “ဆိုင်းတောင်ရဲစခန်းကို ဝင်တိုက်တာလို့သိရတယ်။ မနေ့ည ၁၀ နာရီ ၁၅ မိနစ်မှာ ပစ်ခတ်သံတွေကြားရတာ။ အနီးအနားက ပြည်သူတွေကတော့ လတ်တလော တိမ်းရှောင်တာမရှိသေးဘူး။ လေယာဉ်တွေ ဗုံးကျဲလာရင်တော့ ပြေးရမယ်ထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အလားတူ … Read more

ကောလင်းမြို့အနီးမှ စစ်စခန်းကို တော်လှန်ရေးအင်အားစု ထိုးစစ်ဆင်

စစ်ကောင်စီတပ် ပြန်ရသွားသော ကောလင်းမြို့၏ အရှေ့ဘက် သစ်ဖုလတောင်စခန်း တိုက်ခိုက်ခံနေရ​ပြီး တိုက်ပွဲကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းတွင် မော်တော်ယာဉ် ရာနှင့်ချီ ပိတ်မိနေသည်။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနီးရှိ သစ်ဖုလတောင်စစ်စခန်းကို တော်လှန်ရေးတပ်များက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ စတင်တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ ရွှေဘို-မြစ်ကြီးနားလမ်းဘေးမှ ထိုစခန်းသည် ဖေဖော်ဝါရီ ၁၀ တွင် တော်လှန်ရေးမဟာမိတ်တပ်များ၏လက်ထဲမှ စစ်တပ်ကပြန်သိမ်းခဲ့သည့် ကောလင်းမြို့၏ အရှေ့ဘက် ၁၃ မိုင်အကွာတွင် တည်ရှိသည်။ မဟာမိတ်များက ၃ လကြာ ထိန်းချုပ်ခဲ့သည့် ကောလင်းမှ ဆုတ်ခွာသွားရာ စစ်တပ်က လူနေရပ်ကွက်များကို မီးတင်ရှို့ရာ မြို့၏ ၈၀ရာခိုင်နှုန်းခန့်မှာ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီကမူ ကောလင်းမြို့တွင်း မီးရှို့ခြင်း၊ လုယက်ခြင်းများကို ကျူးလွန်ခြင်းမရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် … Read more

တောင်သာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တွင် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ထောက်တိုင် ကံဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း ညောင်ဦးခရိုင် ပြည်သူ့စစ်တိုက် ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က တောင်သာမြို့နယ်၊ ကြာပို့ရွာရှိ ကြက်ဝိုင်း၊ ဂျင်ဝိုင်း ပြုလုပ်နေသည့် နေရာတွင် ရွာဘဲရွာ နေ အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင် ကံဝင်းကို ညောင်ဦးခရိုင် ပြည်သူ့စစ်တိုက်ဖျက်ရေးနှင့် လောင်းကစားမှု ပပျောက်ရေး အဖွဲ့မှ ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးကြောင်း သိရသည်။ “လောင်းကစားဝိုင်းထဲမှာပဲ ရှင်းလင်းလိုက်တာ၊ နေရာတင်ပဲ သေသွားတယ်၊ သူက ပျူထက်ဆိုး တယ်၊ သူ့နာမည်ပြောလိုက်တာနဲ့ မန္တလေး တစ်တိုင်းလုံးသိတယ်၊ စကစ ရဲ့အဓိကလူ၊ … Read more

ရန်ကုန်မှ စစ်တွေသို့ သွားရောက်မည့် လေယာဉ်ခရီးစဉ်မှ ခရီးသည်များအားလုံးကို စစ်တပ်က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးသွားခဲ့ပြီး သတင်းစုံစမ်းမရ ဖြစ်နေ

