ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအလင်းဝင်ရခြင်းနှင့်ပတ်သက်၍ ပြောကြားချက်(ရုပ်/သံ)
ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၃ ဦး AA ထံတွင် အလင်းဝင်၊ စစ်ကောင်စီက စစ်ကူမပေးသည့်အပြင် ရိက္ခာ မလုံလောက်မှု၊ သတ်မှတ် ၂ နှစ်ကာလထက် ပို၍ တာဝန်ထမ်းရမှုတို့ကြောင့် AA ထံတွင် အလင်းဝင်ဟုဆို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၃ ဦး ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် AA ထံတွင် အလင်းဝင်လာကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။ ရဲအုပ်ကျော်စိုးအောင် ဦးစီးသော ပုဏ္ဏားကျွန်းမြို၊ မြိုမရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အင်အား ၂၃ ဦးသည် ရက္ခိုင့်တပ်တော် သိမ်းပိုက်နေစဉ်ကာလအတွင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် AA ထံတွင် အလင်းဝင်ရောက်လာကြောင်း၊ အလင်းဝင်ရခြင်းမှာ အင်အား မလုံလောကြောင်း စစ်ကောင်စီထံတင်ပြသော်လည်း စစ်ကူမပေးကြောင်း၊ ရိက္ခာလည်း မလုံလောက်ကြောင်း၊ … Read more