ဝှေခါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅၉ လောင်း ရရှိပြီး ၅ ဦး အရှင်ဖမ်းမိ

ဖားကန့်ရှိ စစ်ကောင်စီ၏ ဝှေခါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅၉ လောင်း ရရှိပြီး ၅ ဦး အရှင်ဖမ်းမိ ရန်ကုန်၊ ဇန်နဝါရီ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စစ်ကောင်စီ၏ ဝှေခါစခန်းကို KIA က တိုက်ခိုက် သိမ်း ပိုက်ခဲ့ရာတွင် အလောင်း ၅၉ လောင်းရရှိပြီး အရှင်ဖမ်းဆီးရရှိသူ ၅ ဦးရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီ ၆ ရက်နေ့မှစတင်၍ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါ ကျေး ရွာရှိ စစ်ကောင်စီ တပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ် များက စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်အစောပိုင်းတွင် ဝှေခါကျေးရွာရှိ စစ်တပ်စခန်းကို အပြီး … Read more

တပ်ရင်းမှူးစီးလာတဲ့ ကားကို ရေးဘီလူးအဖွဲ့မှ လိုက်လံပစ်ခတ် (ရုပ်/သံ)

ရေးမြို့နယ်ရှိ ကလော့ကြီးကျေးရွာကို လာတဲ့ ၃၁၆ အမြောက်တပ်ရဲ့ တပ်ရင်းမှူးစီးလာတဲ့ ကားကို ရေးဘီလူးအဖွဲ့မှ လိုက်လံပစ်ခတ် (ရုပ်/သံ) +++++++++++++++++ ဇန်ဝါရီ ၂၃ ရက် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကလော့ကြီးကျေးရွာသို့ လာတဲ့ စစ်ကောင်စီတပ်ရဲ့ ၃၁၆ အမြောက် တပ်ရဲ့ တပ်ရင်းမှူးစီးလာတဲ့ ကားကို ရေးဘီလူးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂၃ရက်နေ့ မနက် ၈နာရီခွဲအချိန်မှာ ကလော့ကြီးကျေးရွာသို့ တပ်ရင်းမှူး ဝင်ရောက်လာတဲ့အကြောင်း သတင်းကြိုတင်ရရှိထားတဲ့အတွက် စောင့်ကြို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒီလမ်းကြောင်းပေါ် တက်လာမယ်ဆိုတာကို အပိုင်သိထားပါတယ်၊ ရွာထဲမှာ သွားလာတဲ့အပိုင်းကို ချိန်ရတာတွေကြောင့် ထိချက်ကတော့ သိပ်မကောင်းသွားဘူးဗျ” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်ရင်းမှူးဟာ ကလော့ကြီးကျေးရွာမှာ … Read more

မုံရွာမှာ လက်ဘက်ရည်ဆိုင်ထိုင်နေတဲ့ ဒု-ရဲအုပ် ဆိုင်တွင်းဝင်ပစ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၂ ရဲစခန်းက စစ်ကောင်စီလက်အောက် ဒုရဲအုပ် ၁ ဦးကို ဇန်နဝါရီ ၂၁ ရက် မနက် ၉နာရီဝန်းကျင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၂၂ နတ်ဆိုးတပ်ရင်းအဖွဲ့ဆီက သိရပါတယ်။ မုံရွာ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးကို စက်မှု ၁ အေးရိပ်သာလမ်းဘေးရှိ လက်ဘက်ရည်ဆိုင်တဆိုင်မှာ လက်ဘက်ရည်သောက်နေချိန် ဆိုင်တွင်းအထိဝင်ရောက်ပြီး သေနတ် ၁၀ ချက်ခန့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ “ လင်မယားလို့ထင်တာပဲ လက်ဘက်ရည်လာသောက်တာ။ မိန်းမတော့ ကိုယ်ဝန်ဆောင်နဲ့လို့ကြားတယ် ။ သူ့ကိုနောက်ကနေလိုက်ပြီးတော့ သူထိုင်နေတဲ့ဆိုင်ထဲမှာ ဝင်ပြီးရင်ဘတ်တွေကို ပစ်ခတ်ခဲ့တာ။ သူ့မိန်းမကိုတော့ မပစ်ခဲ့ဘူး၊ ကိုယ်ဝန်ဆောင်ထားတာမလို့ သက်ညှာပေးလိုက်တယ်” လို့ မုံရွာခရိုင်တပ်ရင်း ၂၂ နတ်ဆိုးတပ်ရင်း တပ်ရင်းမှူးဗိုလ်နတ်ဆိုးကပြောပါတယ်။ ပစ်သတ်ခံရသူ … Read more

ဆားလင်းကြီးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်သား ၁၇ လောင်းကို PDF တွေ မြေမြှုပ်ပေးခဲ့ရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေများခဲ့တယ်လို့ Union Liberation Front (ULF V 02) က သတင်းထုတ်ပြန်ထားပါတယ်။ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ပုလဲ၊ ယင်းမာပင်နဲ့ ဆားလင်းကြီး မြို့နယ်အစပ်ရှိ လက်တောင်းငယ်ကျေးရွာ အနီးမှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ခဲ့တာပါ။ “ကျနော်တို့ဘက်ပစ်လိုက်တဲ့ အီနာဂါက သူတို့ ခဏနားနေတဲ့နေရာကို သွားကျပြီး အီနာဂါကွဲတာမှာ တော်တော်ထိပြီး အဲဒီမှာပွဲစဖြစ်တာ။ သူတို့ ဝရုန်းသုံးကားဖြစ်သွားတာ။ ကျနော်တို့က လေးဘက်လေးလံဝိုင်းပစ်တာ” လို့ ULF V 02 ပြန်ကြားရေးတာဝန်ခံ ကို‌ဂျော်ဒန်က ပြောပါတယ်။ တိုက်ခိုက်ချိန် … Read more