ရန်ကုန်မှ စစ်တွေသို့ သွားရောက်မည့် လေယာဉ်ခရီးစဉ်မှ ခရီးသည်များအားလုံးကို စစ်တပ်က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးသွားခဲ့ပြီး သတင်းစုံစမ်းမရ ဖြစ်နေ ရန်ကုန်မှ စစ်တွေမြို့သို့ သွားရောက်မည့် ပြည်တွင်း လေယာဉ်ခရီးစဉ်မှ ခရီး သည်များအားလုံး စစ်တပ်က ဖမ်းဆီးထားပြီး ခရီးသည်များကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်တချို့ကပြောဆိုသည်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်မှ စစ်တွေမြို့သို့ ထွက်ခွာမည့် MNA မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များအားလုံးကို စစ်တပ်က ရန်ကုန်လေဆိပ်တွင်ပင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ “ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရန်ကုန်မှ စစ်တွေ MNAလေကြောင်းလိုင်းရဲ့ မနက် ၉ နာရီ ၃၅ … Read more

သတင်း ထုတ်ပြန်ချက်

သတင်း ထုတ်ပြန်ချက် ၂၆ရက်. ဖေဖေါ်ဝါရီ. ၂၀၂၄ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ၁ရက်. ဒီဇင်ဘာ. ၂၀၂၃ခုနှစ် မှ စတင်သော ကော့ကရိတ်မြို့သိမ်းတို၊က်ပွဲများတွင် ကျားဖြူစစ်ကြောင်းမှ နေ့၊ ည မပြတ် မြေပြင်၊ ဝေဟင် မှ တို*က်ပွဲများ ဖော်ဆောင်လျက် ရှိပါသည်။ ယခုအခါတွင် မိမိတို့စ*စ်ကြောင်းမှ ကော့ကရိတ်မြို့နေရာအတော်များများကို ထိန်းချုပ်ထားနိုင်ပီ ဖြစ်ပါသည်။ အဆိုပါ မြို့သိမ်းစ*စ်ဆင်ရေး တို*က်ပွဲများတွင် ရွပ်ရွပ်ချွံချွံ အသက်ပေးသွားသော အာဇာနည်သူရဲကောင်းများအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ albinotigercolumn ကျားဖြူစစ်ကြောင်း ကော့ကရိတ်တိုက်ပွဲ

စစ်ရေးအရှိန်မြှင့်မည်ဖြစ်၍ ကလေးမြို့ခံများရှောင်ရှားကြရန် ခရိုင်(ပကဖ) သတိပေး

အရပ်သားတစ်ဦးကို စစ်ကောင်စီ ယနေ့ ထပ်မံပစ်ခတ်သတ်ဖြတ် စစ်ရေးအရှိန်အဟုန်တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် ကလေးမြို့ဒေသခံများ အသက်အိုးအိမ်စည်းစိမ်ထိခိုက်နစ်နာမှုများ မဖြစ်စေရေး မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာရှောင်ရှားကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်လိုက်သည်။ အထက်ပါသတိပေးချက်ကို ယမန်နေ့ (ဖေဖော်ဝါရီလ ၂၆ရက်)တွင် ထုတ်ပြန်အသိပေးထားခြင်းဖြစ်သည်။ “လိုအပ်ချက်အရ သတိပေးထုတ်ပြန်တာဖြစ်ပါတယ်။ ပြည်သူတွေ အထိအခိုက်တွေ မဖြစ်စေဖို့ လိုက်နာကြဖို့ ထပ်မံတိုက်တွန်းပါတယ်” ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် တစ်ဦးက ပြောသည်။ ” မိမိတို့တော်လှန်ရေးမဟာမိတ် အင်အားစုများသည် ယနေ့မှစ၍ ကလေးမြို့ပတ်ဝန်းကျင်နှင့် ကလေးမြို့အတွင်းသို့ စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် ကလေးမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် မလိုလားအပ်သည့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာမှုများ မဖြစ်စေရန် ကလေးမြို့အတွင်းမှ ထွက်ခွာ၍ အမြန်ဆုံး ရှောင်ရှားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်”ဟု ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်၌ ဖော်ပြထားသည်။ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း … Read more

နေပြည်တော်ကို နောက်ဆုံးခံတပ်အဖြစ် စစ်ကောင်စီပြင်ဆင်

အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက ဌာနချုပ်ရှိရာ နေ ပြည်တော် ကောင်စီနယ်မြေမှာ စစ်ရေးနဲ့ဆိုင်တဲ့ စီမံချက်အသစ်တွေကို ပြင်ဆင်ရေးဆွဲခိုင်းနေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာနေပါတယ်။ နေပြည်တော်ရှိ ရေဆင်းနဲ့ပျဉ်းမနားမြို့နယ်တွေမှာ တပ်နယ်အလိုက် မဆုတ်တမ်းခံစစ်၊ တန်ပြန်တိုက်စစ်နဲ့ စီမံချက်တွေကို အသစ်ရေးဆွဲခိုင်းနေတဲ့အကြောင်း တပ်တွင်းသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ဧရာဝတီတိုင်းမ်သတင်းဌာနက ဖော်ပြခဲ့တာပါ။ အဲဒီစီမံချက်အသစ်တွေကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတည်းက စတင်ကာ ပြန်လည်အဆင့်မြှင့်ရေး ဆွဲခိုင်းပြီး ပစ်ကူ၊ စစ်ကူစီမံချက်တွေကိုပါ တပ်အချင်းချင်း ညှိနှိုင်းရေးဆွဲခိုင်းတာဖြစ်လို့ အဆင် ပြေတဲ့စီမံချက်ကို အသုံးချသွားမယ်လို့ သိရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေမှာတော့ နပတတိုင်းစစ်ဌာနချုပ်ရှိပြီး အဲဒီဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ စစ်ဗျူဟာအဖွဲ့ ၃ ဖွဲ့နဲ့ တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ ခြေလျင်၊ခြေမြန်တပ်ရင်း ၁၀ ရင်းအထိ ရှိနေတာပါ။ … Read more

ပျောက်နေတဲ့ ၃ နှစ်အရွယ်ကလေးကို ၃ ရက်အကြာ ဒဏ်ရာတွေနဲ့ရေထဲမှာ သေဆုံးလျက်ပြန်တွေ့

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အနောက်ပိုင်းမှာ ၃ ရက်ကြာပျောက်ဆုံးနေတဲ့ ၃ နှစ်အရွယ် ကလေးငယ်တဦးကို ဦးခေါင်းဒဏ်ရာနဲ့ ရေထဲမှာသေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အလောင်းကို ဖေဖော်ဝါရီလ ၂၇ ရက် ဒီမနက် ၇ နာရီခန့်မှာ ကလေးရဲ့နေအိမ်အရှေ့ဘက် ကားလမ်းမတဖက်ခြမ်း လွမ်းစေတီရဲ့ရေမြောင်းထဲမှာ ပြန်တွေ့ခဲ့တာလို့ဆိုပါတယ်။ “ကလေးအလောင်းက ရေပေါ်ပေါ်နေမှ ဒီမနက် ထပ်ရှာကြတဲ့အချိန် တွေ့ကြတာ။ ပြီးခဲ့တဲ့ ရက်တွေကတည်းက ရှာတဲ့အထဲ အဲ့နေရာလည်းပါတယ်။ ရှာနေကြတာနေရာအစုံဘဲ။ ရရှိထားတဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီးလို့တော့ ဘယ်လိုကြောင့်ရလဲဆိုတာပြောရခက်တယ်” လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ကလေးဦးခေါင်းမှာ ရရှိထားတဲ့ဒဏ်ရာကိုကြည့်ကာ ကလေးဟာ လမ်းပေါ်တက်လာစဥ် ကားတွေနဲ့ တိုက်မိပြီး ဒဏ်ရာရချိန် ကားသမားတွေက ရေမြောင်းထဲစွန့်ပစ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြီး အချို့ကလည်း ကလေးကို … Read more