မုံရွာမြို့ပေါ်တွင် ကင်းလှည့်နေသည့် ရဲကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၁၀ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ကင်းလှည့်နေသည့် ရဲကား ၂ စီးကို ပစ်ခတ် တိုက် ခိုက်ခဲ့ရာ ရဲ ၁၀ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုး တပ် ရင်းမှ တပ်ရင်းမှူးကပြောကြားသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်က မုံရွာမြို့၊ စက်မှုဇုန်၊ ဗိုလ်တေဇ လမ်း၊ ကြယ်စင်မင်း ဆီဆိုင်အနီးတွင် ရဲ ၈ ဦးစီးနင်းလိုက်ပါ လာသည့် Alphard ကားတစ်စီးနှင့် ရဲ ၅ ဦးစီးနင်းလိုက်ပါ လာသည့် Parado ကား စုစုပေါင်း ကား နှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁၀ ဦးသေဆုံးပြီး … Read more

ရွှေဘိုမြို့နယ်၊ သီးလုံးရွာရှိ စစ်တပ် စခန်းများကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၄ ဦး အရှင် ဖမ်းဆီးရမိ

ရွှေဘိုမြို့နယ်၊ သီးလုံးရွာရှိ စစ်တပ် စခန်းများကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၄ ဦး အရှင် ဖမ်းဆီးရမိ ရန်ကုန်၊ ဇန်နဝါရီ ၂၃ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းများကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၁၄ ဦး အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၁၂ နာရီခန့်က စတင်ပြီး ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲသော စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၁ … Read more

MOGE ၏ ဂတ်စ်ပိုက်လိုင်းနှင့် သောင်ကြီး ရဲစခန်းအနီးရှိ စစ်တပ် စစ်ဆေးရေးဂိတ် နေရာကို ဖောက်ခွဲ တိုက် ခိုက်

လှိုင်သာယာရှိ စစ်ကောင်စီ လက်အောက်ခံ MOGE ၏ ဂတ်စ်ပိုက်လိုင်းနှင့် သောင်ကြီး ရဲစခန်းအနီးရှိ စစ်တပ် စစ်ဆေးရေးဂိတ် နေရာကို ဖောက်ခွဲ တိုက် ခိုက် ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံ နှင့် သဘာဓာတ်ငွေ့လုပ်ငန်း MOGE ဂတ်စ်ပိုက်လိုင်းကို စီးပွားရေးပစ်မှတ် အဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး သောင်ကြီးရဲစခန်းအနီး စစ်တပ်စစ်ဆေးရေး ဂိတ် နေရာကိုလည်း ၂ ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း၊ မြောက်ပိုင်း ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီ ၂၂ ရက်နေ့ ည ၇ နာရီ ၅၆ မိနစ်အချိန်တွင် လှိုင်သာယာ အရှေ့ပိုင်း မြို့နယ် … Read more

ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေးရှိ စစ်တပ်စခန်းကို TNLA နှင့် PDF ဝင်တိုက်

ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေး သံဘိုကျေးရွာရှိ စစ်တပ်ကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဝင်တိုက်ခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့် သုံးကြိမ်လာပစ်ကြောင်း စခန်းရရှိရေး ဆက်တိုက်နေဆဲဖြစ်ကြောင်း TNLA ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ရုံး တာဝန်ခံက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF – မန္တလေး) နှင့်အတူ ယမန်နေ့ (ဇန်နဝါရီ ၂) နံနက်ပိုင်းကတည်းက ဝင်ရောက်တိုက်ခိုက်နေသည်ဟု တအာင်းတပ် (TNLA) ထံမှ သိရသည်။ ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေး သံဘိုကျေးရွာရှိ စစ်တပ်ကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဝင်တိုက်ခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့် သုံးကြိမ်လာပစ်ကြောင်း စခန်းရရှိရေး ဆက်တိုက်နေဆဲဖြစ်ကြောင်း TNLA ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ရုံး … Read more

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ရာအတွင်းကို စစ်တပ်က အိမ်စီးကား ၁၀ စီးကျော်ဖြင့် ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ရာအတွင်းကို စစ်တပ်က အိမ်စီးကား ၁၀ စီးကျော်ဖြင့် ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ပြည်သူ ၇ ဦးကို ဖမ်းဆီးသွား ရန်ကုန်၊ ဇန်နဝါရီ ၂ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနအိမ်ရာအတွင်းကို အကြမ်းဖက် စစ်တပ်က အိမ်စီးကား ၁၀ စီးကျော်ဖြင့် ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ပြည်သူ ၇ ဦးကို ဖမ်း ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ယုဇန A 7 လမ်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အရပ်ဝတ်၊ အိမ်စီးကားများဖြင့် စတင် ဝင်ရောက်၍ ဆီထမင်းဆိုင်မှ အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားကြောင်း၊ ယုဇန B … Read more

နှစ်သစ်ကူးညက မန္တလေးနန်းတွင်းအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းအား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force (NMD) အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၃၁ ရက် ယမန်နေ့ ည ၉ နာရီခန့်က မန္တလေးနန်းတွင်း ကျုံးအတွင်းသို့ တာဝေးပစ် ၁၀၇ မမ တလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို No More Dictatorship People Defence Force (NMD) နှင့် Security & Special Task Force (SSTF-MDY) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ “တော်လှန် New Year အဖြစ် တာဝေးပစ် ၁၀၇ မမ … Read more